မကြာမီ မြင်တွေ့ရမည့် ဧပြီလ၏ ပန်ရောင်လပြည့်ဝန်း
ဧပြီလ၏ပန်းရောင်လပြည့်ဝန်းကို ယခုသီတင်းပတ်အတွင်းတွင် တွေ့မြင်ကြရမည်ဟု နက္ခတ်သိပ္ပံပညာရှင်များကဆိုကြသည်။အဆိုပါ ပန်းရောင်လပြည့်ကို ဗုဒ္ဓဟူးနေ့ညမှ စတင်မြင်တွေ့ကြရမည်ဖြစ်ပြီး၊




ကြာသပတေးနေ့ညသန်းကောင်ကျော် ၀၀း၃၄ နာရီတွင်အပြည့်ဝဆုံးအခြေအနေသို့ရောက်ရှိမည်ဖြစ်ကြောင်းနာဆာကပြောသည်။”ဒါပေမယ့် အမှတ်တမဲ့ကြည့်လိုက်ရင်တော့ တခြားလပြည့်ဝန်းတွေလိုပဲလို့ မြင်ကြမှာပါ”ဟုနာဆာ၏ဂြိုဟ်များဘူမိဗေဒ၊




ဘူမိရူပဗေဒနှင့် ဘူမိဓာတ်ခွဲခန်းအကြီးအကဲဒေါက်တာ နိုအာပက်ထရိုက ပြောသည်။”လကို သေသေချာချာကြည့်ကြဖို့၊တခြားလပြည့်တွေနဲ့ မတူတဲ့အရောင်၊အလင်းအမှောင်ကျရောက်တဲ့ဒေသမတူတာတွေကို ကြည့်ဖို့ မှန်ပြောင်းတော့လိုပါတယ်။




အဲဒီလို ကြည့်ကြဖို့၊အနည်းဆုံးတော့ နှစ်လုံးပြူးမှန်ပြောင်းလောက်နဲ့အနီးကိုဆွဲယူပြီးကြည့်ကြဖို့ တိုက်တွန်းပါတယ်။အဲဒီကွာခြားချက်တွေနဲ့အတူလကျောက်သားတွေရဲ့ ကွဲပြားတဲ့ ဖွဲ့စည်းပုံတွေကို သတိပြုမိအောင်ကြည့်ကြဖို့ကိုလဲတိုက်တွန်းပါတယ်”ဟုဒေါက်တာနိုအာပက်ထရိုကဖြည့်စွက်ပြောကြားသည်။
မၾကာမီ ျမင္ေတြ႕ရမည့္ ဧၿပီလ၏ ပန္ေရာင္လျပည့္ဝန္း

ဧၿပီလ၏ပန္းေရာင္လျပည့္ဝန္းကို ယခုသီတင္းပတ္အတြင္းတြင္ ေတြ႕ျမင္ၾကရမည္ဟု နကၡတ္သိပၸံပညာရွင္မ်ားကဆိုၾကသည္။အဆိုပါ ပန္းေရာင္လျပည့္ကို ဗုဒၶဟူးေန႔ညမွ စတင္ျမင္ေတြ႕ၾကရမည္ျဖစ္ၿပီး၊
ၾကာသပေတးေန႔ညသန္းေကာင္ေက်ာ္ ၀၀း၃၄ နာရီတြင္အျပည့္ဝဆုံးအေျခအေနသို႔ေရာက္ရွိမည္ျဖစ္ေၾကာင္းနာဆာကေျပာသည္။”ဒါေပမယ့္ အမွတ္တမဲ့ၾကည့္လိုက္ရင္ေတာ့ တျခားလျပည့္ဝန္းေတြလိုပဲလို႔ ျမင္ၾကမွာပါ”ဟုနာဆာ၏ၿဂိဳဟ္မ်ားဘူမိေဗဒ၊
ဘူမိ႐ူပေဗဒႏွင့္ ဘူမိဓာတ္ခြဲခန္းအႀကီးအကဲေဒါက္တာ ႏိုအာပက္ထ႐ိုက ေျပာသည္။”လကို ေသေသခ်ာခ်ာၾကည့္ၾကဖို႔၊တျခားလျပည့္ေတြနဲ႔ မတူတဲ့အေရာင္၊အလင္းအေမွာင္က်ေရာက္တဲ့ေဒသမတူတာေတြကို ၾကည့္ဖို႔ မွန္ေျပာင္းေတာ့လိုပါတယ္။
အဲဒီလို ၾကည့္ၾကဖို႔၊အနည္းဆုံးေတာ့ ႏွစ္လုံးျပဴးမွန္ေျပာင္းေလာက္နဲ႔အနီးကိုဆြဲယူၿပီးၾကည့္ၾကဖို႔ တိုက္တြန္းပါတယ္။အဲဒီကြာျခားခ်က္ေတြနဲ႔အတူလေက်ာက္သားေတြရဲ႕ ကြဲျပားတဲ့ ဖြဲ႕စည္းပုံေတြကို သတိျပဳမိေအာင္ၾကည့္ၾကဖို႔ကိုလဲတိုက္တြန္းပါတယ္”ဟုေဒါက္တာႏိုအာပက္ထ႐ိုကျဖည့္စြက္ေျပာၾကားသည္။