ချမ်းသာကြွယ်မှုတွေပေးတဲ့လက္ခဏာပိုင်ရှင်
ဗေဒင်လက္ခဏာဆရာကြီးတစ်ဦးမှပြောပြလာသည့်ချမ်းသာကြွယ်ဝလာစေနိုင်တဲ့လက္ခဏာပိုင်ရှင်များအကြောင်းကိုကိုယ်တွေ့နှင့်ယှဉ်ပြီးလိုပြောပြထားပါတယ်။

ချမ်သာကြွယ်ဝမည့်လက္ခဏာပိုင်ရှင်ဟုတ်မဟုတ်ဖတ်ပြီးစစ်ကြည့်ကြပါနော်..ဆရာကြီးရဲ့ပြောပြချက်အရ ”လူအများစုသည် လက်ဝါးပြတ်ဆိုလျင်အင်မတန်ကြောက်အင်မတန်ရှောင်ကြ၏။
ဘယ်လောက်ထိကြုံခဲ့ဖူးလဲဆိုရင်…သူ့သမီးနှင့်ယူမည့်လူ အားလုံးခေါင်းငြိမ့်သဘောတူပြီးမှလက်ဝါးပြတ်ဖြစ်နေ၍ခါးခါးသီးသီးငြင်းလိုက်တာမျိုးလက္ခဏာဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်းသုံးလေးဦးကြုံဖူးပါသည်။

ယခုလက္ခဏာရှင်သည်လက်ဝါးပြတ်ဖြစ်၏။ပထမအရွယ်မကုန်သေးအသက်ငယ်သေး၏။သို့သော်ချမ်းသာ၏။ပြီးခဲ့တဲ့သုံးလေးရက်ကဤပုဂ္ဂိုလ်ကိုဟောဖို့အလှည့်ရောက်၏။
မန္တလေးမြို့ကြီးကဖြစ်၏။(၁)အနီရောင်ဖြင့်ပြထားသောလက်ဝါးပြတ်ဖြစ်နေသော်လည်းလက်မသည်လက်မတင်းပုတ်ပုတိုတိုလက်မမျိုးမဟုတ်သောကြောင့်လက်ဝါးပြတ်ဟုမသတ်မှတ်ပါ။

(၂)ထိုလက်ဝါးပြတ်သည် အနက်ရောင်ဖြင့်ဆွဲပြထားသောစိန်သရဖူအကြီးစားဖြင့်အတူတွဲဖြစ်နေခြင်းအဝါရောင်ဖြင့်ဆွဲပြထားသောအောင်မြင်ကျော်ကြားလမ်းကြောင်းပါနေခြင်းတို့ကြောင့်လက်ဝါးပြတ်မဟုတ်ကြောင်းထပ်၍သက်သေပြနေပြန်၏။

(၃)လက်သူကြွယ်အောက်တွင်အဖြူရောင်ဖြင့်ဆွဲပြထားသောအလံတိုင်သင်္ကေတအဝါရောင်ဖြင့်ဆွဲပြထားသောတြိဂံ ၂ထပ်နှင့်ခက်ရင်းခွတို့ပါနေ၏။
ယခုဆိုခဲ့ပြီးသောအချက်အားလုံးသည် ကျိကျိတက်ချမ်းသာမည့်ပုဂ္ဂိုလ်ဖြစ်ခြင်းစီးပွားရေးနယ်ပါယ်မှာ နာမည်ကောင်းတစ်လုံးဖြင့်ရပ်တည်ရမည်ဖြစ်ခြင်း အလုပ်တွေ သုံးလေးမျိုးမကလုပ်ခြင်း သားသမီးတို့ကိုပါ ပညာအမွေ၊ ဥစ္စာအမွေ၊ဂုဏ်သိက္ခာအမွေတို့ပေးသွားမည်ဖြစ်၏။

အားကျစရာကောင်းလောက်အောင်ကြွယ်ချမ်းသာမည့်ဘဝမျိုးရောက်မည်။ထင်ပေါကျော်ကြား စီးပွားရေးသမားဘဝမျိုးရောက်မည်။
ဇွဲလုံ့လဝိရိယကောင်းသူ ဖြစ်ခြင်းစိတ်ဓာတ်ပြတ်သားခိုင်မာခြင်းလုပ်ငန်းကြီးတို့ကို ပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင်လုပ်ပြနိုင်သူဖြစ်မည်။ ဤပုဂ္ဂိုလ်၏မွေးဇာတာသည်လည်းထူးခြားသော ရာသီ၊ဂြိုဟ်၊နဝင်းတို့ဖြင့်ဖွဲ့စည်းထား၏။

(၁)ကုန်သည်ရာသီ၊ စီးပွားရေးသမား ရာသီချိန်ခွင် ရာသီတွင် လဂ် ရပ်တည်၏။
(၂)တနင်္ဂနွေဂြိုလ် ဥုစ်ရထားပြီး ဓနုရာသီနဝင်းပြန်စီးထား၏။
(၃)တနင်္လာဂြိုဟ်ဥုစ်နဝင်းစီးထား၏။
(၄)တရုတ်ရိုးရာရာသီဖွားအရလည်း ဆိတ်နှစ်ဖွား””သတ္တုဆိတ်နှစ်ဖွား””ဖြစ်နေ၏။

(၅)လက်ကလဲ….ဘယ်လက်ဘယ်လက်မှာ ပါသောအမှတ်အသားတွေ ဖြစ်နေ၍ ပို၍ ပို၍ကောင်းပါသည်။
ဘယ်ဥပဒေဘယ်နည်းစနစ်ဘက်ကဆိုဆိုအကြီးအကျယ်ချမ်းသာကြွယ်ဝလိမ့်မည်” ဆိုပြီး ပြောပြထားသည့်အတိုင်းပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါသည်။
Source: Dr.Myint Win(Ph.D)