ထုံကျင်ကိုက်ခဲနေသူများအတွက် မီးဖိုချောင်ထဲမှ ဆေးစွမ်းတစ်လက်

မိတ်ဆွေတို့ရဲ့အိမ်မှာဖြစ်ဖြစ် ၊ပတ်ဝန်းကျင်မှာဖြစ်ဖြစ်မနက်အိပ်ရာထချိန်များမှာလက်ချောင်းလေးတွေတင်းနေပြီး၊လေ့ကျင့်ခန်းလုပ်တာတောင်မပြေချင်တဲ့အနေအထားမျိုးဖြစ်နေကြသူများကိုထုံကျင်နာများပျောက်ကင်းစေပြီးရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။

ဒီဆေးနည်းလေးကတော့တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်နေရသူများဖြစ်ကြတဲ့ ရုံးသမားများစက်ချုပ်သမားများ၊ စားဝတ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန်အလုပ်ခွင်
ထဲမှာအလုပ်များနေသူများအတွက်ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့်ပေါင်များဟာထုံကျဉ်လာတတ်ပါတယ်။

ဒီလိုမျိုးတွေဖြစ်လာတဲ့အခါဆေးလိမ်း၍မသက်သာဘဲဖြစ်တတ်ပါတယ်။နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ထုံကျဉ်တဲ့ဝေဒနာများဟာပို၍ ဆိုးရွားလာကာလေဖြတ်ချင်တဲ့အထိဖြစ်မှုများကိုပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။

တစ်ခြားနည်းတွေလည်းရှိပေမယ့်ဒီဆေးနည်းလေးကတော့ရှာဖွေအသုံးပြုရန်ပစ္စည်းများဟာလွယ်ကူလွန်းပြီးပြုလုပ်ပုံကလည်း မခက်ခဲတာမို့ကိုယ်တိုင်ရောဂါမဖြစ်လို့

အသုံးမပြုခဲ့ရင်တောင်တစ်ခြားသူများကိုနည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက်၊ စပါးလင်၊သံပုရာသီးတို့ပဲဖြစ်ပါတယ်။

ဒီပစ္စည်းလေးတွေကိုပထမဦးဆုံးတော့ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊အဲဒီထောင်းထားပြီးသားနှစ်မျိုးထဲကို
သံပုရာသီးနှစ်လုံးလောက်ကိုအရည်ညှစ်ထည့်ပြီးလက်ဖြင့်နယ်ပေးရပါမယ်။ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာဝင်ချိန်တွင်ပေါင်တံရင်းမှနေ၍ခြေဖျားအထိအထက်မှအောက်ကို ပူလာတိုင်းလိမ်းပေးပြီးမှအိပ်ရာဝင်ရပါမယ်။

သုံးလေးရက်ဆက်တိုက်နေ့တိုင်းလိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ်။စပါးလင်၊ချင်း၊သံပုရာသီးတို့ကတော့ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့်ဆေးနည်းလေးလို့ပြောချင်ပါတယ်။ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ။
Zawgyi
ထုံက်င္ကိုက္ခဲေနသူမ်ားအတြက္ မီးဖိုေခ်ာင္ထဲမွ ေဆးစြမ္းတစ္လက္
မိတ္ေဆြတို႔ရဲ႕အိမ္မွာျဖစ္ျဖစ္ ၊ပတ္ဝန္းက်င္မွာျဖစ္ျဖစ္မနက္အိပ္ရာထခ်ိန္မ်ားမွာလက္ေခ်ာင္းေလးေတြတင္းေနၿပီး၊ေလ့က်င့္ခန္းလုပ္တာေတာင္မေျပခ်င္တဲ့အေနအထားမ်ိဳးျဖစ္ေနၾကသူမ်ားကိုထုံက်င္နာမ်ားေပ်ာက္ကင္းေစၿပီးေရာဂါကင္းေဝးေစခ်င္လို႔ ဒီေဆးနည္းေလးကို မွ်ေဝတင္ျပေပးလိုက္ပါတယ္။

ဒီေဆးနည္းေလးကေတာ့တစ္ေနကုန္ ထိုင္ၿပီးအလုပ္လုပ္ေနရသူမ်ားျဖစ္ၾကတဲ့ ႐ုံးသမားမ်ားစက္ခ်ဳပ္သမားမ်ား၊ စားဝတ္ေနေရးအတြက္ မိုးလင္းမွမိုးခ်ဳပ္တစ္ေနကုန္အလုပ္ခြင္
ထဲမွာအလုပ္မ်ားေနသူမ်ားအတြက္ေရာဂါကင္းေဝးေစေရးနည္းေလးျဖစ္ပါတယ္။အခ်ိန္ေတြၾကာလာတဲ့အခါ ေျခေထာက္၊ဒူးႏွင့္ေပါင္မ်ားဟာထုံက်ဥ္လာတတ္ပါတယ္။
ဒီလိုမ်ိဳးေတြျဖစ္လာတဲ့အခါေဆးလိမ္း၍မသက္သာဘဲျဖစ္တတ္ပါတယ္။ေႏြရာသီမွာ ခံႏိုင္ေပမယ့္ မိုးနဲ႔ေဆာင္းမွာေတာ့ထုံက်ဥ္တဲ့ေဝဒနာမ်ားဟာပို၍ ဆိုး႐ြားလာကာေလျဖတ္ခ်င္တဲ့အထိျဖစ္မႈမ်ားကိုေပ်ာက္ကင္းေစႏိုင္ပါတယ္လို႔သိရပါတယ္။
တစ္ျခားနည္းေတြလည္းရွိေပမယ့္ဒီေဆးနည္းေလးကေတာ့ရွာေဖြအသုံးျပဳရန္ပစၥည္းမ်ားဟာလြယ္ကူလြန္းၿပီးျပဳလုပ္ပုံကလည္း မခက္ခဲတာမို႔ကိုယ္တိုင္ေရာဂါမျဖစ္လို႔

အသုံးမျပဳခဲ့ရင္ေတာင္တစ္ျခားသူမ်ားကိုနည္းလမ္းေလးၫႊန္ၾကားေပးေစလိုတဲ့ဆႏၵႏွင့္ထပ္ဆင့္ တင္ျပေပးတာျဖစ္ပါတယ္။လိုအပ္တဲ့ပစၥည္းေလးေတြကေတာ့ ခ်င္းတက္၊ စပါးလင္၊သံပုရာသီးတို႔ပဲျဖစ္ပါတယ္။
ဒီပစၥည္းေလးေတြကိုပထမဦးဆုံးေတာ့ေထာင္းမယ့္ဆုံကိုသန႔္ေအာင္ျပဳလုပ္ေပးရပါမယ္။ ၿပီးတဲ့အခါခ်င္းတက္ႏွင့္စပါးလင္ကိုေထာင္းထားၿပီး၊အဲဒီေထာင္းထားၿပီးသားႏွစ္မ်ိဳးထဲကို
သံပုရာသီးႏွစ္လုံးေလာက္ကိုအရည္ညႇစ္ထည့္ၿပီးလက္ျဖင့္နယ္ေပးရပါမယ္။ေပါင္းစပ္နယ္ထားတဲ့ အတြက္ ထြက္လာတဲ့အရည္မ်ားကို ညအိပ္ရာဝင္ခ်ိန္တြင္ေပါင္တံရင္းမွေန၍ေျခဖ်ားအထိအထက္မွေအာက္ကို ပူလာတိုင္းလိမ္းေပးၿပီးမွအိပ္ရာဝင္ရပါမယ္။
သုံးေလးရက္ဆက္တိုက္ေန႔တိုင္းလိမ္းေပးပါက ထုံက်ဥ္မႈမ်ားေပ်ာက္သြားပါလိမ့္မယ္။စပါးလင္၊ခ်င္း၊သံပုရာသီးတို႔ကေတာ့ရွာေဖြရတာလြယ္ကူတဲ့အတြက္ ပို၍ အသုံးျပဳႏိုင္မယ့္ေဆးနည္းေလးလို႔ေျပာခ်င္ပါတယ္။ထုံနာက်ဥ္နာေဘးမွကင္းေဝးၾကပါေစ။