ခန္ဓာကိုယ်အတွက်မဖြစ်မနေစားပေသင့်သောအဓိကအစားအစာ၉မျိုး

ခန္ဓာကိုယ်အတွက်မဖြစ်မနေစားပေသင့်သောအဓိကအစားအစာ၉မျိုး

မကြိုက်လို့မစားတာ ကောင်းကျိုးတွေမသိလို့မစားတာဆိုတဲ့ ဆင်ခြေတွေနဲ့ အာဟာရပြည့်ဝတဲ့ အစာတွေ စားဖို့ ရှောင်လွဲှမနေပါနဲ့တော့။

၁- ဆာဒင်းငါး

ဆာဒင်းငါး မှာ အိုမီဂါ-၃အဆီ၊ ပရိုတင်းနဲ့ ကယ်လ်စီယမ်တွေ များစွာပါဝင် လို့ နေ့လယ်စာ ဒါမှမဟုတ် ညစာမှာ ထည့်စားပေးပါ။

၂-ဥအမျိးမျိုး

ဥအမျိုးမျိုးမှာ ဗီတာမင်D, A, B12 နဲ့ ဗီတာမင် Bအုပ်စုတွေ များစွာ ပါဝင်တဲ့အပြင် ပရိုတင်းကိုလည်းများစွာ ရရှိနိုင်ပါတယ်။

၃- ဗီတာမင် C

ဗီတာမင် C မှာ အနာကျက်စေတဲ့ အာနိသင်ရှိပြီး အရေပြားပျက်စီးမှု မှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံ စွမ်းအားကိုလည်းမြင့်မားစေပါတယ်။

၄-ပဲအမျိုးမျိုး

ပဲအမျိုးမျိုးကနေ အမျှင်ဓာတ်၊ ပရိုတင်းတွေ များစွာ ရရှိစေပြီး သွေးတွင်း သကြားဓာတ်ကို မြင့်မားစေပါတယ်။

၅-သကာရည်

သကြားချက်ရာမှာ ဘေးထွက် ပစ္စည်းတစ်ခုဖြစ်ပြီး ကယ်လ်စီယမ် ၊ သံ ဓာတ်၊ မဂ္ဂ်နီဆီယမ် ၊ မဂ္ဂနိစ် ၊ ဆီလီနီယမ်တွေများစွာပါဝင်ပါတယ်။ သကာရည်က ဆံသားနဲ့ လက်သည်း ၊ ခြေသည်းတွေကို တောက်ပြောင် လှပစေပါတယ်။

၆-ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပိုးသတ်အာနိသင် ရှိလို့ ဗိုင်းရပ်စ် ၊ဘက်တီးရီးယားနဲ့ မှိုပိုး တွေကို သေစေပါတယ်။ ဒါ့အပြင် နှာခေါင်း ၊ လေပြွန် နဲ့ အဆုတ်ထဲက ချွဲတွေကိုရှင်းလင်းပေးပါတယ်။

၇-ပျားရည်

ပျားရည်မှာ ပိုးသတ်အာနိသင်ရှိပြီး လည်ချောင်းနဲ့ အဆုတ်ထဲကို ပိုးမွှားတွေဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးပါတယ် ။ ပျားရည်ကို အပူပေးပြီး သံပုရာရည် အနည်းငယ် ထည့်ကာ သောက်ပေးပါ။

၈-စိမ်းပြာရေညှိ

စိမ်းပြာရေညှိက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာ ပေးနိုင်လို့ စူပါ အစားအစာလို့်တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ ဇီဇမ်သင်၊ ဘီတာကယ်ရို တင်းနဲ့ ခရိုမီယမ်တွေပါဝင်ပါတယ်။

၉-ချင်း (ဂျင်း)

ချင်း (ဂျင်း) က ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ပျို့အန်တာ ၊ ခရီးသွားရင် ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက်သာစေပါတယ်။ ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး သွေးလှည့်ပတ်မှုကောင်းစေလို့ အအေးမိတုပ်ကွေးဖြစ်တာကို လည်းသက်သာစေပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *