ယနေ့ ပြင်ပစျေးကွက်ရှိ ဒေါ်လာစျေး၊စက်သုံးဆီစျေးနှုန်းများနှင့် ရွှေစျေး

ယနေ့ ပြင်ပစျေးကွက်ရှိ ဒေါ်လာစျေး၊စက်သုံးဆီစျေးနှုန်းများနှင့် ရွှေစျေး

၂၀၂၃ခုနှစ် ဧပြီ (၅)ရက် ဗုဒ္ဓဟူးနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။

ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့်ရန်ကုန် ၉၂ တစ်လီတာ ၂၂၆၀ ကျပ်၊၉၅တစ်လီတာ ၂၃၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၅၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၃၅ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊၉၅ တစ်လီတာ ၂၃၆၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်၊

ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၈၀ ကျပ်နှင့်မန္တလေး ၉၂ တစ်လီတာ ၂၃၁၀ ကျပ်၊၉၅ တစ်လီတာ ၂၃၇၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၈၅ ကျပ်ဖြစ်ပြီး စက်သုံးဆီစျေးနှုန်းများ ဆက်လက်မြင့်တက်လာပါသည်။

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2850 ကျပ်၊ Sell – 2865 ကျပ်
စင်ကာပူဒေါ်လာ -buy 2145 ကျပ်၊ Sell -2165 ကျပ်
ဂျပန်ယန်း – buy 22 ကျပ်၊ Sell 22.40 ကျပ်
ယူရို – buy 3060 ကျပ်၊ Sell 3085 ကျပ်

ထိုင်းဘတ်ငွေ – buy 83.70 ကျပ်၊ Sell 84.40 ကျပ်
တရုတ်ယွမ် -buy 412 ကျပ်၊ Sell 418 ကျပ်
မလေးရှားရင်ဂစ် -buy 645 ကျပ်၊Sell 655ကျပ် ဖြစ်ပြီး စျေးကွက်ပိတ်ပါသည်။

ယနေ့ ကမ္ဘာ့ရွှေစျေးအဖွင့်တွင် တစ်အောင်စလျှင် ၂၀၂၁ ဒေါ်လာ ဖြင့်စျေးဖွင့်ပြီး ကမ္ဘာ့ရွှေစျေး စံချိန်တင်စွာမြင့်တက်လာပါသည်။YGEA အသင်းမှထုတ်ပြန်သည့် ရည်ညွှန်းစျေး မနက်(၁၀:၀၀)နာရီအချိန်တွင် ၂၃၈၂၁၀၀ကျပ်ဖြင့်စျေးဖွင့်ပြီး ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ

နေ့လည် (၁၂:၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၉၆၅၀၀၀/-ကျပ်၊ဝယ်စျေး ၂၉၄၅၀၀၀/- ကျပ်နှင့်၁၅ပဲရည် ရွှေစျေးအရောင်း ၂၇၈၀၀၀၀/-ကျပ်နှင့် အဝယ် ၂၇၂၀၀၀၀/- ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ဧပြီလ (၄)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင်ရောင်းစျေး ၂၉၄၂၀၀၀/- ကျပ်၊ဝယ်စျေး ၂၉၃၇၀၀၀/- ကျပ်ဖြင့်စျေးပိတ်ပြီး

ည (၈: ၄၀)နာရီအချိန်တွင်ကမ္ဘာ့ရွှေစျေး တစ်အောင်စလျှင်၂၀၁၀ ဒေါ်လာနှင့်စျေးပိတ်သွားပြီး ကမ္ဘာ့ရွှေစျေးဆက်တိုက် မြင့်တက်လျက်ရှိပါသည်။

အမေရိကန် တစ်ဒေါ်လာ sell 2865 ကျပ်၊ buy 2850 ကျပ်ဖြင့်စျေးကွက်ပိတ်သွားပါသည်။အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။

Facebook Comments Box