သင်တို့သတိမပြုမိတဲ့ ပရုတ်လုံးမှပေးသောအန္တရာယ်များ

သင်တို့သတိမပြုမိတဲ့ ပရုတ်လုံးမှပေးသောအန္တရာယ်များ

ပရုတ်လုံး၏အန္တရာယ်များကလေးများအတွက်အလွန်အရေးကြီးပါသည်။ပရုတ်လုံးကို အင်္ဂလိပ်လို Mothballs လို့ခေါ်ကြပါတယ်။

Mothဆိုတာအလွယ်ပြောရရင်အဝတ်တွေထဲမှာနေတဲ့ပိုးကောင်လေးတွေပါ။သူတို့ရဲ့အစာကအဝတ်မျှင်တွေ၊သိုးမွှေးတွေဖြစ်လို့အဝတ်တွေထဲမှာနေပြီးကိုက်ဖြတ်စားသောက်ကြပါတယ်။

အဲဒီပိုးမွှားတွေသေအောင်၊ပြေးအောင်သုံးကြလို့ Mothballs လို့ခေါ်တာပါ။ပရုတ်လုံးမှာအဓိကပါဝင်ပစ္စည်းက Naphthalene မို့လို့ Naphthaleneballs လို့လဲခေါ်ပါတယ်။တစ်ချို့ပရုတ်လုံးမှာတော့ Paradichlorobenzene ပါပါတယ်။

Naphthaleneနဲ့ Paradichlorobenzene တွေဟာ ပိုးမွှားသတ်ဆေး Insecticideor Pesticides တွေဖြစ်ပါတယ်။ပိုးမွှားသတ်ဆေးတွေဖြစ်တဲ့အတွက်စနစ်တကျမသုံးတတ်ရင်၊မသုံးသင့်တဲ့နေရာတွေမှာမသိလို့သုံးမိရင်အန္တရာယ်ရှိတာမို့ ဒီ Post ကိုရေးလိုက်တာပါ။

ပရုတ်လုံးကအငွေ့ပျံပြီးထွက်လာတဲ့အငွေ့တွေကပိုးမွှားတွေကို သေစေတာပါ။စနစ်တကျသုံးနည်းကတော့ပိုးမွှားရှိတဲ့အဝတ်တွေသိုးမွှေးထည်တွေကိုအလုံပိတ်အိတ် သို့မဟုတ်

လေလုံတဲ့ပလပ်စတစ်ဗူးထဲမှာပရုတ်လုံးနဲ့အတူထည့်ပိတ်ထားရင်ထွက်လာတဲ့အငွေ့တွေစုမိလာပြီးပိုးမွှားတွေသေသွားပါတယ်။ပြီးရင်တော့အဝတ်တွေကိုပြန်လျှော်ဒါမှမဟုတ်အနံ့ပျောက်အောင်နေလှန်းပြီးမှပြန်ဝတ်သင့်ပါတယ်။

တစ်ချို့ကပရုတ်လုံးနံ့ရနေတဲ့အဝတ်အစားတွေကိုပရုတ်လုံးနံ့လေးသင်းနေတယ်ဆိုပြီးသဘောတောင်ကျတတ်ပါတယ်။တကယ်တော့ပရုတ်လုံးနံ့ရနေတယ်ဆိုတာပရုတ်လုံးကထွက်လာတဲ့အဆိပ်ငွေ့Toxic gas တွေကျန်နေသေးတဲ့သဘောပါ။

အထူးသဖြင့်ကလေးအဝတ်အစားတွေဆိုရင်ပြန်လျှော်ပြီးမှဝတ်ပေးသင့်ပါတယ်။တစ်ချို့ကပရုတ်လုံးကိုတခြားနေရာတွေမှာလဲသုံးကြပါတယ်။

ကြွက်ပြေးအောင်၊ပိုးဟတ်မလာအောင်၊တစ်ခြားအကောင်ပလောင်မလာအောင်၊အပင်ကိုရှဉ့်မကိုက်အောင်စသည်ဖြင့်ပေါ့။တကယ်တော့ပရုတ်လုံးကိုအဲဒီရည်ရွယ်ချက်တွေနဲ့မသုံးသင့်ပါဘူး။

ရည်ရွယ်တာကပိုးမွှားကောင်တွေကိုဖြစ်ပေမယ့်လူနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပိုပြီးထိခိုက်စေတတ်တယ်လို့ဆိုထားပါတယ်။ပရုတ်လုံးကိုopen air မှာဒီအတိုင်းထားရင်ပရုတ်လုံးကအငွေ့(တကယ်တော့အဆိပ်ငွေ့)ကိုအချိန်ကြာကြာရှူတဲ့အခါကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်။

တစ်ချို့ကလဲပရုတ်လုံးနံ့ကို ကြိုက်လို့အမြဲရှူနေတာတောင်ရှိပါတယ်။ကြာလာရင်ခေါင်းကိုက်တာ၊ပျို့တာအန်တာ၊ဝမ်းလျှောတာ၊မျက်လုံးနဲ့နှာခေါင်းစပ်ဖျဉ်းဖျဉ်းဖြစ်တာကနေအသည်းနဲ့ ကျောက်ကပ်ကိုပျက်စီးစေတာအထိဖြစ်နိုင်ပါတယ်။

Para dichlorobenzene ကလဲ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်း (Carcinogenic) ဖြစ်ပါတယ်။အရေးအကြီးဆုံးက ပရုတ်လုံးဟာ မွေးရာပါ G6PD အင်ဇိုင်းချို့တဲ့တဲ့သူတွေနဲ့ လုံးဝမတဲ့တာပါ။

မြန်မာပြည်မှာ G6PD အင်ဇိုင်းချို့တဲ့တဲ့ ဦးရေက လူ ၁၀၀ မှာ ၉ ယောက်လောက် ရှိပါတယ်။မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့မှုကြောင့်အသားဝါတဲ့ကလေးတော်တော်များပါတယ်။

အထူးသဖြင့်ပရုတ်လုံးက G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးတွေရဲ့သွေးနီဥတွေကို ပြိုကွဲစေတဲ့အတွက်အချိန်တိုအတွင်းသွေးထဲမှာအဝါဓာတ်တွေတအားတက်လာပြီးဦးနှောက်ထိခိုက်ပျက်စီးသွားတာ၊ အသက်သေဆုံးတာတွေ ဖြစ်စေပါတယ်။

မွေးကင်းစကလေးတွေအဝါဓာတ်အရမ်းများလို့ ဦးနှောက်မထိခိုက်ရအောင်သွေးလဲပြီးကုရတဲ့ကလေးတော်တော်များများမှာG6PDအင်ဇိုင်းချို့တဲ့တာတွေ့ရပါတယ်။တစ်ချို့ဆိုကလေးအနှီးတွေကိုပရုတ်လုံးနဲ့ သိမ်းရုံတင်မကပရုတ်လုံးအမှုန့်ကိုဖြူးပြီးမီးပူပါတိုက်လိုက်သေးတယ်ဆိုပါတယ်။

အဲဒီအနှီးတွေနဲ့ ကလေးကိုထုပ်လိုက်တဲ့အခါ မွေးစကလေးရဲ့သွေးနီဥတွေကွဲသွားပြီးအဝါဓာတ်တက်လာတာ တအားမြန်တဲ့အတွက် ဆေးရုံရောက်လာတဲ့အချိန်မှာဦးနှောက်ထိခိုက်ပြီးသားဖြစ်နေတာလဲ မကြာခဏတွေ့ရပါတယ်။

ပရုတ်လုံးတွေကို ပိုးဟတ်တို့၊ ကြွက်တို့ မလာအောင် ဟိုနား ဒီနားထားတဲ့အခါကလေးငယ်တွေကပူရှိန်းသကြားလုံးအမှတ်နဲ့ ကောက်စားတတ်ပါတယ်။တစ်ချို့အိမ်မွေးတိရစ္ဆာန်လေးတွေကလဲစားမိတတ်ပါတယ်။

ပရုတ်လုံးမှာပါတာက ပိုးသတ်ဆေးတစ်မျိုးဘဲမို့ ကလေးတွေအထူးသဖြင် G6PDအင်ဇိုင်းချို့တဲ့ကလေးအငယ်လေးတွေဆိုပရုတ်လုံးတစ်လုံးစားမိရင်တောင်အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ပရုတ်လုံး၅လုံးစားမိတဲ့ကလေးတစ်ယောက်ဆိုရင်ဆေးရုံမှာအသက်ရှင်အောင် အစွမ်းကုန်ကြိုးစားကုသပေးကြပေမယ့်အသက်သေဆုံးသွားဘူးပါတယ်။ဒါကြောင့်ပရုတ်လုံးသုံးတော့မယ်ဆိုရင်ဒီအချက်လေးတွေသိထားပြီးမှ

စနစ်တကျသုံးကြဘို့၊ ပရုတ်လုံးကို ကလေးတွေ အလွယ်တကူမတွေ့နိုင်တဲ့နေရာမှာ သေချာသိမ်းဆည်းဘို့ နဲ့မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့ရောဂါပါနိုင်လို့ ကလေးအတွက် အနှီး၊

အဝတ်အစား၊ စောင်တွေတင်မက ကလေးကို ချီပိုးပြုစုကြမယ့်လူကြီးတွေရဲ့အဝတ်အစားတွေပါပရုတ်လုံးနဲ့ မသိမ်းကြဘို့၊ သုံးခဲ့ရင်လဲ သေချာပြန်လျော်ကြဘို့၊ ပရုတ်လုံးအနံ့ဟာလဲ ရှူသင့်တဲ့အမွှေးနံ့မဟုတ်လို့ အမွှေးနံ့အနေနဲ့မသုံးကြဘို့ ပြောချင်ပါတယ်။

ခရက်ဒစ်Child Health Myanmar
မေတ္တာဖြင့်

Zawgyi

သင္တို႔သတိမျပဳမိတဲ့ ပ႐ုတ္လုံးမွေပးေသာအႏၲရာယ္မ်ား

ပ႐ုုတ္လုံး၏အႏၲရာယ္မ်ားကေလးမ်ားအတြက္္အလြန္အေရးႀကီးပါသည္။ပ႐ုတ္လုံးကို အဂၤလိိပ္လို Mothballs လို႔ေခၚၾကပါတယ္။

Mothဆိိုတာအလြယ္ေျပာရရင္အဝတ္ေတြထဲမွာေနတဲ့ပိုးေကာင္ေလးေတြပါ။သူတို႔ရဲ႕အစာကအဝတ္မွ်င္ေတြ၊သိုးေမႊးေတြျဖစ္လို႔အဝတ္ေတြထဲမွာေနၿပီးကိုက္ျဖတ္စားေသာက္ၾကပါတယ္။

အဲဒီပိုးမႊားေတြေသေအာင္၊ေျပးေအာင္သုံးၾကလို႔ Mothballs လို႔ေခၚတာပါ။ပ႐ုုတ္လုံးမွာအဓိိကပါဝင္ပစၥည္းက Naphthalene မို႔လို႔ Naphthaleneballs လိို႔လဲေခၚပါတယ္။တစ္ခ်ိဳ႕ပ႐ုတ္လုံးမွာေတာ့ Paradichlorobenzene ပါပါတယ္္။

Naphthaleneနဲ႔ Paradichlorobenzene ေတြဟာ ပိိုးမႊားသတ္ေဆး Insecticideor Pesticides ေတြျဖစ္ပါတယ္။ပိုးမႊားသတ္ေဆးေတြျဖစ္တဲ့အတြက္စနစ္တက်မသုံးတတ္ရင္၊မသုံးသင့္တဲ့ေနရာေတြမွာမသိလို႔သုံးမိရင္အႏၲရာယ္ရွိတာမို႔ ဒီ Post ကိုေရးလိုက္တာပါ။

ပ႐ုတ္လုံးကအေငြ႕ပ်ံၿပီးထြက္လာတဲ့အေငြ႕ေတြကပိုးမႊားေတြကို ေသေစတာပါ။စနစ္တက်သုံးနည္းကေတာ့ပိုးမႊားရွိတဲ့အဝတ္ေတြသိုးေမႊးထည္ေတြကိုအလုံပိတ္အိတ္ သို႔မဟုတ္

ေလလုံတဲ့ပလပ္စတစ္ဗူးထဲမွာပ႐ုတ္လုံးနဲ႔အတူထည့္ပိတ္ထားရင္ထြက္လာတဲ့အေငြ႕ေတြစုမိလာၿပီးပိုးမႊားေတြေသသြားပါတယ္။ၿပီးရင္ေတာ့အဝတ္ေတြကိုျပန္ေလွ်ာ္ဒါမွမဟုတ္အနံ႔ေပ်ာက္ေအာင္ေနလွန္းၿပီးမွျပန္ဝတ္သင့္ပါတယ္။

တစ္ခ်ိဳ႕ကပ႐ုတ္လုံးနံ႔ရေနတဲ့အဝတ္အစားေတြကိုပ႐ုတ္လုံးနံ႔ေလးသင္းေနတယ္ဆိုၿပီးသေဘာေတာင္က်တတ္ပါတယ္။တကယ္ေတာ့ပ႐ုတ္လုံးနံ႔ရေနတယ္ဆိုတာပ႐ုတ္လုံးကထြက္လာတဲ့အဆိပ္ေငြ႕Toxic gas ေတြက်န္ေနေသးတဲ့သေဘာပါ။

အထူးသျဖင့္ကေလးအဝတ္အစားေတြဆိုရင္ျပန္ေလွ်ာ္ၿပီးမွဝတ္ေပးသင့္ပါတယ္။တစ္ခ်ိဳ႕ကပ႐ုတ္လုံးကိုတျခားေနရာေတြမွာလဲသုံးၾကပါတယ္။

ျကြက္ေျပးေအာင္၊ပိုးဟတ္မလာေအာင္၊တစ္ျခားအေကာင္ပေလာင္မလာေအာင္၊အပင္ကိုရွဥ့္မကိုက္ေအာင္စသည္ျဖင့္ေပါ့။တကယ္ေတာ့ပ႐ုတ္လုံးကိုအဲဒီရည္႐ြယ္ခ်က္ေတြနဲ႔မသုံးသင့္ပါဘူး။

ရည္႐ြယ္တာကပိုးမႊားေကာင္ေတြကိုျဖစ္ေပမယ့္လူနဲ႔အိမ္ေမြးတိရစာၦန္ေတြကိုပိုၿပီးထိခိုက္ေစတတ္တယ္လို႔ဆိုထားပါတယ္။ပ႐ုတ္လုံးကိုopen air မွာဒီအတိုင္းထားရင္ပ႐ုတ္လုံးကအေငြ႕(တကယ္္ေတာ့အဆိိပ္ေငြ႕)ကိိုအခ်ိိန္ၾကာၾကာရႉတဲ့အခါက်န္းမာေရးကိုထိခိိုက္လာႏိုင္ပါတယ္။

တစ္ခ်ိဳ႕ကလဲပ႐ုတ္လုံးနံ႔ကို ႀကိဳက္လို႔အၿမဲရႉေနတာေတာင္ရွိပါတယ္။ၾကာလာရင္ေခါင္းကိုက္တာ၊ပ်ိဳ႕တာအန္တာ၊ဝမ္းေလွ်ာတာ၊မ်က္လုံးနဲ႔ႏွာေခါင္းစပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာကေနအသည္းနဲ႔ ေက်ာက္ကပ္ကိုပ်က္စီးေစတာအထိျဖစ္ႏိုင္ပါတယ္။

Para dichlorobenzene ကလဲ ကင္ဆာျဖစ္ေစႏိုင္တဲ့ျဒပ္ေပါင္း (Carcinogenic) ျဖစ္ပါတယ္။အေရးအႀကီးဆုံးက ပ႐ုတ္လုံးဟာ ေမြးရာပါ G6PD အင္ဇိုင္းခ်ိဳ႕တဲ့တဲ့သူေတြနဲ႔ လုံးဝမတဲ့တာပါ။

ျမန္မာျပည္မွာ G6PD အင္ဇိုင္းခ်ိဳ႕တဲ့တဲ့ ဦးေရက လူ ၁၀၀ မွာ ၉ ေယာက္ေလာက္ ရွိပါတယ္။ေမြးကင္းစကေလးေတြမွာ G6PD အင္ဇိုင္းခ်ိဳ႕တဲ့မႈေၾကာင့္္အသားဝါတဲ့ကေလးေတာ္ေတာ္မ်ားပါတယ္။

အထူးသျဖင့္ပ႐ုတ္လုံးက G6PD အင္ဇိုင္းခ်ိဳ႕တဲ့ တဲ့ကေလးေတြရဲ႕ေသြးနီဥေတြကို ၿပိဳကြဲေစတဲ့အတြက္အခ်ိန္တိုအတြင္းေသြးထဲမွာအဝါဓာတ္ေတြတအားတက္လာၿပီးဦးေႏွာက္ထိခိုက္ပ်က္စီးသြားတာ၊ အသက္ေသဆုံးတာေတြ ျဖစ္ေစပါတယ္။

ေမြးကင္းစကေလးေတြအဝါဓာတ္အရမ္းမ်ားလို႔ ဦးေႏွာက္မထိခိုက္ရေအာင္ေသြးလဲၿပီးကုရတဲ့ကေလးေတာ္ေတာ္မ်ားမ်ားမွာG6PDအင္ဇိုင္းခ်ိဳ႕တဲ့တာေတြ႕ရပါတယ္။

တစ္ခ်ိဳ႕ဆိုကေလးအႏွီးေတြကိုပ႐ုတ္လုံးနဲ႔ သိမ္း႐ုံတင္မကပ႐ုတ္လုံးအမႈန႔္ကိုျဖဴးၿပီးမီးပူပါတိုက္လိုက္ေသးတယ္ဆိုပါတယ္။

အဲဒီအႏွီးေတြနဲ႔ ကေလးကိုထုပ္လိုက္တဲ့အခါ ေမြးစကေလးရဲ႕ေသြးနီဥေတြကြဲသြားၿပီးအဝါဓာတ္တက္လာတာ တအားျမန္တဲ့အတြက္ ေဆး႐ုံေရာက္လာတဲ့အခ်ိန္မွာဦးေႏွာက္ထိခိုက္ၿပီးသားျဖစ္ေနတာလဲ မၾကာခဏေတြ႕ရပါတယ္။

ပ႐ုတ္လုံးေတြကို ပိုးဟတ္တို႔၊ ႂကြက္တို႔ မလာေအာင္ ဟိုနား ဒီနားထားတဲ့အခါကေလးငယ္ေတြကပူရွိန္းသၾကားလုံးအမွတ္နဲ႔ ေကာက္စားတတ္ပါတယ္။တစ္ခ်ိဳ႕အိမ္ေမြးတိရစာၦန္ေလးေတြကလဲစားမိတတ္ပါတယ္။

ပ႐ုတ္လုံးမွာပါတာက ပိုးသတ္ေဆးတစ္မ်ိဳးဘဲမို႔ ကေလးေတြအထူးသျဖင္္ G6PDအင္ဇိုင္းခ်ိဳ႕တဲ့ကေလးအငယ္ေလးေတြဆိုပ႐ုတ္လုံးတစ္လုံးစားမိရင္ေတာင္အသက္အႏၲရာယ္ရွိႏိုင္ပါတယ္။

ပ႐ုတ္လုံး၅လုံးစားမိတဲ့ကေလးတစ္ေယာက္ဆိုရင္ေဆး႐ုံမွာအသက္ရွင္ေအာင္ အစြမ္းကုန္ႀကိဳးစားကုသေပးၾကေပမယ့္အသက္ေသဆုံးသြားဘူးပါတယ္။ဒါေၾကာင့္္ပ႐ုတ္လုံးသုံးေတာ့မယ္ဆိိုရင္ဒီအခ်က္ေလးေတြသိိထားၿပီးမွ

စနစ္တက်သုံးၾကဘို႔၊ ပ႐ုတ္လုံးကို ကေလးေတြ အလြယ္တကူမေတြ႕ႏိုင္တဲ့ေနရာမွာ ေသခ်ာသိမ္းဆည္းဘို႔ နဲ႔ေမြးကင္းစကေလးေတြမွာ G6PD အင္ဇိုင္းခ်ိဳ႕တဲ့ေရာဂါပါႏိုင္လို႔ ကေလးအတြက္ အႏွီး၊

အဝတ္အစား၊ ေစာင္ေတြတင္မက ကေလးကို ခ်ီပိုးျပဳစုၾကမယ့္လူႀကီးေတြရဲ႕အဝတ္အစားေတြပါပ႐ုတ္လုံးနဲ႔ မသိမ္းၾကဘို႔၊ သုံးခဲ့ရင္လဲ ေသခ်ာျပန္ေလ်ာ္ၾကဘို႔၊ ပ႐ုတ္လုံးအနံ႔ဟာလဲ ရႉသင့္တဲ့အေမႊးနံ႔မဟုတ္လို႔ အေမႊးနံ႔အေနနဲ႔မသုံးၾကဘို႔ ေျပာခ်င္ပါတယ္။

ခရက္ဒစ္Child Health Myanmar
ေမတၱာျဖင့္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *