(၂၃)ကြိမ်မြောက်အောင်ဘာလေကျပ်သိန်း(၁၅၀၀၀)ဆုရှင်ထွက်ပေါ်
ဇန်နဝါရီ(၁)၊၂၀၂၁ ရက်နေ့ (၂၃) ကြိမ်မြောက်အောင်ဘာလေကျပ်သိန်းတစ်သောင်းငါးထောင်ဆုရှင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှ မဝင်းဝင်းအိကဆွတ်ခူးရရှိသွားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင်သိန်းတစ်သောင်းဆုမဲသည် (ကဂ- ၄၀၆၁၀၄)နံပါတ်ဖြင့် ထွက်ရှိခဲ့ပါသည်။

ယင်းဆုကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈x၄၉ လမ်းကြား၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူ မဝင်းဝင်းအိက ဆွတ်ခူးရရှိခဲ့သည်။

Zawgyi
(၂၃)ကြိမ်မြောက်အောင်ဘာဘေကျပ်သိန်း(၁၅၀၀၀)ဆုရှင်ထွက်ပေါ်

