စံချိန်တင်မြင့်တက်လာသည့် ယနေ့ကမ္ဘာ့ရွှေစျေးနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်းများ
လတ်တလောတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျင်အမေရိကန်ဒေါ်လာ၂၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာပြီးအသင်း၏ရည်ညွှန်းဈေးနှုန်းမှာလည်း ၂၄ သိန်းနီးပါးအထိဈေးတင်သတ်မှတ်လာသည်ကိုတွေ့ရသည်။




ယနေ့ ဧပြီလ (၅) ရက်ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျင်အမေရိကန်ဒေါ်လာ(၂၀၂၅) ဒေါ်လာဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ရည်ညွှန်းဈေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၃၈၅၇၀၀ ဖြစ်ကြောင်းသိရသည်။




အဆိုပါ ရည်ညွှန်းဈေးနှုန်းမှာယမန်နေ့ကဈေးကွက်ပိတ်ချိန်သတ်မှတ်ခဲ့သည့် ရည်ညွှန်းဈေး ၂၃၃၅၀၀၀ နှင့် နှိုင်းယှဉ်ပါက ၅၀၀၀၀ ခန့် မြင်တက်လာခြင်းဖြစ်သည်။ပြီးခဲ့သည့် လကုန်ပိုင်းက ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းခဲ့သည့်အတွက်ဆက်လက်ကျဆင်းနိုင်ကြောင်းခန့်မှန်းမှုများရှိခဲ့သော်လည်း




လက်တွေ့တွင်ကမ္ဘာ့ရွှေဈေးနှုန်းမှာထပ်မံမြင့်တက်လာခြင်းလည်း ဖြစ်သည်။အကယ်၍ကမ္ဘာ့ရွှေ ဈေးနှုန်းကျဆင်းခဲ့ပါကလာမည့်သင်္ကြန်ကာလအတွင်းမြန်မာ့ရွှေဈေးနှုန်းပါလိုက်ကျလာနိုင်ကြောင်း ခန့်မှန်းမှုများရှိခဲ့သော်လည်း လက်ရှိတွင် (၂၉) သိန်းအထက်၌သာ ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်းရန်ကုန်ရွှေဈေးကွက်အတွင်းမှသိရသည်။




ကမ္ဘာ့ရွှေဈေး အတက်အကျဂယက်ကြောင့် ပြည်တွင်း ရွှေဈေး အလှုပ်အခတ်အနည်းငယ် ရှိနေသော်လည်းပြည်တွင်းရွှေဈေးကွက်တွင်အရောင်းအဝယ်အေးလျက်ရှိနေကြောင်းလည်းရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

ယနေ့ ဧပြီလ (၅) ရက် ရန်ကုန်ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၉၆၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ၁၅ပဲရည်ရွှေစျေး တစ်ကျပ်သားလျင် ၂၇၈၀၀၀၀ ကျပ် ဝန်းကျင်ဖြစ်ကြောင်းသိရသည်။