မိမိအသားအရေအလိုက် သဘာဝပစ္စည်းများဖြင့် ပေါင်းတင်နည်းပေါင်းစုံ

မိမိအသားအရေအလိုက် သဘာဝပစ္စည်းများဖြင့် ပေါင်းတင်နည်းပေါင်းစုံ

အဆီပြန်တဲ့မျက်နှာအတွက်မျက်နှာပေါင်းတင် နည်

အဆီပြန်ခြင်းကို ကာကွယ်သည့် ကြက်ဥအကာဖြင့် မျက်နှာပေါင်းတင်နည်းမှာလိုအပ်တာတွေက

၁။ပျားရည် ၂ ဇွန်း

၂။သံပရာရည် ၄ ဇွန်း ( ချက်ချင်းညှစ်ထားသော)

၃။ ဒိန်ချဉ်၃ဇွန်း

၄။ ကြက်ဥအကာ(၁လုံး)လိုအပ်ပါတယ်။

သေချာဆေးကြောပြီးအခြောက်ခံထားတဲ့ခွက်ထဲမှာခုနကပစ္စည်းအားလုံးကိုထည့်၊ပြီးရင် ပျစ်တဲ့အထိမွှေပါ။မျက်နှာကိုအရင်facial form နှင့်သန့်စင်အောင်သစ်ပြီးခြောက်တော့မှလိမ်းလိုက်ပါ။

၁၅ မိနစ်ထားပြီးရေနွေးနွေးဖြင့်ညင်သာစွာသန့်စင်လိုက်ပါ။ဆပ်ပြာနဲ့ ထပ်မသစ်ရတော့ပါဘူး။ပျားရည်မှာဘက်တီးရီးယားပိုးမွှားတွေကိုသေစေတဲ့ action ရှိပြီးသံပုရာတော့မှိုတွေကိုသေစေနိုင်တယ်။

အသားဖြူစေတယ်။ဝက်ခြံတွေကိုလဲသက်သာစေတယ်။ဒိန်ချဉ်ကတော့သိတဲ့အတိုင်းအသားအရေလှပစေတယ်။ဖြူစေတယ်။ကြက်ဥထဲက protein ဟာ skin ကိုအဟာရဓာတ်ပေးတယ်။

ကိုယ်နဲ့တည့်မတည့်တော့အရင်စမ်းကြည့်ပြီးမှလုပ်ကြည့်ကြပါနော်။လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ နည်းလေးမို့လို့ ပြောပြလိုက်တာပါ ။

(မှတ်ချက်)မျက်နှာပေါင်းတင်ပြီးရင်နေပူထဲမထွက်ပါနဲ့ ။ဥပမာစနေ ၊တနင်္ဂနွေနားမယ် ဆိုသောကြာနေ့ ညဘက်ကို လုပ်နိုင်ပါတယ်။)အနည်းဆုံးcreamတခုခုတော့လိမ်းထားပေးပါ။

ဘာမှမလိမ်းပဲမနေပါနဲ့ ။ဘာလို့လဲဆိုတော့ပေါင်းတင်ပြီးရင်မျက်နှာကအရမ်းနူးညံ့သွားပါတယ်။အဲ့ဒီအချိန်မှာနေရောင်နဲ့ တွေ့ရင်တင်းတိပ်တို့နေလောင်ကွက်တို့ဖြစ်တတ်ပါတယ်နော်။

သာမာန်အသားအရေပိုင်ရှင်များအတွက် မျက်နှာပေါင်းတင်နည်းများ

သာမာန်အသားအရေပိုင်ရှင်တွေက ကံကောင်းဆုံးအသားအရေပိုင်ရှင်တွေပေါ့။ ပြဿနာအနဲဆုံးလေ။ ဒါပေမယ့် ကောင်းနေတယ်ဆိုပြီး ပစ်ထားလို့မှ မရတာနော့။ ပိုကောင်းအောင် ပိုလှအောင် ဂရုစိုက်ပေးရမှာပေါ့။ အဲတော့ သာမာန်အသားအရေကို ပိုင်ဆိုင်တဲ့သူငယ်ချင်းတွေ ပိုလှလာအောင်လို့ မျက်နှာပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

၁။ပန်းသီးနဲ့ပျားရည်

ပန်းသီးတစ်လုံးကို အတုန်းလေးတွေအရင်လုပ်ပြီးမွှေစက်ထဲထည့်ပြီးချေပါ။ရလာတဲ့ အနှစ်နဲ့ပျားရည်လ္ဘက်ရည်ဇွန်း ၂ ဇွန်းကိုရောမွှေပါ။ဖြစ်နိုင်ရင်ရေခဲသေတ္တာထဲမှာ၁၀ မိနစ် လောက်အအေးခံထားနော်။မျက်နှာပေါ်ကိုညင်ညင်သာသာလေးလိမ်းပြီးပျားရည်တွေစေးထန်းသွားတဲ့အထိလက်ချောင်းလေးတွေနဲ့ပုတ်ပေးပါ။ပြီးတော့ မိနစ်၂၀လောက်ထားပြီးရေနွေးနွေးလေးနဲ့ ဆေးလိုက်ရင်နူးညံ့စိုပြေတဲ့မျက်နှာလေးဖြစ်သွားမှာနော်။

၂။သင်္ဘောသီးနဲ့ ပျားရည်

သင်္ဘောသီး ဖန်ခွက်တစ်ဝက်စာကိုပျားရည်စားပွဲတင်ဇွန်း၂ ဇွန်းနဲ့ရောပြီးမွှေစက်ထဲထည့်မွှေပါ။ပြီးတော့ရလာတဲ့အရည်ပျစ်ပျစ်လေးကိုမျက်နှာအနှံ့ လိမ်း၊မိနစ်၂၀ထားပြီးရေဆေးချလိုက်နော်။သူငယ်ချင်းရဲ့မျက်နှာလေးကနူးညံ့ချောမွတ်သွားလိမ့်မယ်။

၃။ထောပတ် နဲ့ စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကြီးကြီး ၁ လုံးကို ထောပတ်စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ ရောပြီးမွှေစက်ထဲထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်တွင် လိမ်းပြီး မိနစ် ၂၀ ထားကာ ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

၄။ငှက်ပျောသီး

အရိုးရှင်းဆုံးနဲ့အလွယ်ဆုံးနည်းလေးပေါ့။ငှက်ပျောသီးတစ်လုံးကိုကြိတ်ချေပါ။ရလာတဲ့ အနှစ်ကိုမျက်နှာအနှံ့လိမ်းပြီမိနစ်၂၀ထားပါ။အချိန်ပြည့်ရင်ရေအေးလေးနဲ့ဆေးချလိုက်နော်။ဒီနည်းလေးကအသားအရေကိုသန့်စင်စေသလိုချွေးပေါက်တွေကိုကျဉ်းစေတယ်လေ။

၅။သခွားသီး နဲ့ သကြား

သခွားသီးတစ်လုံးကိုသကြားစားပွဲတင်ဇွန်း၁ဇွန်းနဲ့ ရောပြီးမွှေစက်နဲ့မွှေပါ။ပြီးရင်မျက်နှာပေါ်မှာလိမ်းပေးပါ။မိနစ် ၂၀ နေပြီးရေဆေးချလိုက်ရင်သူငယ်ချင်းရဲ့မျက်နှာဟာ ကြည်လင်လန်းဆန်းလာမှာအသေအချာပါပဲ။ဆားဝက်ခြံပေါက်တဲ့သူတွေအတွက်လည်းအမြန်ဆုံးပျောက်ကင်းစေပါတယ်။

၆။သခွားသီးနဲ့ ဂျုံမှုန့်

ဒါကတော့သခွားသီးကိုနောက်ထပ်အသုံးပြုနည်းတစ်နည်းပေါ့။သခွားသီးအသေးတစ်လုံးကိုဂျုံမှုန့် လ္ဘက်ရည်ခွက်တစ်ခွက်နဲ့ရောပြီးမွှေပါ။ပြီးတော့မျက်နှာပေါ်မှာမိနစ်၃၀ လောက်ထားပြီးရေဆေးချလိုက်နော်။မျက်နှာလေးကဖြူဝင်းပြီးရှင်းသန့်သွားသလိုခံစားရမှာပါ။

ဝက်ခြံအမာရွတ်နဲ့အသားအရေပိုင်ရှင်များအတွက်

ရှားစောင်းလက်ပတ်နှင့်ခရမ်းချဉ်သီး

ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ။ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး ရလာသောအရည်ကိုရှားစောင်းလက်ပတ်အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။

ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။ဆယ့်ငါးမိနစ်ခန့်‌ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ‌ခြောက်သွေ့သန့်ရှင်းသောတဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။

လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို ကု‌သပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။

အကောင်းဆုံးအသားအရေကို ပိုင်ဆိုင်ထားရတဲ့ သူငယ်ချင်းအတွက် အပေါ်မှာပြောပြခဲ့တဲ့နည်းတွေက လုံလောက်မယ်လို့ ထင်ပါတယ်။ အပေါ်ကနည်းတွေမှာ မွှေစက်နဲ့မွှေရင် အကောင်းဆုံးဖြစ်ပေမယ့် ဇွန်းနဲ့လည်း ခြေလို့ရပါတယ်။ နဲနဲတော့ အားသုံးရမှာပေါ့နော်။ ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မှာကို ရွေးသုံးပြီး လှပြီးရင်းလှလာတဲ့သူတွေ ဖြစ်ကြပါစေရှင်

credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *