ကြက်သွန်မြိတ်ကင်မ်ချီလုပ်နည်း

ကြက်သွန်မြိတ်ကင်မ်ချီလုပ်နည်း

ဒီကင်မ်ချီလေးက အရမ်းစပ်လည်း မစပ်ပဲနူးညံ့ပြီးအရသာရှိတဲ့ ကြက်သွန်မြိတ်ကင်မ်ချီလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင့်

ပါဝင်ပစ္စည်းများ

၁။ကြက်သွန်မြိတ်၁ စည်း

၂။ပန်းသီး

၃။သစ်တော်သီး ၊

၄။ငရုတ်သီးစိမ်းနီ ၊

၅။ကြက်သွန်နီ ၊

၆။ကင်မ်ချီငံပြာရည် ခွက်ဝက် ၊

၇။ငရုတ်သီးမှုန့် ၁ခွက်၊

၈။သစ်တော်သီး ဖျော်ရည် ၁ထုပ်၊

၉။ကြက်သွန်ဖြူ ၅မွှာ ၊

၁၀။ကြက်သွန်နီ ၁ခြမ်း ၊

၁၁။ကောက်ညှင်းမှုန့် အနှစ်ပျစ်ပျစ်လေး ၁ခွက် ၊

၁၂။မက်မန်းဝိုင် ၅ဇွန်း ၊

၁၃။သကြား ၁ ဇွန်း ၊

၁၄။နှမ်း

ပြုလုပ်နည်

ကြက်သွန်မြိန်ကိုတော့ထိပ်ပိုင်းညှိပေးရပါမယ်နော်။အမြစ်တွေကိုညှပ်ထုတ်ပြီးအရွက်ထိပ်ပိုင်းသေးသေးလေးတွေကိုချွေထုတ်ပြစ်ပါနော်။

ဒါမှကျက်တဲ့အခါအရမ်းအရသာရှိတာပါ။ကြက်သွန်မြိန်ကိုဆေးကြောပြီးရေစစ်ထားပါ။ပန်းကန်လုံးသို့ဇလုံကြီးကြီးတစ်လုံးထဲကိုထည့်ပြီးကင်မ်ချီငံပြာရည်လောင်းထည့်ပေးပါ။

အဖြူပိုင်းလေးကိုပဲလောင်းပေးရင်ရပါတယ်။နယ်လိုက်ရင်အရွက်ပါတစ်ဖြည်းဖြည်းညှိုးပြီးအရသာဝင်သွားပါလိမ့်မယ်။

ငရုတ်သီးမှည့်နဲ့ ပန်းသီးသစ်တော်သီးတို့ကိုတူတူကြိတ်ပေးလိုက်ပါမယ်။ပြီးရင်အနှစ်ပစ္စည်းတွေအကုန်ထည့်နယ်ပြီတူတူထည့်မယ်ငရုတ်သီးမှည့်နဲ့ ကြက်သွန်ကိုလည်းလှီးထားပါမယ်။

သကြားလေးလည်းနည်းနည်းထည့်ပြီးလိုတာလေးကိုငံပြာရည်လေးထပ်ထည့်ပေးပေါ့နော်အနှစ်တွေနဲ့ ကြက်သွန်မြိတ်တွေကိုနှံ့စပ်အောင်နယ်ပြီးတော့ငရုတ်သီးမှည့်နဲ့ကြက်သွန်နီကိုထည့်နယ်ပါမယ်တယ်။

သေချာနယ်ပြီးတဲ့ကြက်သွန်မြိန်ကိုလက်တစ်ဆုပ်ချင်းစီ ထုတ်ပြီးသူ့အရွက်နဲ့သူပတ်ထားရင်စားရတဲ့အခါအရမ်းကိုအဆင်ပြေပါတယ်ပြီးရင်နှမ်းလေးပါဖြူးပြီး အပေါ်ကနေ အိပ်ကလေးတစ်လုံးနဲ့အုပ်ပြီးကျက်ခံထားလိုက်ပါမယ်။

ကြက်သွန်မြိတ်ကင်မ်ချီကိုကြိုက်တဲ့သူတွေကတော့အကျက်မခံဘဲလုပ်ပြီးပြီချင်းစားကြပေမယ့်အနည်းငယ်တော့အချဉ်ဖောက်ပြီးအကျက်ခံမှကောင်းတာပါ။

အချဉ်ဖောက်အကျက်ခံတဲ့အချိန်ကတော့တစ်ယောက်နဲ့တစ်ယောက်မတူဘူးပေါ့နော်။

ဖိုလ်တိုခရက်ဒစ်

Zawgyi

ၾကက္သြန္ၿမိတ္ကင္မ္ခ်ီလုပ္နည္း

ဒီကင္မ္ခ်ီေလးက အရမ္းစပ္လည္း မစပ္ပဲႏူးညံ့ၿပီးအရသာရွိတဲ့ ၾကက္သြန္ၿမိတ္ကင္မ္ခ်ီလုပ္နည္းေလး မွ်ေ၀ေပးလိုက္ပါတယ္ရွင့္

ပါဝင္ပစၥည္းမ်ား

၁။ၾကက္သြန္ၿမိတ္၁ စည္း

၂။ပန္းသီး

၃။သစ္ေတာ္သီး ၊

၄။င႐ုတ္သီးစိမ္းနီ ၊

၅။ၾကက္သြန္နီ ၊

၆။ကင္မ္ခ်ီငံျပာရည္ ခြက္ဝက္ ၊

၇။င႐ုတ္သီးမႈန႔္ ၁ခြက္၊

၈။သစ္ေတာ္သီး ေဖ်ာ္ရည္ ၁ထုပ္၊

၉။ၾကက္သြန္ျဖဴ ၅မႊာ ၊

၁၀။ၾကက္သြန္နီ ၁ျခမ္း ၊

၁၁။ေကာက္ညႇင္းမႈန႔္ အႏွစ္ပ်စ္ပ်စ္ေလး ၁ခြက္ ၊

၁၂။မက္မန္းဝိုင္ ၅ဇြန္း ၊

၁၃။သၾကား ၁ ဇြန္း ၊

၁၄။ႏွမ္း

ျပဳလုပ္နည္း

ၾကက္သြန္ၿမိန္ကိုေတာ့ထိပ္ပိုင္းညႇိေပးရပါမယ္ေနာ္။အျမစ္ေတြကိုညႇပ္ထုတ္ၿပီးအ႐ြက္ထိပ္ပိုင္းေသးေသးေလးေတြကိုေခြၽထုတ္ျပစ္ပါေနာ္။

ဒါမွက်က္တဲ့အခါအရမ္းအရသာရွိတာပါ။ၾကက္သြန္ၿမိန္ကိုေဆးေၾကာၿပီးေရစစ္ထားပါ။ပန္းကန္လုံးသို႔ဇလုံႀကီးႀကီးတစ္လုံးထဲကိုထည့္ၿပီးကင္မ္ခ်ီငံျပာရည္ေလာင္းထည့္ေပးပါ။

အျဖဴပိုင္းေလးကိုပဲေလာင္းေပးရင္ရပါတယ္။နယ္လိုက္ရင္အ႐ြက္ပါတစ္ျဖည္းျဖည္းညႇိဳးၿပီးအရသာဝင္သြားပါလိမ့္မယ္။

င႐ုတ္သီးမွည့္နဲ႔ ပန္းသီးသစ္ေတာ္သီးတို႔ကိုတူတူႀကိတ္ေပးလိုက္ပါမယ္။ၿပီးရင္အႏွစ္ပစၥည္းေတြအကုန္ထည့္နယ္ၿပီတူတူထည့္မယ္င႐ုတ္သီးမွည့္နဲ႔ ၾကက္သြန္ကိုလည္းလွီးထားပါမယ္။

သၾကားေလးလည္းနည္းနည္းထည့္ၿပီးလိုတာေလးကိုငံျပာရည္ေလးထပ္ထည့္ေပးေပါ့ေနာ္အႏွစ္ေတြနဲ႔ ၾကက္သြန္ၿမိတ္ေတြကိုႏွံ႔စပ္ေအာင္နယ္ၿပီးေတာ့င႐ုတ္သီးမွည့္နဲ႔ၾကက္သြန္နီကိုထည့္နယ္ပါမယ္တယ္။

ေသခ်ာနယ္ၿပီးတဲ့ၾကက္သြန္ၿမိန္ကိုလက္တစ္ဆုပ္ခ်င္းစီ ထုတ္ၿပီးသူ႔အ႐ြက္နဲ႔သူပတ္ထားရင္စားရတဲ့အခါအရမ္းကိုအဆင္ေျပပါတယ္ၿပီးရင္ႏွမ္းေလးပါျဖဴးၿပီး အေပၚကေန အိပ္ကေလးတစ္လုံးနဲ႔အုပ္ၿပီးက်က္ခံထားလိုက္ပါမယ္။

ၾကက္သြန္ၿမိတ္ကင္မ္ခ်ီကိုႀကိဳက္တဲ့သူေတြကေတာ့အက်က္မခံဘဲလုပ္ၿပီးၿပီခ်င္းစားၾကေပမယ့္အနည္းငယ္ေတာ့အခ်ဥ္ေဖာက္ၿပီးအက်က္ခံမွေကာင္းတာပါ။

အခ်ဥ္ေဖာက္အက်က္ခံတဲ့အခ်ိန္ကေတာ့တစ္ေယာက္နဲ႔တစ္ေယာက္မတူဘူးေပါ့ေနာ္။

ဖိုလ္တိုခရက္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *