လိပ်ခေါင်းရောဂါအတွက်၁၀ရက်အတွင်းပျောက်ကင်းစေမည့်သဘာဝဆေးနည်း
လိပ်ခေါင်းရောဂါအတွက်၁၀ရက်အတွင်းပျောက်ကင်းစေမည့်သဘာဝဆေးနည်း
လိပ်ခေါင်းရောဂါဝေဒနာရှင်များအတွက်  ဘေးဥပါတ်မဖြစ် လွယ်ကူထိရောက်တဲ့ မြန်မာ့တိုင်းရင်းဆေးနည်းလေးတစ်ခုကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းမျာ
၁။သပွတ်ခါးသီး ၃ လုံး
၂။ငရံ့ပတူပင် တစ်ပင်
၃။သံပုရာသီး
ပြုလုပ်နည်း
သပွတ်ခါးသီးရင့်ရင့် ၃လုံးကိုယူ၍အရည်ညှစ်ထားပါ။ငရံ့ပတူပင်တစ်ပင်လုံး(အရိုး အရွက်အမြစ်အားလုံးပါရမည်)ကိုနေခြောက်လှန်း မီးရှို့၍ပြာချပါ။ သပွတ်ခါးသီးညှစ်၍ရသောအရ ည်နှင့် ငရံ့ပတူပင်ပြာချ၍ရသောပြာများကိုရောမွှေလိုက်ပါ။ သံပုရာရေညှစ်ထည့်ပါ။ ဆေးရပါပြီ။
အသုံးပြုပုံ
ထိုဆေးကိုကြက်တောင်ဖြင့်ယူ၍ ထွက်နေသောလိပ်ခေါင်းကို လိမ်းပေးပါ။ သုံးစွဲသူများပြောပြချက်အရသားငံရည်များထွက်လာပါလိမ့်မည်။
ပူစပ်စပ်ဖြစ်တတ်ပါသည်။မကြောက်ပါနှင့်၂ပါတ်အတွင်းလိပ်ခေါင်းမှာရှုံ့၍အမြစ်ပါပြတ်သွားပါလိမ့်မည်။
အချို့သူများက လိပ်ခေါင်းမှာခြောက်၍ ကြွေကျသွားသည်ဟု ဆိုပါသည်။ဘေးဥပါတ် လုံးဝမဖြစ်ပါ။ ဤဆေးသုံး၍ ဆေးခန်းရော က်သူမရှိသလို ဘေးဥပါတ်ဖြစ်သူဟူ၍ ယနေ့တိုင်မမြင်ဖူးသေးပါ။
ပို၍ထိရောက်မြန်ဆန်လိုပါက ဆေးလိမ်းနေစဉ်ကာလအတွင်းတွဲဘက်ဆေးအနေဖြင့် ကုန်းထိကရုံးပင်အရွက်ကလေးများကိုခူး၍ လက်သုတ်သုတ်စားပေးပါ (သို့) ပြုတ်၍သောက်ပါ။ဒါဆို၁၀ရက်ကြာမည့်သူ ၅ ရက်ဖြင့်ပျောက်ပါလိမ့်မည်။
အမှတ်သညာထဲကသဘာဝဆေးနည်းလေးတစ်ခုကို ဝေဒနာရှင်တို့အား စေတနာဖြင့်ပျောက်စေရန်ရည်သန်လျှက်မျှဝေပေးလိုက်ပါသည်။
လိပ်ခေါင်းဝေဒနာရှင်များ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေ။
မူရင်းခရစ်ဒစ်
Zaygyi
ပါဝင်ပစ္စည်းများ
၁။သပွတ်ခါးသီး ၃ လုံး
၂။ငရံ့ပတူပင် တစ်ပင်
၃။သံပုရာသီး
ပြုလုပ်နည်း
အသုံးပြုပုံ
မူရင်းခရစ်ဒစ်
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *