ကြက်သားသီးစုံ ချိုချဉ်ကြော်နည်း(၄/၅ ယောက်စာ)

ကြက်သားသီးစုံ ချိုချဉ်ကြော်နည်း(၄/၅ ယောက်စာ)

အရသာတမူထူးခြားပြီး အိမ်မှာကိုယ်တိုင်ကြော်တော့ စရိတ်စကလည်းသက်သာစေပါတယ်။ဆိုင်ကြီးတွေမှာ မှာစားရသလို အရမ်းစားကောင်းလို့ ချက်နည်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်

ပါဝင်ပစ္စည်းများ

၁။ကြက်သား ၁၅ကျပ်သားခန့်

၂။ငရုပ်ပွ ၂၀သား

၃။baby corn(ခ) ပြောင်းဖူးသေး နှစ်စည်း

၄။ဂေါ်ဘီတစ်ခြမ်း

၅။မုံလာဥနီ တစ်ခြမ်း

၆။အာလူး

၇။ဆား

၈။သကြား

၉။ကြက်သွန်နီ / ဖြူ

၁၀။ဆီ

၁၁။နနွင်းမှုန့်

၁၂။ပဲငံပြာရည် – ထမင်းစားဇွန်း တစ်ဝက်

၁၃။ ခရမ်းချဉ်ဆော့လ် ထမင်းစားဇွန်း၂ဇွန်း

၁၄။ခရုဆီ ထမင်းစားဇွန်း၁ဇွန်း

ချက်ပြုတ်နည်း

ကြက်သားကိုရေဆေးသန့်စင် အတုန်းသေးသေးလေးတွေတုံးပြီးဆား အရသာမှုန့်နယ်ပြီးခဏနပ်ထားပါမယ်။

ပြီးရင်ကြက်သားနူးအောင် မီးမပြင်းပဲနဲ့ ပြုတ်ကြော်ကြော်ပါမယ်။ရေမထည့်ရပါဘူးနော် ။ကြက်သားထဲကရေတွေထွက်လာတာမို့အဲအရည်တွေခမ်းတဲ့ထိကြော်လိုက်ရင် ကြက်သားလည်းကျက်သွားပါတယ်နော်။

ကြက်သားကြော်တုန်းမှာအသီးအနှံတွေကိုကိုယ်လိုချင်တဲ့ပုံစံလေး လှီးထားပါမယ် ။ဆော့လ်လေးပါဖျော်ပါမယ်။

ပန်ကန်တစ်ခုထဲ ခရမ်းချဉ်ဆော့၊ခရုစီ၊ဆား၊သကြားရေအနည်းငယ်ထည့်ပြီးဖျော်ပေးထားပါမယ်။

ကြက်သားနူးပီးဆိုရင်ပဲငံပြာရည် ထည့်ပါမယ်။အရမ်းများသွားရင်အရောင်မဲသွားတတ်လို့ သေချာချင့်ချိန်ထည့်ပါနော်။

ပြီးရင်မနူးလွယ်တဲ့အသီးတွေအရင်ထည့်ပြီး ခဏမွှေပေးပါမယ်။ ပြီရင်ကျန်တဲ့အသီးအနှံတွေအကုန်ထည့်ပြီး ဖျော်ထားတဲ့ဆော့်ပါထည့်ပြီးခဏအဖုံးအုပ်ထားပေးပါ။

အသီးအနှံတွေနူးပီးဆိုရင်ကြက်သားသီးစုံချိုချဉ်ကြော်စားဖို့ အဆင်သင့်ဖြစ်ပါပြီရှင့်။

ဖိုလ်တိုခရက်ဒစ်

Zawgyi

ၾကက္သားသီးစံု ခ်ိဳခ်ဥ္ေၾကာ္နည္း(၄/၅ ေယာက္စာ)

အရသာတမူထူးျခားၿပီး အိမ္မွာကိုယ္တိုင္ေၾကာ္ေတာ့ စရိတ္စကလည္းသက္သာေစပါတယ္။ဆိုင္ႀကီးေတြမွာ မွာစားရသလို အရမ္းစားေကာင္းလို႔ ခ်က္နည္းေလးျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ရွင့္

ပါဝင္ပစၥည္းမ်ား

၁။ၾကက္သား ၁၅က်ပ္သားခန္႕

၂။င႐ုပ္ပြ ၂၀သား

၃။baby corn(ခ) ေျပာင္းဖူးေသး ႏွစ္စည္း

၄။ေဂၚဘီတစ္ျခမ္း

၅။မံုလာဥနီ တစ္ျခမ္း

၆။အာလူး

၇။ဆား

၈။သၾကား

၉။ၾကက္သြန္နီ / ျဖဴ

၁၀။ဆီ

၁၁။နႏြင္းမႈန္႔

၁၂။ပဲငံျပာရည္ – ထမင္းစားဇြန္း တစ္ဝက္

၁၃။ ခရမ္းခ်ဥ္ေဆာ့လ္ ထမင္းစားဇြန္း၂ဇြန္း

၁၄။ခ႐ုဆီ ထမင္းစားဇြန္း၁ဇြန္း

ခ်က္ျပဳတ္နည္း

ၾကက္သားကိုေရေဆးသန္႔စင္ အတုန္းေသးေသးေလးေတြတုံးၿပီးဆား အရသာမႈန္႔နယ္ၿပီးခဏနပ္ထားပါမယ္။

ျပီးရင္ၾကက္သားႏူးေအာင္ မီးမျပင္းပဲနဲ့ ျပဳတ္ေၾကာ္ေၾကာ္ပါမယ္။ေရမထည့္ရပါဘူးေနာ္ ။ၾကက္သားထဲကေရေတြထြက္လာတာမို႔အဲအရည္ေတြခမ္းတဲ့ထိေၾကာ္လိုက္ရင္ ၾကက္သားလည္းက်က္သြားပါတယ္ေနာ္။

ၾကက္သားေၾကာ္တုန္းမွာအသီးအႏွံေတြကိုကိုယ္လိုခ်င္တဲ့ပံုစံေလး လွီးထားပါမယ္ ။ေဆာ့လ္ေလးပါေဖ်ာ္ပါမယ္။

ပန္ကန္တစ္ခုထဲ ခရမ္းခ်ဥ္ေဆာ့၊ခ႐ုစီ၊ဆား၊သၾကားေရအနည္းငယ္ထည့္ၿပီးေဖ်ာ္ေပးထားပါမယ္။

ၾကက္သားႏူးပီးဆိုရင္ပဲငံျပာရည္ ထည့္ပါမယ္။အရမ္းမ်ားသြားရင္အေရာင္မဲသြားတတ္လို႔ ေသခ်ာခ်င့္ခ်ိန္ထည့္ပါေနာ္။

ျပီးရင္မႏူးလြယ္တဲ့အသီးေတြအရင္ထည့္ၿပီး ခဏေမႊေပးပါမယ္။ ၿပီရင္က်န္တဲ့အသီးအႏွံေတြအကုန္ထည့္ၿပီး ေဖ်ာ္ထားတဲ့ေဆာ့္ပါထည့္ၿပီးခဏအဖံုးအုပ္ထားေပးပါ။

အသီးအႏွံေတြႏူးပီးဆိုရင္ၾကက္သားသီးစံုခ်ိဳခ်ဥ္ေၾကာ္စားဖို႔ အဆင္သင့္ျဖစ္ပါျပီရွင့္။

ဖိုလ္တိုခရက္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *