စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ညီမညီစစ်ဆေးမှုတွေပြုလုပ်နေ

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ညီမညီစစ်ဆေးမှုတွေပြုလုပ်နေ

မြန်မာနိုင်ငံမှာပြည်တွင်းကူးစက်မှုလျော့ကျလာချိန်အခြေခံပညာဦးစီးဌာနက စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်တဲ့ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ ညီမညီစစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်လို့သိရှိရပါတယ်။

စာသင်နှစ်တစ်နှစ်နီးပါးရပ်နားထားရတဲ့အခြေခံပညာမူလတန်း၊အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုချက်ရတာနဲ့တပြိုင်နက်အဆင်သင့်ဖွင့်လှစ်နိုင်ဖို့သာမက

ကိုဗစ်၁၉ကာကွယ်နိုင်ရေးအတွက်အထက်တန်းကျောင်း၇၀၀၀ကျော်ကိုဇန်နဝါရီလပထမပတ်ကတည်းကစစ်ဆေးပြင်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်။ပြန်လည်ဖွင့်လှစ်ဖို့

ပြင်ဆင်နေတဲ့အခြေခံပညာကျောင်းတွေကိုလည်းပြီးခဲ့တဲ့နှစ်ဇူလိုင်လနောက်ဆုံးပတ်ကစမ်းသပ်ဖွင့်လှစ်ခဲ့တဲ့နည်းလမ်းအတိုင်းအထက်တန်းကျောင်းတွေကိုအရင်ဖွင့်လှစ်ပြီးမှအလယ်တန်းအဆင့်နဲ့

မူလတန်းအဆင့်စာသင်ကျောင်းတွေဖွင့်လှစ်မယ်လို့သိရပါတယ်။စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ရန်ကိစ္စဟာ

ပြည်သူတွေရဲ့ကိုဗစ်စည်းကမ်းချက်တွေအပေါ်လိုက်နာမှုရှိမရှိအချက်ပေါ် မူတည်နေပြီး လက်တလောရောဂါကူးစက်သူ ရေလျော့နည်းကျဆင်းနေပေမဲ့ ပြည်သူတွေအကြား တိတ်တဆိတ်ကူးစက်မှု ရှိနေနိုင်တာကြောင့်

ပေါ့ဆလို့ မရသေးကြောင်ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ၂၉ ရက်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောပါတယ်။ “ကျောင်းသားတွေ လုံခြုံစိတ်ချစွာနဲ့ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေကို ကျန်းမာ‌ရေးဌာနကညွှန်ကြားထားတဲ့ ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်နေတယ်။

တစ်ဆင့်ခြင်း သွားရမှာဖြစ်လို့ ဘယ်အချိန် ဖွင့်မလဲဆိုတာ အတိအကျမပြောနိုင်သေးဘူး” လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုဗစ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေးနိုင်ကြစေပြီး ကျောင်းများပုံမှန်အတိုင်းဖွင့်လှစ်နိုင်ပြီး စီးပွားရေးအလုပ်အကိုင်များ ပုံမှန်တိုင်း အမြန်ဆုံးရောက်ရှိနိုင်ကြပါစေ။

Source:DVB

Zawgyi











Source:DVB

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *