အမျိုးသမီးတွေ မိမိအိမ်ထောင်ဘက်ကိုအဓိကထားရွေးချယ်တဲ့အချက်(၃)ချက်
အမျိုးသမီးတွေအဓိကထား ရွေးချယ်လေ့ရှိတဲ့အိမ်ထောင်ဖက်ဆိုတာဘယ်လိုမျိုးလဲဆိုတဲ့လျှို့ဝှက်ချက်(၃)ချက်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ရုပ်ရည်ကအရေးကြီးသလားလို့ချစ်သူရှာချင်တဲ့အမျိုးသားတွေကမေးလေ့ရှိပါတယ်။

တစ်ခွန်းတည်းပြောရရင်တော့အရေးမကြီးပါဘူး။သိပ်လှတဲ့ကောင်မလေးတစ်ယောက်က သူ့ထက်အရပ်ပုတဲ့အမျိုးသားတစ်ယောက်နဲ့တွဲသွားတာကိုစာဖတ်သူဘယ်နှကြိမ်လောက်မြင်ဖူးသလဲ။
တွေ့လေ့တွေ့ထရှိတဲ့မြင်ကွင်းမျိုးမဟုတ်ဘူးလား။သည်လိုပြောလို့ ရုပ်ရည်ရူပကာက လုံးဝအရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ရုပ်ရည်ချောမောလို့အမျိုးသမီးတွေရဲ့စိတ်ဝင်စားမှုကို နည်းနည်းလောက် တိုးမြှင့်ပေးနိုင်တယ်။

သည်လောက်ပါပဲ။ရုပ်မချောလို့ မိန်းကလေးတွေစိတ်မဝင်စားဘူးလို့မထင်လိုက်ပါနဲ့။ရုပ်ရည်ဟာအမျိုးသမီးတွေကိုဆွဲဆောင်ဖို့အဓိကမကျရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့-
၁။အမျိုးသမီးတွေဟာ အဆင့်အတန်းတွေကို ပိုစိတ်ဝင်စားတယ်။

အဆင့်အတန်းဆိုလို့အပျံစားကားကြီးစီးနိုင်တာ၊နာမည်ကြီးတာတွေကိုဆိုလိုတာမဟုတ်ပါဘူး။အဆင့်အတန်းဆိုတာလူမှုအသိုင်းအဝိုင်းမှာအဆင့်အတန်းမြင့်မှုကိုဆိုလိုတာပါ။
လူမှုရေးအဆင့်မြင့်တဲ့အမျိုးသားတွေကိုအမျိုးသမီးတွေကအလိုလိုစိတ်ဝင်စားကြပါတယ်။လူမှုဆက်ဆံရေးအကောင်းဆုံး၊စွမ်းဆောင်ရည်အရှိဆုံးသူတွေဟာအမျိုးသမီးတွေစိတ်အဝင်စားဆုံးသူတွေပါပဲ။

၂။အမျိုးသားတွေဟာ သူတို့ဆွဲဆောင်နိုင်စွမ်းကိုမြှင့်တင်နိုင်ပါတယ်။
အမျိုးသမီးတွေက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူ၊ ကိုယ့်ကိုယ်ကိုယုံကြည်တဲ့သူ၊ဟာသဉာဏ်ရှိတဲ့သူတွေကို အဓိကစိတ်ဝင်စားပါတယ်။သည်တော့ကိုယ့်မှာရှိတဲ့အဲသည်အရည်အချင်းတွေကိုမြှင့်တင်ပြီး စိတ်ဝင်စားမှုကိုရယူနိုင်ပါတယ်။
၃။ရုပ်ရည်က မတည်မြဲဘူး။
ရုပ်ရည်ရူပကာကအမြဲပြောင်းလဲနေပါတယ်။ဆံပင်ပုံစံ၊အဝတ်အစားပြောင်းရုံနဲ့ ရုပ်ပြောင်းသွားတတ်ပါတယ်။အလှအပအကြောင်းပင်ကိုဗီဇစိတ်နဲ့ နားလည်ထားတဲ့အမျိုးသမီးတွေဟာ

အမျိုးသားတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာသူ့ရုပ်ရည်ကိုအာရုံသိပ်မပြုကြပါဘူး။အမျိုးသားရဲ့ပြောဟန်ဆိုဟန်၊သြဇာတိက္ကမနဲ့မိမိကိုယ်ကိုယုံကြည်စိတ်တွေကိုအမျိုးသမီးတစ်ယောက်တွေ့ထားပြီဆိုရင်သူ့ရုပ်ရည်ကို သူ့အရည်အချင်းတွေက ဖုံးလွှမ်းသွားမှာပါ။
သည်တော့ကိုယ့်ကိုယ်ကိုရုပ်ချောအောင်ပြင်ဆင်တာထက်ကိုယ်ရည်ကိုယ်သွေးကိုအဓိကထားမြှင့်တင်ဖို့ ကြိုးစားရမှာပါ။ကိုယ်ရည်ကိုယ်သွေးသာမြင့်မားရင်ကျန်တာတွေအလိုလိုပါလာမှာပါ။

ကျန်တာတွေဆိုတဲ့အထဲမှာအမျိုးသမီးတွေလည်းပါတာပေါ့။သူငယ်ချင်းအားလုံးအောင်မြင်တဲ့ဘဝကိုပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။
ခရစ်ဒစ်
Zawgyi
အမ်ိဳးသမီးေတြ မိမိအိမ္ေထာင္ဘက္ကိုအဓိကထားေရြးခ်ယ္တဲ့အခ်က္(၃)ခ်က္
အမ်ိဳးသမီးေတြအဓိကထား ေ႐ြးခ်ယ္ေလ့ရွိတဲ့အိမ္ေထာင္ဖက္ဆိုတာဘယ္လိုမ်ိဳးလဲဆိုတဲ့လွ်ိဳ႕ဝွက္ခ်က္(၃)ခ်က္ကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။႐ုပ္ရည္ကအေရးႀကီးသလားလို႔ခ်စ္သူရွာခ်င္တဲ့အမ်ိဳးသားေတြကေမးေလ့ရွိပါတယ္။
တစ္ခြန္းတည္းေျပာရရင္ေတာ့အေရးမႀကီးပါဘူး။သိပ္လွတဲ့ေကာင္မေလးတစ္ေယာက္က သူ႔ထက္အရပ္ပုတဲ့အမ်ိဳးသားတစ္ေယာက္နဲ႔တြဲသြားတာကိုစာဖတ္သူဘယ္ႏွႀကိမ္ေလာက္ျမင္ဖူးသလဲ။
ေတြ႕ေလ့ေတြ႕ထရွိတဲ့ျမင္ကြင္းမ်ိဳးမဟုတ္ဘူးလား။သည္လိုေျပာလို႔ ႐ုပ္ရည္႐ူပကာက လုံးဝအေရးမႀကီးဘူးလို႔ မဆိုလိုပါဘူး။႐ုပ္ရည္ေခ်ာေမာလို႔အမ်ိဳးသမီးေတြရဲ႕စိတ္ဝင္စားမႈကို နည္းနည္းေလာက္ တိုးျမႇင့္ေပးႏိုင္တယ္။

သည္ေလာက္ပါပဲ။႐ုပ္မေခ်ာလို႔ မိန္းကေလးေတြစိတ္မဝင္စားဘူးလို႔မထင္လိုက္ပါနဲ႔။႐ုပ္ရည္ဟာအမ်ိဳးသမီးေတြကိုဆြဲေဆာင္ဖို႔အဓိကမက်ရတဲ့အေၾကာင္းရင္းေတြ ရွိပါတယ္။ အဲဒါေတြကေတာ့-
၁။အမ်ိဳးသမီးေတြဟာ အဆင့္အတန္းေတြကို ပိုစိတ္ဝင္စားတယ္။
အဆင့္အတန္းဆိုလို႔အပ်ံစားကားႀကီးစီးႏိုင္တာ၊နာမည္ႀကီးတာေတြကိုဆိုလိုတာမဟုတ္ပါဘူး။အဆင့္အတန္းဆိုတာလူမႈအသိုင္းအဝိုင္းမွာအဆင့္အတန္းျမင့္မႈကိုဆိုလိုတာပါ။
လူမႈေရးအဆင့္ျမင့္တဲ့အမ်ိဳးသားေတြကိုအမ်ိဳးသမီးေတြကအလိုလိုစိတ္ဝင္စားၾကပါတယ္။လူမႈဆက္ဆံေရးအေကာင္းဆုံး၊စြမ္းေဆာင္ရည္အရွိဆုံးသူေတြဟာအမ်ိဳးသမီးေတြစိတ္အဝင္စားဆုံးသူေတြပါပဲ။
၂။အမ်ိဳးသားေတြဟာ သူတို႔ဆြဲေဆာင္ႏိုင္စြမ္းကိုျမႇင့္တင္ႏိုင္ပါတယ္။
အမ်ိဳးသမီးေတြက ေခါင္းေဆာင္ႏိုင္စြမ္းရွိတဲ့သူ၊ ကိုယ့္ကိုယ္ကိုယုံၾကည္တဲ့သူ၊ဟာသဉာဏ္ရွိတဲ့သူေတြကို အဓိကစိတ္ဝင္စားပါတယ္။သည္ေတာ့ကိုယ့္မွာရွိတဲ့အဲသည္အရည္အခ်င္းေတြကိုျမႇင့္တင္ၿပီး စိတ္ဝင္စားမႈကိုရယူႏိုင္ပါတယ္။

၃။႐ုပ္ရည္က မတည္ၿမဲဘူး။
႐ုပ္ရည္႐ူပကာကအၿမဲေျပာင္းလဲေနပါတယ္။ဆံပင္ပုံစံ၊အဝတ္အစားေျပာင္း႐ုံနဲ႔ ႐ုပ္ေျပာင္းသြားတတ္ပါတယ္။အလွအပအေၾကာင္းပင္ကိုဗီဇစိတ္နဲ႔ နားလည္ထားတဲ့အမ်ိဳးသမီးေတြဟာ
အမ်ိဳးသားတစ္ေယာက္နဲ႔ စေတြ႕ေတြ႕ခ်င္းမွာသူ႔႐ုပ္ရည္ကိုအာ႐ုံသိပ္မျပဳၾကပါဘူး။အမ်ိဳးသားရဲ႕ေျပာဟန္ဆိုဟန္၊ၾသဇာတိကၠမနဲ႔မိမိကိုယ္ကိုယုံၾကည္စိတ္ေတြကိုအမ်ိဳးသမီးတစ္ေယာက္ေတြ႕ထားၿပီဆိုရင္သူ႔႐ုပ္ရည္ကို သူ႔အရည္အခ်င္းေတြက ဖုံးလႊမ္းသြားမွာပါ။
သည္ေတာ့ကိုယ့္ကိုယ္ကို႐ုပ္ေခ်ာေအာင္ျပင္ဆင္တာထက္ကိုယ္ရည္ကိုယ္ေသြးကိုအဓိကထားျမႇင့္တင္ဖို႔ ႀကိဳးစားရမွာပါ။ကိုယ္ရည္ကိုယ္ေသြးသာျမင့္မားရင္က်န္တာေတြအလိုလိုပါလာမွာပါ။
က်န္တာေတြဆိုတဲ့အထဲမွာအမ်ိဳးသမီးေတြလည္းပါတာေပါ့။သူငယ္ခ်င္းအားလုံးေအာင္ျမင္တဲ့ဘဝကိုေပ်ာ္႐ႊင္စြာေလွ်ာက္လွမ္းႏိုင္ပါေစ။
ခရစ္ဒစ္