နှာခေါင်းသွေးလျှံခြင်းအကြောင်းနှင့်ရှောင်ရန်ဆောင်ရန်များ
နှာခေါင်းသွေးလျှံခြင်း
နှာခေါင်းသွေးလျှံခြင်းဟာဘာလက္ခဏာမှမပြသဘဲ ရုတ်တရက်ကြီး ဖြစ်တတ်ပါတယ်။နှာခေါင်းထဲမှာအလွယ်တကူပေါက်ပြီးသွေးထွက်နိုင်တဲ့သွေးကြောငယ်လေးတွေအများအပြားရှိနေတာကြောင့်ဖြစ်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းဟာဆောင်းတွင်းမှာပိုအဖြစ်များပါတယ်။ဆောင်းရာသီရဲ့အေးမြခြောက်သွေ့တဲ့လေဟာနှာခေါင်းအတွင်းသားကို ခြောက်ကပ်အက်ကွဲစေတတ်တဲ့အတွက်သွေးထွက်လာရခြင်းပဲဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံခြင်းဟာစိုးရိမ်စရာမလိုအပ်ပေမယ့်ဘယ်လိုသွေးတိတ်အောင်လုပ်ရမယ်၊ဘယ်အချိန်မှာဆေးရုံကို ပြေးသင့်တယ်ဆိုတာတွေကိုသိထားသင့်ပါတယ်။

ဘာကြောင့် နှာခေါင်းသွေးလျှံရတာလဲ?
နှာခေါင်းသွေးလျှံခြင်းဟာနှာခေါင်းနှိုက်တာ၊နှပ်ညှစ်အားပြင်းတာ၊နှာဖြန်းဆေးခဏခဏထည့်ရင်းထိခိုက်မိတာစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဓာတ်မတည့်မှုတွေ၊အအေးမိ နှာစေးတာတွေကြောင့်နှာခေါင်းအတွင်းလမ်းကြောင်းရောင်လာတဲ့အခါလည်းနှာခေါင်းသွေးလျှံဖို့လမ်းစပိုများလာပါတယ်။

ရံဖန်ရံခါမှာ ကားတိုက်မိတာ၊ နှာခေါင်းကို လက်သီးနဲ့ထိုးတာစတဲ့နှာခေါင်းဒဏ်ရာအနာတရဖြစ်တဲ့အခါ နှာခေါင်းသွေးလျှံတတ်ပါတယ်။ ဓာတ်မတည့်မှုကိုကုသတဲ့ဆေးတွေနဲ့ကိုကင်းလိုမျိုး တရားမဝင်ဆေးတွေဟာလည်း နှာခေါင်းသွေးလျှံစေနိုင်ပါတယ်။
ရှားရှားပါးပါးမျိုးရိုးဗီဇလိုက်သွေးကြောကျယ်ပြီးသွေးထွက်တတ်တဲ့ရောဂါ၊ သွေးမတိတ်ရောဂါတွေနဲ့ ကင်ဆာရောဂါတွေမှာလည်း နှာခေါင်းသွေးလျှံပြီး လာတတ်ကြပါတယ်။

သွေးတိတ်အောင် ဘယ်လိုလုပ်ကြမလဲ?
အိမ်မှာပဲ ကိုယ့်ဟာကိုယ် သွေးတိတ်အောင် လုပ်နိုင်ပါတယ်။ပထမဦးဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။စိတ်လှုပ်ရှားတဲ့အခါသွေးထွက်တာပိုဆိုးစေတတ်ပါတယ်။ ခေါင်းကို ရှေ့နည်းနည်း ငိုက်လိုက်ပါ။
နောက်ပြန်လှန်ခြင်းဟာသွေးတွေလည်ချောင်းတစ်လျောက် စီးသွားနိုင်တဲ့အတွက်မလုပ်သင့်ပါဘူး။နှာခေါင်းအဖျားကိုလက်ညှိုးလက်မနဲ့ 5 မိနစ်ခန့် ဖွဖွဖိထားပါ။ အကယ်၍သွေးထွက်တာမရပ်ဘူးဆိုရင်တော့5 မိနစ်၊10မိနစ်ခန့်ထပ်ဖိထားလိုက်ပါ။

သွေးတိတ်သွားတဲ့အခါနှာခေါင်းထဲကသွေးကြောတွေကျဉ်းသွားအောင်နှာဖြန်းဆေးလေး ဖြန်းပေးနိုင်ပါတယ်။ဒါပေမဲ့ဆရာဝန်ဖြန်းခိုင်းမှဖြန်းသင့်ပါတယ်။
သွေးကြောတွေကျဉ်းသွားတဲ့အခါသွေးတိုးစေနိုင်တဲ့အတွက်သွေးတိုးရောဂါနဲ့ အခြားကျန်းမာရေးပြဿနာရှိသူတွေမှာမသုံးသင့်ပါဘူး။နှာခေါင်းထဲကိုတစ်ရှူးတွေ၊ဂွမ်းတွေထည့်ခြင်းကနှာခေါင်းထဲကသွေးကြောတွေကိုပိုပေါက်စေနိုင်တဲ့အတွက်လုံးဝမထည့်သင့်ပါဘူး။

နှာခေါင်းသွေးမလျှံအောင် ဘယ်လိုကာကွယ်ကြမလဲ?
ခြောက်သွေ့တဲ့ဆောင်းရာသီတွေမှာနှာခေါင်းအတွင်းနံရံတွေကိုအစိုဓာတ်ရစေဖို့မိုးရေနှာဖြန်းဆေးသုံးပေးနိုင်တဲ့အပြင်ညဘက်တွေမှာရေငွေ့ပေးစက်တွေသုံးသင့်ပါတယ်။ရေနံအလှဆီကို နှာခေါင်းထဲလိမ်းခြင်းမလုပ်သင့်ပါဘူး။
တစ်ခါတစ်ရံနှာခေါင်းမှတစ်ဆင့်အဆုတ်ထဲဝင်သွားပြီးအဆုတ်ရောင်တာတွေဖြစ်တတ်ပါတယ်။မိုးရေဂျယ်လ်အဆီဖြစ်ဖြစ်ဆရာဝန်ညွန်ကြားတဲ့ပိုးသတ်လိမ်းဆေးဖြစ်ဖြစ်စတာတွေကိုသာလိမ်းသင့်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်တွေကနှာခေါင်းနှိုက်ရာကနေနှာခေါင်းသွေးထွက်တာကို ကာကွယ်ဖို့ရာ ကလေးတွေကို လက်သည်း သေချာညှပ်ပေးဖို့အကြံပြုကြပါတယ်။ ဆေးလိပ်ဟာနှာခေါင်းခြောက်စေနိုင်တဲ့အတွက်ဆေးလိပ်ကိုလည်းဖြတ်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
နှာခေါင်းသွေးလျှံနေတာမိနစ်30ကြာတဲ့အထိမရပ်ဘူးဆိုရင်ဆေးရုံ၊ဆေးခန်းအမြန်ပြေးသင့်ပါတယ်။မရပ်မတန့်တောက်လျောက်သွေးထွက်နေတယ်။

ရပ်သွားပြီးမှပြန်ပြန်ထွက်နေတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါတယ်။နှာခေါင်းသွေးထွက်နေတာဟာကင်ဆာလိုမျိုးအရေးကြီးရောဂါတစ်မျိုးမျိုးကြောင့်ဖြစ်နေနိုင်တဲ့အတွက်သေချာစစ်ဆေးစမ်းသပ်ပြီးအကြောင်းရင်းကိုစမ်းသပ်စစ်ဆေးရှာဖွေသင့်ပါတယ်။
ခရက်ဒစ် Dr. Mya Phoo Ngon