ကျွန်ုပ်တို့သတိမထားမိတဲ့ ကြက်သွန်နီအခြမ်း၏ကြီးမားသောအန္တရာယ်
ကျွန်ုပ်တို့သတိမထားမိတဲ့ ကြက်သွန်နီအခြမ်း၏ကြီးမားသောအန္တရာယ်
ကြက်သွန် နီ၏ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတဲ့အတွက် သတိထားသင့်ပါတယ်။နေ့စဉ်အသုံးပြုနေတဲ့အတွက်သိထားသင့်လို့တခြားသူများအားလည်းသိရအောင် မျှဝေပေးပါနော်။
ထက်ခြမ်းခွဲထားသောကြက်သွန်နီကိုချက်ချင်းအသုံးမပြုနိုင်ပဲရက်ကျော်လွန်သွားလျှင်ပြန်၍အသုံးမပြုသင့်ပါ။မစားသင့်ပါ။အန္တရာယ်ကိုဖြစ်စေပါသည်။
ခွဲခြမ်းထားပြီးအပြင်မှာအနည်းဆုံး၆နာရီနှင့်အထက်ကြာသွားသည့်၎င်းကြက်သွန်နီခြမ်းဟာအပုတ်နံ့များ၊အနဲ့ဆိုးများကိုစုပ်ထားထားနိုင်ပြီးဘတ်တီးရီးယားပိုးမွှားများနှင့်အခြားအန္တရာယ်ကိုဖြစ်စေတတ်သည့်ပိုးမွှားများလည်းပါရှိလာသည့်အတွက်
ဝမ်းပျက်၊ဝမ်းလျှော၊ဗိုက်အောင့်၊ ဗိုက်နာဖြစ်နိုင်သည့်အပြငုအဆိပ်အတောက်ကိုလည်းဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာဖော်ပြထားကြပါတယ်။
အခွံခွာထားသည့်ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့်ကြက်သွန်နီခြမ်းကိုပြန်လည်အသုံးပြုလိုပါကအဖုံးလုံအောင်ပိတ်ထားသောဗူး၊ခွက်တို့ဖြင့်လုံခြုံစွာထည့်ထားသင့်ပါတယ်။
သို့မဟုတ်ရေခဲသေတ္တာထဲတွင်ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့အကြံပြုလိုပါတယ်။
မသိမ်းဆည်းလိုက်ရပဲအပြင်မှာအချိန်ကြာအောင်ပစ်ထားမိသည့်ကြက်သွန်နီခြမ်းကိုမဖြစ်မနေအသုံးပြုရတော့မည်ဆိုလျှင်လည်းပုံထဲမှာမြင်ရသည့်အတိုင်းအလယ်တည့်တည့်မှအဆံ၊အဖူးကလေးကိုဖယ်ထုတ်ပစ်သင့်ပါတယ်။
အကြောင်းကတော့အပုတ်နံ့များနှင့်အနံ့ဆိုးများကို၎င်းနေရာမှအဓိကစုပ်ယူထားပြီးပိုမွှားများလည်း၎င်းနေရာမှာပါဝင်မှုအများဆုံးလို့သိရပါတယ်။အသက်ကိုဉာဏ်စောင့်ဆိုသလို သတိမမူဂူမမြင်မဖြစ်ကြစေဖို့စေတနာဖြင့်မျှဝေပေးလိုက်ရပါသည်။
မေတ္တာဖြင့် crd
Zawgyi
မေတ္တာဖြင့် crd
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *