သင်မသိသေးသောသရက်ရွက် ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ
သရက်ရွက်ကို လူတိုင်း စားဖြစ်နေပေမယ့် အကျိုးကျေးဇူးဘယ်လိုရလဲ မသိကြပါဘူး။သရက်ရွက် ကိုစားသုံးရာတွင်ရရှိမဲ့ ကျွမ်းကျင်သူများ အထောက်အထားဖြင့် တင်ပြထားသော ကောင်းကျိုး၊ ဆိုးကျိုးနှင့် စားသုံးနည်းပဲဖြစ်ပါတယ်။ သရက်ရွက်သည် Vitamin A, B နဲ့ C ကြွယ်ဝ ပြီး potassium, magnesium ဓာတ်လဲပါဝင်သောကြောင့် ကျန်းမာရေးအတွက်အလွန်အထောက်ကူပြု၍ ဆေးဖက်ဝင်ကြောင်းတင်ပြချင်ပါသည်။

သရက်ရွက် နှင့် ကျန်းမာရေး
- သရက်ရွက်တွင် anthocyanidins ဆိုသောဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင် တစ်ညအကြာစိမ်၍ ရလာသောအရေကို သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချို ရောဂါသက်သာစေရန်ကူညီပေးသည်။
- သရက်ရွက်သည် သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။
- သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ လျော့အောင်ကူညီပေးပါသည်။
- ကျောက်ကပ်ကျောက်တည် ခြင်းနှင့် သည်းခြေအိပ်ကျောက်တည် ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး ပျောက်စေပါတယ်ရှင့်။
- သရက်ရွက်များများကို ပြုပ်၍ ပျားရည်အနည်းငယ်ဖြင့် သောက်လျှင် အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။
- သရက်ရွက် တွင် adiponectin ပါသောကြောင့် အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်အထောက်ကူပြုပါသည်။
- သရက်ရွက်သည် ကင်ဆာ ကာကွဲပေးသည်။

သရက်ရွက် စားသုံးနည်း
- Blender/ကြိတ်စက်ထဲသို့ သရက်ရွက် အမှုန့်ကို ရေ ဖြင့် သောက်ခြင်း။ ရေချိုး ကန်ထဲထည့်၍ ချိုးခြင်း။
- သရက်ရွက် ၁၀-၁၅ ရွက်ကို ရေ 150ml တွင်ပြုတ်၍ ရေနွေးကြမ်းအဖြစ် သောက်နိုင်ပါသည်။
- နောက်ဆုံးနည်းကတော့ မြန်မာတွေအကြိုက် တို့စရာအနေဖြင့် လတ်လတ်ဆတ်ဆတ် စားနိုင်သည်။

သရက်ရွက် ၏ဆိုးကျိုး
သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။ စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။
Facebook Comments Box