ရေခဲသေတ္တာထဲထည့်မစားသင့်သောအစားအသောက်များ

ရေခဲသေတ္တာထဲထည့်မစားသင့်သောအစားအသောက်များ

ရေခဲသေတ္တာထဲမထည့်သင့်တဲ့ အစားအစာများအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ အစားအစာတွေမကုန်ရင်ရေခဲသေတ္တာထဲလွယ်လွယ်ထည့်လေ့ရှိကြပါတယ်။ ရေခဲသေတ္တာတွေက အစားအစာတွေကိုတာရှည်ခံအောင်သိမ်းဆည်းပေးနိုင်တယ်ဆိုပေမယ့်

တချို့အစားအစာ တွေကတော့ရေခဲသေတ္တာထဲထည့်လိုက်တော့မှအရသာပျက်သွားတာမျိုး၊ တခြားအစားအစာတွေရဲ့အနံ့အရသာကိုပါပျက်သွားစေတာမျိုးရှိတတ်ပါတယ်။ရေခဲသေတ္တာထဲမသိမ်းဆည်းသင့်တဲ့ အစားအစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။

ပေါင်မုန့်

စားမကုန်တဲ့ ပေါင်မုန့်တွေကိုရေခဲသေတ္တာမှာ ထည့်သိမ်းပြီး နောက်မှစားမယ်ဆိုတဲ့ စိတ်ကူးကို မေ့လိုက်ပါတော့။ အအေးခန်းထဲမှာ ထည့်ထားရင် ပေါင်မုန့်သားက ပိုပြီးမာသွားပြီး မှိုတက်တာကလည်း ပိုမြန်ပါတယ်။ ဒါကြောင့် ပေါင်မုန့်တွေကို ခြောက်သွေ့ပြီးအေးမြတဲ့နေရာတွေမှာ ထားတာ အသင့်တော်ဆုံးပါပဲ။

ဖရဲသီး

ပူအိုက်နေတဲ့နေ့လည်ခင်းကြီးမှာ ဖရဲသီးကိုအအေးခန်းထဲမှာထည့်၊အရမ်းအေးသွားရင် ပြန်ထုတ်ပြီးအေးစိမ့်နေတဲ့ ဖရဲသီးစိတ်ကိုကိုက်စားရတာက စည်းစိမ်တစ်ပါးပါပဲ။ဒါပေမဲ့ ဖရဲသီးစိတ်တွေကိုဒီအတိုင်းပဲရေခဲသေတ္တာထဲမှာထည့်လိုက်ရင်အသားတွေက

ခြောက်သွေ့သွားပြီးအရည်သိပ်မရွမ်းတော့ပါဘူး။ဒါကြောင့်ပလတ်စတစ်စပါးပါးလေးနဲ့ ပတ်ပြီးရေခဲသေတ္တာထဲထည့်ထားတာကဖရဲသီးသားရဲ့အရည်ရွှန်းပြီးနူးညံ့တဲ့အရသာကိုဆုံးရှုံးရပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးအစိမ်းကို ရေခဲသေတ္တာထဲကို ထည့်လိုက်ခြင်းက သင့်ကို smart မဖြစ်စေပါဘူး။ ဒီလိုလုပ်လိုက်ရင် ငှက်ပျောသီးက မှည့်မလာတော့မဲ့အပြင် အထဲကအာနိသင်တွေကပျက်သွားပါမယ်။ ဒါကြောင့် ငှက်ပျောသီးအမှည့်ကိုပဲrefrigerator ထဲထည့်သင့်ပါတယ်။

ထောပတ်သီး

ထောပတ်သီးအစိမ်းကိုစားရတာကအရမ်းကို စိတ်ကုန်ဖို့ကောင်းပါတယ်။ အမြဲတမ်းလတ်ဆတ်စေတဲ့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ ထောပတ်သီးအစိမ်းကတော့ မှည့်ဖို့လမ်းမမြင်ပါဘူး။

အသီးမှည့်တာ မြန်ဖို့အတွက်တော့ ငှက်ပျောသီးနဲ့အတူ တွဲထားပေးပါ (ရေခဲသေတ္တာအပြင်ဘက်မှာနော်)။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးတွေကို လတ်ဆတ်နေဖို့ဆိုပြီး ကျွန်တော်တို့တွေကရေခဲသေတ္တာထဲမှာ ထည့်တတ်ကြပါတယ်။

ဒါပေမဲ့ဒီလိုပ်လုပ်လိုက်ခြင်းဖြင့် အအေးဓာတ်ကခရမ်းချဉ်သီးရဲ့အရသာနဲ့ အတွင်းသားတွေကိုပျက်စီးစေတယ်ဆိုတာသိထားသင့်ပါတယ်။

စားလိုက်ရင်ရေလိုအရသာခံစားရပြီးသိပ်ပြီးအသီးမမှည့်သေးသလို ဖြစ်နေတာပါ။ ကြာကြာထားလေ အရသာပျောက်လေဆိုတော့ မြန်မြန်သာ ပြန်ထုတ်လိုက်ပါနော့်။

ကိတ်

ကိတ်မုန့်တွေကတော့ ရှင်းပါတယ်။ အေးခဲနေတဲ့ကိတ်မုန့်တွေကပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်ကိတ်တွေလောက်အရသာမရှိပါဘူး။

ရေခဲသေတ္တာထဲ ထည့်ထားချင်ရင်တော့ဘူးလေးနဲ့ထည့်တာကအသင့်တော်ဆုံးပါပဲ။

ပျားရည်

ပျားရည်ရဲ့ချိုမြိန်တဲ့ အရည်အသွေးက ရေခဲသေတ္တာထဲမှာ ထားတာကြာသွားရင် အေးစက်မာကြောတဲ့ သကြားခဲလို ဖြစ်သွားမှာပါ။

ကော်ဖီ

ကော်ဖီကို refrigerator ထဲထည့်လိုက်ရင် အဲဒီကော်ဖီက ရေခဲသေတ္တာထဲမှာ ရှိသမျှပစ္စည်းတွေရဲ့အနံကို စုပ်ယူသွားမှာဖြစ်တဲ့အတွက် အဖုံးသေချာပိတ်ဖို့တော့ လိုပါမယ်။

ကြက်သွန်နီ၊ ဖြူ

ဒီနှစ်ခုကတော့အားလုံးသိတဲ့အတိုင်းခြောက်သွေ့တဲ့နေရာမှာထားတာအကောင်းဆုံးပါပဲ။ ကြက်သွန်နီ၊ဖြူတို့ကိုရေခဲသေတ္တာထဲမှာထည့်ထားရင်သူတို့ရဲ့အနံ့ကအခြားပစ္စည်းတွေပေါ်မှာ စွဲကျန်နေပါလိမ့်မယ်။

Zawgyi

ေရခဲေသတၱာထဲထည့္မစားသင့္ေသာအစားအေသာက္မ်ား

ေရခဲေသတၱာထဲမထည့္သင့္တဲ့ အစားအစာမ်ားအေၾကာင္းကို တင္ဆက္ေပးခ်င္ပါတယ္။ အစားအစာေတြမကုန္ရင္ေရခဲေသတၱာထဲလြယ္လြယ္ထည့္ေလ့ရွိၾကပါတယ္။ ေရခဲေသတၱာေတြက အစားအစာေတြကိုတာရွည္ခံေအာင္သိမ္းဆည္းေပးႏိုင္တယ္ဆိုေပမယ့္

တခ်ိဳ႕အစားအစာ ေတြကေတာ့ေရခဲေသတၱာထဲထည့္လိုက္ေတာ့မွအရသာပ်က္သြားတာမ်ိဳး၊ တျခားအစားအစာေတြရဲ႕အနံ႔အရသာကိုပါပ်က္သြားေစတာမ်ိဳးရွိတတ္ပါတယ္။ေရခဲေသတၱာထဲမသိမ္းဆည္းသင့္တဲ့ အစားအစာေတြအေၾကာင္းေဖာ္ျပေပးလိုက္ပါတယ္။

ေပါင္မုန႔္

စားမကုန္တဲ့ ေပါင္မုန႔္ေတြကိုေရခဲေသတၱာမွာ ထည့္သိမ္းၿပီး ေနာက္မွစားမယ္ဆိုတဲ့ စိတ္ကူးကို ေမ့လိုက္ပါေတာ့။ အေအးခန္းထဲမွာ ထည့္ထားရင္ ေပါင္မုန႔္သားက ပိုၿပီးမာသြားၿပီး မႈိတက္တာကလည္း ပိုျမန္ပါတယ္။ ဒါေၾကာင့္ ေပါင္မုန႔္ေတြကို ေျခာက္ေသြ႕ၿပီးေအးျမတဲ့ေနရာေတြမွာ ထားတာ အသင့္ေတာ္ဆုံးပါပဲ။

ဖရဲသီး

ပူအိုက္ေနတဲ့ေန႔လည္ခင္းႀကီးမွာ ဖရဲသီးကိုအေအးခန္းထဲမွာထည့္၊အရမ္းေအးသြားရင္ ျပန္ထုတ္ၿပီးေအးစိမ့္ေနတဲ့ ဖရဲသီးစိတ္ကိုကိုက္စားရတာက စည္းစိမ္တစ္ပါးပါပဲ။ဒါေပမဲ့ ဖရဲသီးစိတ္ေတြကိုဒီအတိုင္းပဲေရခဲေသတၱာထဲမွာထည့္လိုက္ရင္အသားေတြက

ေျခာက္ေသြ႕သြားၿပီးအရည္သိပ္မ႐ြမ္းေတာ့ပါဘူး။ဒါေၾကာင့္ပလတ္စတစ္စပါးပါးေလးနဲ႔ ပတ္ၿပီးေရခဲေသတၱာထဲထည့္ထားတာကဖရဲသီးသားရဲ႕အရည္႐ႊန္းၿပီးႏူးညံ့တဲ့အရသာကိုဆုံးရႈံးရပါလိမ့္မယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးအစိမ္းကို ေရခဲေသတၱာထဲကို ထည့္လိုက္ျခင္းက သင့္ကို smart မျဖစ္ေစပါဘူး။ ဒီလိုလုပ္လိုက္ရင္ ငွက္ေပ်ာသီးက မွည့္မလာေတာ့မဲ့အျပင္ အထဲကအာနိသင္ေတြကပ်က္သြားပါမယ္။ ဒါေၾကာင့္ ငွက္ေပ်ာသီးအမွည့္ကိုပဲrefrigerator ထဲထည့္သင့္ပါတယ္။

ေထာပတ္သီး

ေထာပတ္သီးအစိမ္းကိုစားရတာကအရမ္းကို စိတ္ကုန္ဖို႔ေကာင္းပါတယ္။ အၿမဲတမ္းလတ္ဆတ္ေစတဲ့ ေရခဲေသတၱာထဲမွာ ရွိတဲ့ ေထာပတ္သီးအစိမ္းကေတာ့ မွည့္ဖို႔လမ္းမျမင္ပါဘူး။

အသီးမွည့္တာ ျမန္ဖို႔အတြက္ေတာ့ ငွက္ေပ်ာသီးနဲ႔အတူ တြဲထားေပးပါ (ေရခဲေသတၱာအျပင္ဘက္မွာေနာ္)။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးေတြကို လတ္ဆတ္ေနဖို႔ဆိုၿပီး ကြၽန္ေတာ္တို႔ေတြကေရခဲေသတၱာထဲမွာ ထည့္တတ္ၾကပါတယ္။

ဒါေပမဲ့ဒီလိုပ္လုပ္လိုက္ျခင္းျဖင့္ အေအးဓာတ္ကခရမ္းခ်ဥ္သီးရဲ႕အရသာနဲ႔ အတြင္းသားေတြကိုပ်က္စီးေစတယ္ဆိုတာသိထားသင့္ပါတယ္။

စားလိုက္ရင္ေရလိုအရသာခံစားရၿပီးသိပ္ၿပီးအသီးမမွည့္ေသးသလို ျဖစ္ေနတာပါ။ ၾကာၾကာထားေလ အရသာေပ်ာက္ေလဆိုေတာ့ ျမန္ျမန္သာ ျပန္ထုတ္လိုက္ပါေနာ့္။

ကိတ္

ကိတ္မုန႔္ေတြကေတာ့ ရွင္းပါတယ္။ ေအးခဲေနတဲ့ကိတ္မုန႔္ေတြကပူပူေႏြးေႏြးလတ္လတ္ဆတ္ဆတ္ကိတ္ေတြေလာက္အရသာမရွိပါဘူး။

ေရခဲေသတၱာထဲ ထည့္ထားခ်င္ရင္ေတာ့ဘူးေလးနဲ႔ထည့္တာကအသင့္ေတာ္ဆုံးပါပဲ။

ပ်ားရည္

ပ်ားရည္ရဲ႕ခ်ိဳၿမိန္တဲ့ အရည္အေသြးက ေရခဲေသတၱာထဲမွာ ထားတာၾကာသြားရင္ ေအးစက္မာေၾကာတဲ့ သၾကားခဲလို ျဖစ္သြားမွာပါ။

ေကာ္ဖီ

ေကာ္ဖီကို refrigerator ထဲထည့္လိုက္ရင္ အဲဒီေကာ္ဖီက ေရခဲေသတၱာထဲမွာ ရွိသမွ်ပစၥည္းေတြရဲ႕အနံကို စုပ္ယူသြားမွာျဖစ္တဲ့အတြက္ အဖုံးေသခ်ာပိတ္ဖို႔ေတာ့ လိုပါမယ္။

ၾကက္သြန္နီ၊ ျဖဴ

ဒီႏွစ္ခုကေတာ့အားလုံးသိတဲ့အတိုင္းေျခာက္ေသြ႕တဲ့ေနရာမွာထားတာအေကာင္းဆုံးပါပဲ။ ၾကက္သြန္နီ၊ျဖဴတို႔ကိုေရခဲေသတၱာထဲမွာထည့္ထားရင္သူတို႔ရဲ႕အနံ႔ကအျခားပစၥည္းေတြေပၚမွာ စြဲက်န္ေနပါလိမ့္မယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *