၂၀၂၀ခုနှစ်ကိုဗစ်ကာလတွင်းပရိတ်သတ်ကိုနှုတ်ဆက်ထွက်ခွာသွားကြသောအနုပညာရှင်များ

၂၀၂၀ခုနှစ်ကိုဗစ်ကာလတွင်းပရိတ်သတ်ကိုနှုတ်ဆက်ထွက်ခွာသွားကြသောအနုပညာရှင်များ

ပြီးခဲ့တဲ့ဒီဇင်ဘာလလယ်လောက်ကတည်းကစတင်ဖြစ်ပွားခဲ့တဲ့ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးစိတ်ဒုက္ခရောက်ခဲ့ရသလိုမြန်မာနိုင်ငံကအနုပညာရှင်တွေကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအတွက်လည်းဆုံးရှုံးမှုများခဲ့တဲ့နှစ်တစ်နှစ်ပါ။(၂၀၂၀)ခုနှစ်ကိုဗစ်ကာလအတွင်းပရိသတ်ကိုနှုတ်ဆက်သွားကြတဲ့အနုပညာရှင်တွေကတော့

၁။ဦးဇင်းကိတ္ထိသာရ (ခ)ဦးကျော်ဟိန်

ခေတ်တစ်ခေတ်ရဲ့အအောင်မြင်ခဲ့ဆုံးမင်းသားတစ်လက်လို့ဆိုရမယ့်သဘာဝမင်းသားကြီးကျော်ဟိန်းကတော့အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့သူဖြစ်ပေမယ့်သံသရာအရေးအတွက်(၂၀၀၈)ခုနှစ်ကစပြီးဘုန်းကြီးဝတ်နဲ့တရားအားထုတ်ခဲ့သူပါ။

ဦးကျော်ဟိန်းဟာဦးဇင်းကိတ္ထိသာရဘဝနဲ့သက်တော်(၇၃)နှစ်မှာပဲသြစတေးလျနိုင်ငံ၊ကမ်ဘာရာမြို့မှာပျံလွန်တော်မူခဲ့တာဖြစ်ပြီးတူဖြစ်သူဒွေးကွယ်လွန်တဲ့နေ့(၁၃)နှစ်တိတိပြည့်တဲ့နေ့မှာတိုက်တိုက်ဆိုင်ဆိုင်နှုတ်ဆက်သွားခဲ့တာပါ။

၂။ဟာသသရုပ်ဆောင်မန်းဝင်

နှစ်ပေါင်းများစွာဟာသလူရွှင်တော်၊ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ပရိသတ်ရဲ့ဘဝအမောတွေဖြေဖျောက်ပေးခဲ့တဲ့ဦးမန်းဝင်းကတော့ (၂၀၂၀)နှစ်ဦးပိုင်းလောက်ကတည်းက

ရုတ်တရက်နှလုံးရပ်ကာဆေးရုံတင်ခဲ့ရတဲ့အထိကျန်းမာရေးအခြေအနေချို့ယွင်းခဲ့တာဖြစ်ပြီးဇူလိုင်လ(၁၃)ရက်နေ့မနက်မှာတော့ပရိသတ်ကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

၃။အဆိုတော်မီးမီးခဲ

နှစ်ပေါင်းများစွာပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့သီချင်းများစွာကိုသီဆိုခဲ့သူမီးမီးခဲကတော့ကင်ဆာရောဂါကိုနှစ်ရှည်လများစွာခံစားခဲ့ရသူဖြစ်ပြီးအောက်တိုဘာလ(၁၆) ရက်နေ့မှာပဲသူနေထိုင်ရာသြစတေးလျနိုင်ငံမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မကွယ်လွန်ခင်နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာတစ်ကိုယ်တော်ရှိုးပွဲတစ်ပွဲပြုလုပ်နိုင်ခဲ့ပြီး မီးမီးခဲရဲ့သေဆုံးမှုဟာသီချင်းချစ်သူတွေအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။

၄။တးသံရှင်ရန်ပိုင်စိုး

မြန်မာသံတေးသီချင်းအဆိုတော်တစ်ယောက်ဖြစ်သူရန်ပိုင်စိုးကတော့ ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်ကနေတဆင့်ပရိသတ်နဲ့ရင်းနှီးမှုရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင်မင်္ဂလာအခမ်းအနားမှူး၊အစီအစဉ်မှူးတစ်ယောက်အဖြစ်နဲ့ နှစ်ပေါင်းများစွာ ပရိသတ်နဲ့ထိတွေ့ခဲ့သူတစ်ယောက်ပါ။

၅။ ဦးကြည်စိုး(IC)

သရုပ်ဆောင်ဦးကြည်စိုးကတော့ မြန်မာရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေမှာ ဆရာဝန်၊လုပ်ငန်းရှင်စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်နဲ့ရင်းနှီးခဲ့သူတစ်ယောက်ပါ။ကိုဗစ်ဒုတိယလှိုင်းမှာပဲပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့အောက်တိုဘာ(၂၁) ရက်နေ့ကဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီးပြီးခဲ့တဲ့အောက်တိုဘာလ(၃၀) ရက်နေ့သူ့အသက်(၇၂) နှစ်မှာပဲဆုံးပါးသွားခဲ့တာပါ။သရုပ်ဆောင်အလုပ်သာမကအိမ်ခြံမြေသင်တန်းပို့ချသူတစ်ယောက်အနေနဲ့ပါဘဝကိုဖြတ်သန်းခဲ့ပါတယ်။

၆။ဂျာရစ်

ဂျာရစ်ကတော့ မြန်မာဗွီဒီယိုဇာတ်ကားချစ်သူတွေရဲ့အားပေးမှုအပြည့်အဝရထားတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ပါ။နေထူးနိုင်ရဲ့ဇာတ်ကားတွေမှာအများဆုံးတွေ့ရသလိုဂျာရစ်မရှိတော့တာကတော့နေထူးနိုင်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေခဲ့မှာ အမှန်ပါပဲ။

သူကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ(၇) ရက်နေ့မှာပဲ အသည်းရောဂါနဲ့ဆုံးပါးခဲ့တာဖြစ်ပြီး စိတ်ကောင်းရှိပြီးအများကိုကူညီတတ်သူတစ်ယောက်မို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပရိသတ်ပါ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

၇။လူကြမ်းသရုပ်ဆောင်ဦးစိန်သန်း

လူကြမ်းသရုပ်ဆောင်ဦးစိန်သန်းကတော့ဗီဒီယိုဇာတ်ကားပေါင်းများစွားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဦးစိန်းသန်းကတော့မကြာခင်အချိန်ကပဲ အသည်းကင်ဆာနဲ့ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဦးစိန်သန်းအသက်(၇၉) နှစ်ဟာနိုဝင်ဘာလ(၉)ရက်နေ့၊ညနေ(၅)နာရီ (၅၅)မိနစ်မှာအသည်းကင်ဆာ ရောဂါနဲ့ဆုံးပါး သွားခဲ့ပါတယ်။ယခုနှစ်အတွင်းဆုံးပါးသွားကြတဲ့အနုပညာရှင်တွေထဲမှာအချိန်တန်လို့နှုတ်ဆက်ခဲ့ရသူတွေရှိသလိုအချိန်မတန်သေးဘဲချစ်ရတဲ့ပရိသတ်ကို နှုတ်ဆက်ခဲ့ရသူတွေလည်းပါဝင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူချစ်အနုပညာရှင်တွေအနေနဲ့ပရိသတ်တွေရဲ့နှလုံးသားတစ်ထောင့်တစ်နေရာမှာအမြဲရှိနေဦးမှာကတော့ အသေအချာပါပဲ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *