ကိုရီးယားစတိုင် ရှူးရှူးရှဲရှဲကင်မ်ချီ ခေါက်ဆွဲပြုတ်ပြုလုပ်နည်း

ကိုရီးယားစတိုင် ရှူးရှူးရှဲရှဲကင်မ်ချီ ခေါက်ဆွဲပြုတ်ပြုလုပ်နည်း

ဆောင်းအေးအေးလေးမှာ ရှူးရှူးရှဲရှဲလေးနဲ့ ပွင့်ထွက်သွားစေမယ့် ကင်မ်ချီခေါက်ဆွဲလေးစားပြီးလန်းကြရအောင်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင့်။

ကင်မ်ချီခေါက်ဆွဲအတွက်ပါဝင်သောပစ္စည်းများ

၁။ ဝက်သား သုံးထပ်သား(သို့) ကြက်သား

၂။ ပဲပြား ၁တုံး

၃။ ဂျင်း

၄။ နှမ်းဆီ

၅။ ပဲငံပြာရည်

၆။ ကြက်သွန်နီ

၇။ ကင်ချီ

၈။ Gochujang (ကိုရီယား ငရုတ်နှစ်)

၉။ Gochugaru (ကိုရီးယား ငရုတ်သီးမှုန့်)

၁၀။ အသင့်စား ခေါက်ဆွဲခြောက်ထုပ်

၁၁။ ကြက်ဥ

၁၂။ ကြက်သွန်မြိတ်တို့ လိုအပ်ပါတယ်။

ချက်ပြုတ်နည်း

အရင်ဆုံးဝက်သားသုံးထပ်သား(သို့)ကြက်သားကိုအနေတော်အတုံးလေးတွေ တုံးပြီး ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ဂျင်း၊နှမ်းဆီတို့နဲ့ နယ်ပြီး ၁၅ မိနစ်လောက်အရသာသွင်းထားပါ။

ပြီးရင် မီးမျှင်းမျှင်းနဲ့ ၁၀မိနစ်လောက်ချက်ပါ။ကြက်သွန်နီကိုခပ်ပါးပါးလှီးပြီးနောက်ထပ် ၈ မိနစ်လောက်ထပ်ချက်ပါ။ပြီးရင်ပန်းကန်လုံးတခုထဲထည့်ထားပါ။

ခေါက်ဆွဲပြုတ်မယ့်အိုးထဲရေသင့်တော်ရုံထည့်ပြီးဆူပွက်လာရင်ခေါက်ဆွဲခြောက်ချည်းပဲကိုဘာမှမထည့်သေးပဲ၁မိနစ် လောက် တည်ပြီးရေသွန်ပစ်ပါ။

ခေါက်ဆွဲခြောက်အပေါ်က လူကိုဒုက္ခပေးနိုင်တဲ့ ဓာတ်တွေလျော့နည်းသွားအောင်လို့ အသင့်စား ခေါက်ဆွဲခြောက်တွေမကြာခဏစားဖြစ်တယ်ဆိုရင်အန္တရာယ်မရှိအောင်ဒီနည်းလမ်းအတိုင်းအရင်လုပ်လိုက်တာအကောင်းဆုံးပါပဲ။

ခေါက်ဆွဲကိုရေစစ်ထားပြီးနောက်ထပ်ရေထပ်တည်ပါ။ဆူလာပြီဆိုရင်အရသာမှုန့်ထုပ်၊ ကင်မ်ချီ၊ကိုရီးယားငရုတ်နှစ်ထည့် ၂ မိနစ်လောက် ပြုတ်ပါ။

ပြီးရင် ဝက်သား သုံးထပ်သား (သို့) ကြက်သား ထည့်၊ ခေါက်ဆွဲခြောက် ထည့်ပြီး ၅ မိနစ် လောက်ပြုတ်ပါ။

မာဆတ်ဆတ်လေး ကြိုက်တယ်ဆိုရင် ၃ ၊ ၄ မိနစ်လောက်ဆို အတော်ပါပဲ။ မချခင် ကြက်ဥလေး ထည့်လိုက်ပါ။

ပြီးရင် စားမယ့်ပန်းကန်လုံးထဲထည့်၊ ကိုရီးယား ငရုတ်သီးမှုန့်လေးဖြူး၊ ကြက်သွန်မြိတ် လှီးထားတာလေးထည့်စားလိုက်ရင်ဆောင်းတွင်းအေးအေးလေးမှာအချိန်လည်းမကုန်၊ အရသာလည်းရှိတဲ့“ရှုးရှဲအရသာကိုရီးယားကင်မ်ချီခေါက်ဆွဲပြုတ်”လေးရပါပြီရှင့်။

ဖိုလ်တိုခရက်ဒစ်

Zawgyi

ကိုရီးယားစတိုင္ ရွဴးရွဴးရွဲရွဲကင္မ္ခ်ီ ေခါက္ဆြဲျပဳတ္ျပဳလုပ္နည္း

ေဆာင္းေအးေအးေလးမွာ ရွဴးရွဴးရွဲရွဲေလးနဲ႕ ပြင့္ထြက္သြားေစမယ့္ ကင္မ္ခ်ီေခါက္ဆြဲေလးစားၿပီးလန္းၾကရေအာင္လုပ္နည္းေလးမွ်ေ၀ေပးလိုက္ပါတယ္ရွင့္။

ကင္မ္ခ်ီေခါက္ဆြဲအတြက္ပါ၀င္ေသာပစၥည္းမ်ား

၁။ ဝက္သား သုံးထပ္သား(သို့) ၾကက္သား

၂။ ပဲျပား ၁တုံး

၃။ ဂ်င္း

၄။ ႏွမ္းဆီ

၅။ ပဲငံျပာရည္

၆။ ၾကက္သြန္နီ

၇။ ကင္ခ်ီ

၈။ Gochujang (ကိုရီယား င႐ုတ္ႏွစ္)

၉။ Gochugaru (ကိုရီးယား င႐ုတ္သီးမွုန႔္)

၁၀။ အသင့္စား ေခါက္ဆြဲေျခာက္ထုပ္

၁၁။ ၾကက္ဥ

၁၂။ ၾကက္သြန္ၿမိတ္တို့ လိုအပ္ပါတယ္။

ခ်က္ျပဳတ္နည္း

အရင္ဆုံးဝက္သားသုံးထပ္သား(သို့)ၾကက္သားကိုအေနေတာ္အတုံးေလးေတြ တုံးၿပီး ပဲငံျပာရည္၊ ၾကက္သြန္ျဖဴ၊ဂ်င္း၊ႏွမ္းဆီတို့နဲ႔ နယ္ၿပီး ၁၅ မိနစ္ေလာက္အရသာသြင္းထားပါ။

ၿပီးရင္ မီးမၽွင္းမၽွင္းနဲ႔ ၁၀မိနစ္ေလာက္ခ်က္ပါ။ၾကက္သြန္နီကိုခပ္ပါးပါးလွီးၿပီးေနာက္ထပ္ ၈ မိနစ္ေလာက္ထပ္ခ်က္ပါ။ၿပီးရင္ပန္းကန္လုံးတခုထဲထည့္ထားပါ။

ေခါက္ဆြဲျပဳတ္မယ့္အိုးထဲေရသင့္ေတာ္႐ုံထည့္ၿပီးဆူပြက္လာရင္ေခါက္ဆြဲေျခာက္ခ်ည္းပဲကိုဘာမွမထည့္ေသးပဲ၁မိနစ္ ေလာက္ တည္ၿပီးေရသြန္ပစ္ပါ။

ေခါက္ဆြဲေျခာက္အေပၚက လူကိုဒုကၡေပးနိုင္တဲ့ ဓာတ္ေတြေလ်ာ့နည္းသြားေအာင္လို့ အသင့္စား ေခါက္ဆြဲေျခာက္ေတြမၾကာခဏစားျဖစ္တယ္ဆိုရင္အႏၲရာယ္မရွိေအာင္ဒီနည္းလမ္းအတိုင္းအရင္လုပ္လိုက္တာအေကာင္းဆုံးပါပဲ။

ေခါက္ဆြဲကိုေရစစ္ထားၿပီးေနာက္ထပ္ေရထပ္တည္ပါ။ဆူလာၿပီဆိုရင္အရသာမွုန႔္ထုပ္၊ ကင္မ္ခ်ီ၊ကိုရီးယားင႐ုတ္ႏွစ္ထည့္ ၂ မိနစ္ေလာက္ ျပဳတ္ပါ။

ၿပီးရင္ ဝက္သား သုံးထပ္သား (သို့) ၾကက္သား ထည့္၊ ေခါက္ဆြဲေျခာက္ ထည့္ၿပီး ၅ မိနစ္ ေလာက္ျပဳတ္ပါ။

မာဆတ္ဆတ္ေလး ႀကိဳက္တယ္ဆိုရင္ ၃ ၊ ၄ မိနစ္ေလာက္ဆို အေတာ္ပါပဲ။ မခ်ခင္ ၾကက္ဥေလး ထည့္လိုက္ပါ။

ၿပီးရင္ စားမယ့္ပန္းကန္လုံးထဲထည့္၊ ကိုရီးယား င႐ုတ္သီးမွုန႔္ေလးျဖဴး၊ ၾကက္သြန္ၿမိတ္ လွီးထားတာေလးထည့္စားလိုက္ရင္ေဆာင္းတြင္းေအးေအးေလးမွာအခ်ိန္လည္းမကုန္၊ အရသာလည္းရွိတဲ့“ရွုးရွဲအရသာကိုရီးယားကင္မ္ခ်ီေခါက္ဆြဲျပဳတ္”ေလးရပါၿပီရွင့္။

ဖိုလ္တိုခရက္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *