ခံတွင်းအနံဆိုးအတွက် ၇ရက်အတွင်းပျောက်ကင်းစေမည့်ဆေးနည်း

ခံတွင်းနံ့မကောင်းတဲ့သူများအတွက် ၇ရက်အတွင်းပျောက်ကင်းစေမည့်ဆေးစွမ်းတစ်လက်

ခံတွင်းပုတ်အနံ့သည်လူတစ်ယောက်အတွက်မိမိကိုယ်ကိုယုံကြည်မူမဲ့စေပါသည်၊ခံတွင်း အနံ့ မကောင်းသူများသည်လူအများကြားတွင်စကားပြောဆိုရာတွင်မိမိ၏ပါးစပ်မှအနံ့ကြောင့်သူတစ်ပါးအားအနှောင့်အယှက်ဖြစ်စေသလို

မိမိကိုယ်တိုင်လည်းသိမ်ငယ်ရပါသည်၊ကျွန်တော်တာဝန်ထမ်းဆောင်ရာအရပ်တစ်ပါး၌တောရကျောင်းတစ်ခုတွင်သီတင်း သုံးနေထိုင်သောရဟန်းတစ်ပါးအားအခါအခွင့်သင့်၍သွားရောက်ဖူးခဲ့ပါသည် ။

ထိုရဟန်း သည်စကားပြောသောအခါတွင်ပါးစပ်အားလက် ဝါးနှင့်ကာ၍စကားပြောနေပါသည်၊။

ထို့ ကြောင့်အနီးသို့ သွားရောက်လျှောက်ထားသောအခါရဟန်းမှမိမိ၏ခံ တွင်းနံ့ မှအလွန်ဆိုး ဝါးစွာထွက်နေသောကြောင့်လက်ဖြင့်ကာ၍ စကားပြောသည်ဟုမိန့်ပါသည်၊အဘယ်ကြောင့်ဖြစ်ပါသလဲဟုလျှောက်သောအခါအရင်ကသူများအတင်းပြောသောကြောင့်ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာအဖြစ် မိန့်ပါသည်။

ကျွန် တော်ကိုယ်တိုင်လည်းအနီးတွင်ရောက် နေသောကြောင့်ခံတွင်းပုတ်နံ့အားအ နံ့ ရနေပါသည်။ထို့ကြောင့်သံပုရာသီးကျောင်း၌ရှိ နေပါသလားဟုလျှောက်သည့်အခါ တကာတစ်ဦးအားခေါ် ယူ၍သံပုရာသီးနှစ်လုံးယူခဲ့စေပါသည် ။

ဖော်စပ်နည်းမှာ

(၁)သံပုရာသီးအားခါးလယ်မှပိုင်းရပါမည် ။

(၂) ပိုင်းထားသောသံပုရာသီးအားအရည်ညှစ်ရပါမည်။ဖန်ခွက်တွင်ထည့်ထားပါ ။

(၃) အ ရည်ညှစ်ထားသောသံပုရာခွံအားပြန်ဖောင်းကာအိမ်သုံးဆားအားသိပ်ထည့်ရပါမည်။

(၄)ဆားသိပ်ထားသောသံပုရာနှစ်ခြမ်းအားပြန်မျက်နှာချင်းဆိုင်ဆက်စေပါသည်။

(၅)ထို့နောက်ဆားသိပ်ထားသောသံပုရာခြမ်းအားမီးကျီခဲရဲရဲတွင်မီးဖုတ်ရပါမည်။

(၆ )သံပုရာသီးအရောင်မှာမီးကျီ ခဲရောင်ကဲ့သို့နီရဲလာပါကဆားကျက်၍ညှပ်ဖြင့်ဆယ်ယူ ကာအအေးခံထားပါ၊ မီးသွေးခဲကဲ့သို့ ဖြစ်ပါသည် ။

(၇)၎င်းသံပုရာဆားမီးဖုတ်အားစက္ကူအထူတစ်ရွက်အတွင်းထည့်ကာပုလင်းဖြင့်ကြိတ်ရ ပါမည် ။

(၈)အမှုန့် ဖြစ်သွားသောသံပုရာဆားမီးဖုတ်အားသံပုရာရေတွင်ရောမွှေ၍သမထားပါ။

မနက်တစ်ကြိမ်နေ့လည်တစ်ကြိမ်၊ညနေတစ်ကြိမ်လက်ရည်ဇွန်းတစ်ဇွန်းစီတစ်နေ့သုံးကြိမ်စားရန်မှာခဲ့ပါသည်၊တစ်ပတ်ကျော်လျှင်အနံ့ပျောက်မည်ဟုလျှောက်ခဲ့ပါသည်။

နောက်၁၀ရက်ခန့် ကျောင်းသို့တစ်ခေါက်ပြန်ရောက်သောအခါပျော်ရွှင်ယုံကြည်စွာစကားပြောဆိုနေသောရဟန်းနှင့်ဆုံရပါတော့သည်။

Zawgyi

ခံတြင္းနံ့မေကာင္းတ့ဲသူမ်ားအတြက္ ၇ရက္အတြင္းေပ်ာက္ကင္းေစမည့္ေဆးစြမ္းတစ္လက္

ခံတြင္းပုတ္အနံ့သည္လူတစ္ေယာက္အတြက္မိမိကိုယ္ကိုယုံၾကည္မူမဲ့ေစပါသည္၊ခံတြင္း အနံ့ မေကာင္းသူမ်ားသည္လူအမ်ားၾကားတြင္စကားေျပာဆိုရာတြင္မိမိ၏ပါးစပ္မွအနံ့ေၾကာင့္သူတစ္ပါးအားအေနွာင့္အယွက္ျဖစ္ေစသလို

မိမိကိုယ္တိုင္လည္းသိမ္ငယ္ရပါသည္၊ကၽြန္ေတာ္တာဝန္ထမ္းေဆာင္ရာအရပ္တစ္ပါး၌ေတာရေက်ာင္းတစ္ခုတြင္သီတင္း သုံးေနထိုင္ေသာရဟန္းတစ္ပါးအားအခါအခြင့္သင့္၍သြားေရာက္ဖူးခဲ့ပါသည္ ။

ထိုရဟန္း သည္စကားေျပာေသာအခါတြင္ပါးစပ္အားလက္ ဝါးနွင့္ကာ၍စကားေျပာေနပါသည္၊။

ထို့ ေၾကာင့္အနီးသို့ သြားေရာက္ေလ်ွာက္ထားေသာအခါရဟန္းမွမိမိ၏ခံ တြင္းနံ့ မွအလြန္ဆိုး ဝါးစြာထြက္ေနေသာေၾကာင့္လက္ျဖင့္ကာ၍ စကားေျပာသည္ဟုမိန္႔ပါသည္၊အဘယ္ေၾကာင့္ျဖစ္ပါသလဲဟုေလ်ွာက္ေသာအခါအရင္ကသူမ်ားအတင္းေျပာေသာေၾကာင့္ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာအျဖစ္ မိန္႔ပါသည္။

က်ြန္ ေတာ္ကိုယ္တိုင္လည္းအနီးတြင္ေရာက္ ေနေသာေၾကာင့္ခံတြင္းပုတ္နံ ့အားအ နံ့ ရေနပါသည္။ထို့ေၾကာင့္သံပုရာသီးေက်ာင္း၌ရွိ ေနပါသလားဟုေလ်ွာက္သည့္အခါ တကာတစ္ဦးအားေခၚ ယူ၍သံပုရာသီးႏွစ္လုံးယူခဲ့ေစပါသည္ ။

ေဖာ္စပ္နည္းမွာ

(၁)သံပုရာသီးအားခါးလယ္မွပိုင္းရပါမည္ ။

(၂) ပိုင္းထားေသာသံပုရာသီးအားအရည္ညႇစ္ရပါမည္။ဖန္ခြက္တြင္ထည့္ထားပါ ။

(၃) အ ရည္ညႇစ္ထားေသာသံပုရာခြံအားျပန္ေဖာင္းကာအိမ္သုံးဆားအားသိပ္ထည့္ရပါမည္။

(၄)ဆားသိပ္ထားေသာသံပုရာႏွစ္ျခမ္းအားျပန္မ်က္နွာခ်င္းဆိုင္ဆက္ေစပါသည္။

(၅)ထို့ေနာက္ဆားသိပ္ထားေသာသံပုရာျခမ္းအားမီးက်ီခဲရဲရဲတြင္မီးဖုတ္ရပါမည္။

(၆ )သံပုရာသီးအေရာင္မွာမီးက်ီ ခဲေရာင္ကဲ့သို့နီရဲလာပါကဆားက်က္၍ညႇပ္ျဖင့္ဆယ္ယူ ကာအေအးခံထားပါ၊ မီးေသြးခဲကဲ့သို့ ျဖစ္ပါသည္ ။

(၇)၎သံပုရာဆားမီးဖုတ္အားစကၠဴအထူတစ္ရြက္အတြင္းထည့္ကာပုလင္းျဖင့္ႀကိတ္ရ ပါမည္ ။

(၈)အမွုန္႔ ျဖစ္သြားေသာသံပုရာဆားမီးဖုတ္အားသံပုရာေရတြင္ေရာေမႊ၍သမထားပါ။

မနက္တစ္ႀကိမ္ေန႔လည္တစ္ႀကိမ္၊ညေနတစ္ႀကိမ္လက္ရည္ဇြန္းတစ္ဇြန္းစီတစ္ေန႔သုံးႀကိမ္စားရန္မွာခဲ့ပါသည္၊တစ္ပတ္ေက်ာ္လ်ွင္အနံ့ေပ်ာက္မည္ဟုေလ်ွာက္ခဲ့ပါသည္။

ေနာက္၁၀ရက္ခန္႔ ေက်ာင္းသို့တစ္ေခါက္ျပန္ေရာက္ေသာအခါေပ်ာ္ရႊင္ယုံၾကည္စြာစကားေျပာဆိုေနေသာရဟန္းနွင့္ဆုံရပါေတာ့သည္။

C r d

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *