CNG အရောင်းဆိုင်များ သင်္ကြန်ကာလတွင်း အလှည့်ကျဖွင့်လှစ်သွားမည်

CNG အရောင်းဆိုင်များ သင်္ကြန်ကာလတွင်း အလှည့်ကျဖွင့်လှစ်သွားမည်

သင်္ကြန်ကာလအတွင်း CNG အရောင်းဆိုင်များ အလှည့်ကျဖွင့်လှစ်သွားမှာဖြစ်ရာဖွင့်မယ့်ဆိုင် ၊နေ့ရက်နဲ့ အချိန်များကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနကနေထုတ်ပြန်အသိပေးထားပါတယ်။ရန်ကုန်မြို့အတွင်း သဘာဝဓာတ်ငွေ့ CNGအရောင်းဆိုင်ပေါင်း ၄၀ကျော်ရှိပြီး

သင်္ကြန်တွင်းကာလမှာတော့ ဓာတ်ငွေ့အရောင်းဆိုင်ပေါင်း ၃၀ကို အလှည့်ကျ ဖွင့်လှစ်ပေးသွားမယ်လို့ဆိုပါတယ်။ဧပြီလ(၈)ရက်မှ(၁၇)ရက်အထိ CNGဓာတ်ငွေ့အရောင်းဆိုင်တွေကို ရန်ကုန်မှာ သင်္ကြန်ကာလအတွင်း မနက် ၆နာရီကနေ ညနေ၇နာရီ အထိဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင်အဆိုပါ ဧပြီလ(၈)ရက်မှ(၁၇)ရက်အထိ အတွင်းမှာလည်း ပလိပ် ၊ရေနံချောင်း ၊ချောက် ၊မောင်းမကန်မှအရောင်းဆိုင်တွေလည်းမနက်(၆)နာရီမှ ညနေ(၇)နာရီအထိဖွင့်လှစ်ထားမယ်လို့ဆိုပါတယ်။

ဧပြီလ(၈)ရက်မှ(၁၂)ရက်အထိ မှာလည်း ရေနံချောင်း၊မန္တလေးအရောင်းဆိုင်နဲ့ ရန်ကုန်မြို့တွင်းရှိမြို့နယ်အသီးသီးမှအရောင်းဆိုင်စုစုပေါင်း(၁၆)ဆိုင် ဖွင့်လှစ်ထားမည်ဖြစ်ပြီးအဆိုပါ(၁၆)ဆိုင်ဟာဧပြီလ(၁၃)ရက်မှ(၁၇)ရက်နေ့များတွင် အရောင်းပိတ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။






Facebook Comments Box