မြန်မာနိုင်ငံတွင် covide ကုသဆေးကြီး ပထမဆုံးထုတ်လုပ်မှုအောင်မြင်

မြန်မာနိုင်ငံတွင် covide ကုသဆေးကြီး ပထမဆုံးထုတ်လုပ်မှုအောင်မြင်

နှစ်သစ်အတွက် သတင်းကောင်းလို့ဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးကိုဗစ်ကပ်ရောဂါကုသဆေးထုတ်လုပ်မှုအောင်မြင်သွားပြီလို့ AA Medical Products က ဒီနေ့ဒီဇင်ဘာလ(၃၁)ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ်လူနာတွေအတွက် Pacific Medical Industries Ltd (PMI) ရဲ့အနောက်တိုင်းဆေးဝါးစက်ရုံ ( မြန်မာနိုင်ငံ) ကပထမဆုံးထုတ်လုပ်တာလည်းဖြစ်ပါတယ်။

အဲဒီဆေးနာမည်ကတော့ Favipac (Favipiravir 200mg) Tabletဖြစ်ပြီးတော့မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)ရဲ့ ခွင့်ပြုချက်ကိုလည်းရရှိထားတယ်လို့သိရပါတယ်။

အဲဒီဆေးကတော့ ကိုဗစ်လက္ခဏာအနည်းငယ်ပြသချိန်မှာသောက်သုံးရင် အမြန်နလံထူလာမှာဖြစ်ပြီးပြင်းထန်တဲ့အဆင့်ရောက်မှသောက်ရင်တော့ ရောဂါဖြစ်ပွားမှုကို

လျှော့ချနိုင်မယ့်အကျိုးကျေးဇူးတွေရရှိဖို့ ယုံကြည်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။အဲဒီ Favipac ဆေး အလုံးရေ(၆၀၀၀၀)ကိုတော့ ကိုဗစ်ကုသတဲ့ဆေးရုံ(၂၅)ရုံကို ထောက်ပံမှာဖြစ်ပြီးတော့

တပ်မတော်ကိုတော့အလုံးရေ(၁၅၀၀၀)ထောက်ပံသွားမယ်လို့သိရပါတယ်။ AA Medical ကတော့အဲဒီဆေးကိုဈေးကွက်ထဲဖြန့်ချိမလားဆိုတဲ့အကြောင်းနဲ့ ဈေးနှုန်းကိုတော့ မထုတ်ပြန်သေးဘူးလို့သိရပါတယ်။

ကဲမြန်မာနိုင်ငံကြီး ကိုဗစ်ကပ်ဆိုးကြီးဘေးမှအမြန်ဆုံးကျော်လွှာနိုင်ပါစေလို့ဆုတောင်းရင်း ဝမ်းသာဂုဏ်ယူစရာသတင်းလေးကို အားလုံးအတွက် မျှဝေပေးလိုက်ကြပါအုံးနော်….

ZG

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကုသေဆးကို ပထမဆုံးထုတ္လုပ္မႈေအာင္ျမင္

ႏွစ္သစ္အတြက္ သတင္းေကာင္းလို႔ဆိုရမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးကိုဗစ္ကပ္ေရာဂါကုသေဆးထုတ္လုပ္မႈေအာင္ျမင္သြားၿပီလို႔ AA Medical Products က ဒီေန႔ဒီဇင္ဘာလ(၃၁)ရက္ေန႔မွာထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ကိုဗစ္လူနာေတြအတြက္ Pacific Medical Industries Ltd (PMI) ရဲ႕အေနာက္တိုင္းေဆးဝါးစက္႐ုံ ( ျမန္မာႏိုင္ငံ) ကပထမဆုံးထုတ္လုပ္တာလည္းျဖစ္ပါတယ္။

အဲဒီေဆးနာမည္ကေတာ့ Favipac (Favipiravir 200mg) Tabletျဖစ္ၿပီးေတာ့ျမန္မာႏိုင္ငံအစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန (FDA)ရဲ႕ ခြင့္ျပဳခ်က္ကိုလည္းရရွိထားတယ္လို႔သိရပါတယ္။

အဲဒီေဆးကေတာ့ ကိုဗစ္လကၡဏာအနည္းငယ္ျပသခ်ိန္မွာေသာက္သုံးရင္ အျမန္နလံထူလာမွာျဖစ္ၿပီးျပင္းထန္တဲ့အဆင့္ေရာက္မွေသာက္ရင္ေတာ့ ေရာဂါျဖစ္ပြားမႈကို

ေလွ်ာ့ခ်ႏိုင္မယ့္အက်ိဳးေက်းဇူးေတြရရွိဖို႔ ယုံၾကည္တယ္လို႔လည္းထုတ္ျပန္ထားပါတယ္။အဲဒီ Favipac ေဆး အလုံးေရ(၆၀၀၀၀)ကိုေတာ့ ကိုဗစ္ကုသတဲ့ေဆး႐ုံ(၂၅)႐ုံကို ေထာက္ပံမွာျဖစ္ၿပီးေတာ့

တပ္မေတာ္ကိုေတာ့အလုံးေရ(၁၅၀၀၀)ေထာက္ပံသြားမယ္လို႔သိရပါတယ္။ AA Medical ကေတာ့အဲဒီေဆးကိုေဈးကြက္ထဲျဖန႔္ခ်ိမလားဆိုတဲ့အေၾကာင္းနဲ႔ ေဈးႏႈန္းကိုေတာ့ မထုတ္ျပန္ေသးဘူးလို႔သိရပါတယ္။

ကဲျမန္မာႏိုင္ငံႀကီး ကိုဗစ္ကပ္ဆိုးႀကီးေဘးမွအျမန္ဆုံးေက်ာ္လႊာႏိုင္ပါေစလို႔ဆုေတာင္းရင္း ဝမ္းသာဂုဏ္ယူစရာသတင္းေလးကို အားလုံးအတြက္ မွ်ေဝေပးလိုက္ၾကပါအုံးေနာ္….

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *