KBZ ATM စက်နှင့် K pay ဝန်ဆောင်မှုတွေ ယာယီအသုံပြုလို့ မရနိုင်ဟုကြေညာ
ကမ္ဘောဇဘဏ် ရဲ့ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကို လာမယ့် ဧပြီ ၇ ရက်နေ့မှ ဧပြီ ၁၂ ရက်နေ့အထိ ဆောင်ရွက်သွားမှာဖြစ်လို့ အွန်လိုင်းဘဏ် ဝန်ဆောင်မှုတွေ တစ်ပတ်ခန့်အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ KBZ ဘဏ်ကကြေညာပါတယ်။




Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကိုအစိုးရရုံးပိတ်ရက်တွေဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်မှ ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီအထိဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆင့်မြှင့်တင်နေတဲ့ကာလအတွင်းအွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေဖြစ်တဲ့ iBanking နှင့်




mBanking အပါအဝင် Debit နှင့် Credit Card ဝန်ဆောင်မှုတွေ၊ အချို့သော ATM စက်တွေနဲ့ KBZ Pay ဝန်ဆောင်တွေကို ယာယီအသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပြီး ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက သုံးစွဲသူများကိုအချိန်နှင့်တပြေးညီအသိပေးသွားမယ်လို့ကြေညာထားပါတယ်။




သို့သော် KBZ Pay ရဲ့ အခြားဝန်ဆောင်တွေဖြစ်တဲ့ငွေပေးချေခြင်း၊ငွေလွှဲခြင်း၊ဖုန်းငွေဖြည့်ခြင်း၊MPU (Other) မှCash-in ပြုလုပ်ခြင်းတို့ကိုဆက်လက်အသုံးပြုနိုင်မယ်လို့သိရပါတယ်။အဆိုပါအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး KBZ Bank ဝန်ထမ်းတွေအနေနဲ့

Customer တွေရဲ့အချက်အလက်တွေကို ဆက်သွယ်တောင်းဆိုခြင်းတွေ ပြုလုပ်သွားမှာမဟုတ်လို့ မသမာသူတွေက KBZ Pay OTP တောင်းဆိုခြင်း၊Password တောင်းဆိုခြင်းနှင့်အခြားကိုယ်ရေးအချက်အလက်တောင်းဆိုခြင်းတွေရှိလာပါကသတိပြုရှောင်ရှားဖို့ကိုလည်း KBZ ဘဏ်မှ ကြိုတင် အသိပေးထားပါတယ်။