နှစ်ရှည်ဖြစ်နေသောအစာအိမ်နာအတွက်ဖီးကြမ်းငှက်ပျောသီး၏လျှို့ဝှက်ချက်

နှစ်ရှည်ဖြစ်နေသောအစာအိမ်နာအတွက်ဖီးကြမ်းငှက်ပျောသီး၏လျှို့ဝှက်ချက်

ဖီးကြမ်းငှက်ပျောသီးအခွံအတွင်းမှအသား(အမြှေး)အမျှင်များမှာလေပူကိုနိုင်ပြီးပါးစပ် အနာ၊အစာအိမ်အနာများကိုပျောက်ကင်းစေနိုင်ပါသည်။

ဖီးကြမ်းငှက်ပျောသီးစားသူများမှာထိုဆေးဖက်ဝင်သည့်အမျှင်အသားများကိုအခွံခွာပြီးမစားမိဘဲလွှတ်ပစ်လိုက်ကြပါသည်။

ငှက်ပျောသီးမှည့်ကိုမီးဖုတ်၊မီးကင်သောအခါထိုအမြှေးများသည်ပျော်ပြီးငှက်ပျောသီးအသားနှင့်ပေါင်းစပ်သွားသဖြင့်မီးဖုတ်စားခိုင်းခြင်းဖြင့်ပါးစပ်နှင့်အစာအိမ်အနာများကိုသက်သာစေနိုင်လေသည်။

ပဲခူးရိုးမတွင်ဝါးခုတ်သည့်ကရင်လူမျိုးများသည်ဖီးကြမ်းငှက်ပျောသီးအစိမ်းများကိုဟင်းချက်စားလေ့ရှိကြသည်။

ငရုတ်သီးစိမ်းထောင်းအနည်းငယ်၊ငါးပိအနည်းငယ်နှင့်ငှက်ပျောသီးစိမ်း၊ငှက်ပျောဖူး၊ငှက်ပျောအူတိုင်တို့ကိုရောချက်သည့်ဟင်းကိုတာလပေါဟင်းဟုခေါ်ကြလေသည်။

လွန်ခဲ့သောနှစ် ၂၀ ခန့်(၁၉၉၂ ခုနှစ်)က အိန္ဒိယနိုင်ငံရှိအာယုဗ္ဗေဒ ဆေးတက္ကသိုလ်ကြီးမှငှက်ပျောသီးဖီးကြမ်းအစိမ်းနှင့်အစာအိမ်ရောဂါ ရှိသူများကိုစမ်းသပ်ကုသပေးခဲ့ဖူးသည်။

အထူးသဖြင့်အစာအိမ်နံရံတွင်အချွဲအမြှေးမရှိသဖြင့်ဗိုက်နာဗိုက်အောင့်သူများ၊အစာအိမ်ရောဂါ ရှိသူများ၊အူသိမ်ပိုင်းအနာရှိသူများကိုဘစ်စမတ်ခေါ် အစာအိမ်ဆေးပေါင်ဒါမှုန့်နှင့်ကုသူများနှင့်ငှက်ပျောသီးဖီးကြမ်း အမှုန့်ကိုဆေးတောင့် (Capsule) ထည့်၍မသိအောင်ပေးပြီးတိုက်ကျွေးသူလူပေါင်း ၁၀၀ ကိုစမ်းသပ်ခဲ့ရာဖီးကြမ်းအမှုန့်နှင့်ကုသသူ၈၀မှာအစာအိမ်ဝေဒနာခံစားနေရခြင်းမှာပျောက်ကင်းသက်သာကြောင်းစမ်းသပ်တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

အစာအိမ်ရောဂါ၊ လေပူရောဂါ၊လေအထက်လှန်ရောဂါ၊လည်ချောင်းနာ၊အာသီးရောင်ရောဂါ၊သွားဖုန်းကြွသွားနာရောဂါရှိသူများထို့အပြင်နှလုံးလေပင့်၍မောသူ၊သွေးတိုးရောဂါရှိသူများအတွက်ဖီးကြမ်းငှက်ပျောသီးသည်ဓာတ်စာလည်းဖြစ်၊ဆေးလည်းဖြစ်ပါသည်။

ပုံမှန်အတိုင်းသော် လည်းကောင်း၊ အစိမ်းကို ဟင်းချက်၍သော် လည်းကောင်း စားသုံးကြည့်ပါ။

နှစ်ရှည် ဖြစ်နေသော အစာအိမ်နာသာမကလေးဘက်နာ၊ နှလုံးရောဂါ၊ လေကြောင့်ဖြစ်သောခေါင်းကိုက်၊ ခေါင်းအုံ မူးဝေသော ရောဂါများအပြင် နှစ်ရှည် စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

ခရက်ဒစ်ကြည်လွင်မြင့် (မုဒြာ)

Zawgyi

ႏွစ္ရွည္ျဖစ္ေနေသာအစာအိမ္နာအတြက္ဖီးၾကမ္းငွက္ေပ်ာသီး၏လွိ်ဳ႕၀ွက္ခ်က္

ဖီးၾကမ္းငွက္္ေပ်ာသီးအခြံအတြင္းမွအသား(အေျမႇး)အမၽွင္္မ်ားမွာေလပူကိုနိုင္ၿပီးပါးစပ္္ အနာ၊အစာအိမ္အနာမ်ားကိုေပ်ာက္္ကင္းေစနိုင္္ပါသည္္။

ဖီးၾကမ္းငွက္ေပ်ာသီးစားသူမ်ားမွာထိုေဆးဖက္ဝင္သည့္အမၽွင္အသားမ်ားကိုအခြံခြာၿပီးမစားမိဘဲလႊတ္ပစ္လိုက္ၾကပါသည္။

ငွက္ေပ်ာသီးမွည့္ကိုမီးဖုတ္၊မီးကင္ေသာအခါထိုအေျမႇးမ်ားသည္ေပ်ာ္ၿပီးငွက္ေပ်ာသီးအသားႏွင့္ေပါင္းစပ္သြားသျဖင့္မီးဖုတ္စားခိုင္းျခင္းျဖင့္ပါးစပ္ႏွင့္အစာအိမ္အနာမ်ားကိုသက္သာေစနိုင္ေလသည္္။

ပဲခူးရိုးမတြင္ဝါးခုတ္သည့္ကရင္လူမ်ိဳးမ်ားသည္ဖီးၾကမ္းငွက္ေပ်ာသီးအစိမ္းမ်ားကိုဟင္းခ်က္စားေလ့ရွိၾကသည္။

င႐ုတ္သီးစိမ္းေထာင္းအနည္းငယ္၊ငါးပိအနည္းငယ္ႏွင့္ငွက္ေပ်ာသီးစိမ္း၊ငွက္ေပ်ာဖူး၊ငွက္ေပ်ာအူတိုင္တို့ကိုေရာခ်က္သည့္ဟင္းကိုတာလေပါဟင္းဟုေခၚၾကေလသည္။

လြန္ခဲ့ေသာႏွစ္ ၂၀ ခန႔္(၁၉၉၂ ခုႏွစ္)က အိႏၵိယနိုင္ငံရွိအာယုေဗၺဒ ေဆးတကၠသိုလ္ႀကီးမွငွက္ေပ်ာသီးဖီးၾကမ္းအစိမ္းႏွင့္အစာအိမ္ေရာဂါ ရွိသူမ်ားကိုစမ္းသပ္ကုသေပးခဲ့ဖူးသည္။

အထူးသျဖင့္အစာအိမ္နံရံတြင္အခၽြဲအေျမႇးမရွိသျဖင့္ဗိုက္နာဗိုက္ေအာင့္သူမ်ား၊အစာအိမ္ေရာဂါ ရွိသူမ်ား၊အူသိမ္ပိုင္းအနာရွိသူမ်ားကိုဘစ္စမတ္ေခၚ အစာအိမ္ေဆးေပါင္ဒါမွုန႔္ႏွင့္ကုသူမ်ားႏွင့္ငွက္ေပ်ာသီးဖီးၾကမ္း အမွုန႔္ကိုေဆးေတာင့္ (Capsule) ထည့္၍မသိေအာင္ေပးၿပီးတိုက္ေကၽြးသူလူေပါင္း ၁၀၀ ကိုစမ္းသပ္ခဲ့ရာဖီးၾကမ္းအမွုန႔္ႏွင့္ကုသသူ၈၀မွာအစာအိမ္ေဝဒနာခံစားေနရျခင္းမွာေပ်ာက္ကင္းသက္သာေၾကာင္းစမ္းသပ္ေတြ႕ရွိခဲ့ရသည္ဟုဆိုသည္။

အစာအိမ္ေရာဂါ၊ ေလပူေရာဂါ၊ေလအထက္လွန္ေရာဂါ၊လည္ေခ်ာင္းနာ၊အာသီးေရာင္ေရာဂါ၊သြားဖုန္းႂကြသြားနာေရာဂါရွိသူမ်ားထို့အျပင္ႏွလုံးေလပင့္၍ေမာသူ၊ေသြးတိုးေရာဂါရွိသူမ်ားအတြက္ဖီးၾကမ္းငွက္ေပ်ာသီးသည္ဓာတ္စာလည္းျဖစ္၊ေဆးလည္းျဖစ္ပါသည္။

ပုံမွန္အတိုင္းေသာ္ လည္းေကာင္း၊ အစိမ္းကို ဟင္းခ်က္၍ေသာ္ လည္းေကာင္း စားသုံးၾကည့္ပါ။

ႏွစ္ရွည္ ျဖစ္ေနေသာ အစာအိမ္နာသာမကေလးဘက္နာ၊ ႏွလုံးေရာဂါ၊ ေလေၾကာင့္ျဖစ္ေသာေခါင္းကိုက္၊ ေခါင္းအုံ မူးေဝေသာ ေရာဂါမ်ားအျပင္ ႏွစ္ရွည္ စြဲစားလၽွင္ ေသြးတိုးေရာဂါကိုပါ ေပ်ာက္ကင္းေစၿပီး ေလျဖတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာ ျပတ္ျခင္းမ်ားကိုပါ ကာကြယ္နိုင္ေၾကာင္း ေရးသား တင္ျပလိုက္ရပါသည္။

ခရက္ဒစ္ၾကည္လြင္ျမင့္ (မုျဒာ)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *