နှုတ်ခမ်းကွဲ နှုတ်ခမ်းခြောက် ခြင်းအတွက် သက်သာပျောက်ကင်းစေသော သဘာဝနည်းလမ်းများ

နှုတ်ခမ်းကွဲ နှုတ်ခမ်းခြောက် ခြင်းအတွက် သက်သာပျောက်ကင်းစေသော သဘာဝနည်းလမ်းများ

ဆောင်းရာသီ ရောက်လာပြီဆိုတော့ နှုတ်ခမ်း ခြောက်ပြီး နှုတ်ခမ်းအရေပြား လန်တာ/ ကွာထွက်တာတွေ အဖြစ်များပါတယ် ဒါကြောင့် ဒီနေ့ နှုတ်ခမ်းသားကို စိုပြေစေမယ့် အရိုးရှင်းဆုံး သဘာဝနည်းလေးတွေ ပြောပြပေးမယ်

၁။ သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး နှုတ်ခမ်းပေါ်မှာ ၅မိနစ်လောက်ကပ်ထားပေးပါ သခွားသီဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေဟာ ပြန်လည် စို‌ပြေစေပါတယ်

၂။ အုန်းဆီ

အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးကတော့ အိမ်တိုင်းမှာ ရှိတဲ့ အုန်းဆီပါ ပဲခြောက်နေတဲ့ နှုတ်ခမ်းပေါ်ကို လိမ်းပေးနိုင်ပါတယ်လက်ပေမှာ စိုးရင်တော့ နားကြပ်ဂွမ်းကို အသုံးပြုနိုင်ပါတယ်

၃။ ပျားရည်သကြား

ပျားရည်နဲ့သကြားကို ရောမွှေပြီး နှုတ်ခမ်းပေါ်ကို ညင်သာစွာ သုတ်လိမ်းပေးပါ မိနစ်အနည်းငယ်လောက် ထားပြီးရင်တော့ ရေနဲ့ သန့်စင်အောင်ဆေးကြောပေးပါ၊နှုတ်ခမ်းကွဲခြင်းနဲ့ အရေပြားကွာခြင်းတွေကို သက်သာစေပြီး နှုတ်ခမ်းသားကို နူးညံ့စေပါတယ်

၄။ သံလွင်ဆီ


သံလွင်ဆီဟာ အစိုဓာတ်ကိုသဘာဝအတိုင်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ် ၊သံလွင်ဆီကိုခြောက်သွေ့နေတဲ့ နှုတ်ခမ်းကိုသုတ်လိမ်းနိုင်ပါတယ်

၅။ ရေ

အရေးအကြီးဆုံးကတော့ ရေများများ သောက်ပေးခြင်းပါပဲ ၊တနေ့ကို အနည်းဆုံး ရေ 2 Liter သောက်ပေးပါ

၆။ Vitamin ဓာတ် ကြွယ်ဝတဲ့ အသီးအနှံ အစား‌အသောက်များကို စားသုံးပါ

  • Vitamin B-3 ဟာ နှုတ်ခမ်းရဲ့ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်၊ Vitamin B-12 က အနာကျက်တာကို မြန်စေကာ ၊Zinc ဓါတ်ကတော့ ဆဲလ်ကြီးထွားမှုကို အားပေးပါတယ်၊Vitamin A ကလည်း နှုတ်ခမ်းရဲ့ သဘာဝအတိုင်း အဆီထုတ်လုပ်နိုင်စွမ်းကို ထောက်ပံ့ကူညီပေးပါသေးတယ်

သတိပြုရန်
-နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ သပ်တာ၊ နှုတ်ခမ်းကိုက်တတ်တာ၊ နှုတ်ခမ်း အရေခွံကို ခွာတာတွေကိုတော့ မလုပ်မိဖို့ အရေးကြီးပါတယ်

မူရင်းပို့စ်အား ခရက်ဒစ်ပေးပါတယ်

Facebook Comments Box