Home made ထောပတ်သီးရေခဲမုန့် ပြုလုပ်နည်း

Home made ထောပတ်သီးရေခဲမုန့် ပြုလုပ်နည်း

ဆောင်းရာသီဆိုပေမယ့် ထောပတ်သီးပေါတဲ့ရာသီတစ်ခုဖြစ်တာကြောင့်ရေခဲမုန့်ကြိုက်နှစ်သက်တဲ့သူတွေက ကြိုက်တဲ့အတွက်ကြောင့် အိမ်မှာလည်းအလွယ်တကူပြုလုပ်စားနိုင်မယ့်ထောပတ်သီးရေခဲမုန့်ပြုလုပ်နည်းအချို့ကို မျှဝေလိုက်တာဖြစ်ပါတယ်ရှင့်။

ရေခဲမုန့်အတွက်ပါဝင်ပစ္စည်းများ

၁။ ထောပတ်သီး ၁ လုံး (၄၅၀ ဂရမ်)

၂။နို့ဆီကို စားပွဲဇွန်းမောက်မောက် ၁ဇွန်း

၃။သကြား ၄ စားပွဲဇွန်း

၄။Whipping cream ၁ ဗူး

၅။ဆား အနည်းငယ်မျှသာ

၆။နွားနို့ သို့မဟုတ် နို့စိမ်း ၁၀၀ မီလီလီတာ

ပြုလုပ်နည်း

ရေခဲမုန့် ပြုလုပ်မည့် ခွက်ကို ရေခဲသေတ္တာ အခဲထပ်တွင် တစ်ည သို့မဟုတ် (၂၄ နာရီ) ထည့်ထားပါ။

ဝှစ်ပင်းခရင်မ်(Whipping cream)၊ ခရင်ကိုမွှေမည့် ခွက်၊ မွှေတံတို့ကို ရေခဲသေတ္တာ အအေးထပ်တွင် ကြိုတင် ထည့်ထားပါ။

အားလုံးအေးနေသောအခါခရင်မ်ကိုခွက်တွင်ထည့်ပီးမွှေပါ၊အမြှုတ်ထလာသောအခါသကြား၁ဇွန်းထည့်ပီးမွှေပါ၊အမြှုတ်များပွလာတဲ့အခါသကြား၁ဇွန်းထပ်ထည့်ပီးအမြှုတ်ခဲလုနီးပါးအထိမွှေပါ၊

အမွှေလွန်လျှင်အမြူတ်များပြန်ကျသွားတတ်သည်။ရေခဲသေတ္တာ အအေးထပ်တွင်ထည့်ထားပါ။ထောပတ်သီး အသားနွှာပီး၊ နို့ဆီ၊ နွားနို့၊ သကြား ၂ ဇွန်းထည့်ပီး ကြိတ်ထားပါ။ ထောပတ်သီး နှင့် အအေးခံထားသော ခရင်အနှစ် ရောပီးမွှေပါ။

ရေခဲမုန့်ခွက်နှင့် ဒလက်ကိုစက်တွင်အံကျအောင်တပ်ဆင်ပီးခလုပ်နှိပ်ပါ၊မုန့်နှစ်အရည် အပေါ်မှ လောင်းချထည့်ပါ၊မုန့်နှစ်ရည်ခဲလာသည့်အခါစက်ကို ရပ်ပါ။

ဒလက်ကိုဖယ်ပြီးသိမ်းမည့်ဗူးတွင်ပြောင်းထည့်ကာရေခဲသေတ္တာအခဲထပ်တွင်သိမ်းပါ။

အေးခဲသွားတဲ့ အခါမှာ စားလို့ရပါပြီ။မွမွချိချိုမွေးမွေးအေးအေးနဲ့ အရမ်းစားကောင်းတဲ့ရေခဲမုန့်လေးမို့ လိုက်လုပ်စားကြည့်ဖို့အကြံပြုလိုက်ပါတယ်နော်။

ဖိုလ်တိုခရက်ဒစ်

Home made ထာပတ္သီးေရခဲမုန႔္ ျပဳလုပ္နည္း

ေဆာင္းရာသီဆိုေပမယ့္ ေထာပတ္သီးေပါတဲ့ရာသီတစ္ခုျဖစ္တာေၾကာင့္ေရခဲမုန႔္ႀကိဳက္ႏွစ္သက္တဲ့သူေတြက ႀကိဳက္တဲ့အတြက္ေၾကာင့္ အိမ္မွာလည္းအလြယ္တကူျပဳလုပ္စားနိုင္မယ့္ေထာပတ္သီးေရခဲမုန႔္ျပဳလုပ္နည္းအခ်ိဳ့ကို မၽွေဝလိုက္တာျဖစ္ပါတယ္ရွင့္။

ေရခဲမုန္႕အတြက္ပါဝင္ပစၥည္းမ်ား

၁။ ေထာပတ္သီး ၁ လုံး (၄၅၀ ဂရမ္)

၂။နို့ဆီကို စားပြဲဇြန္းေမာက္ေမာက္ ၁ဇြန္း

၃။သၾကား ၄ စားပြဲဇြန္း

၄။Whipping cream ၁ ဗူး

၅။ဆား အနည္းငယ္မွ်သာ

၆။ႏြားနို့ သို့မဟုတ္ နို့စိမ္း ၁၀၀ မီလီလီတာ

ျပဳလုပ္နည္း

ေရခဲမုန႔္ ျပဳလုပ္မည့္ ခြက္ကို ေရခဲေသတၱာ အခဲထပ္တြင္ တစ္ည သို့မဟုတ္ (၂၄ နာရီ) ထည့္ထားပါ။

ဝွစ္ပင္းခရင္မ္(Whipping cream)၊ ခရင္ကိုေမႊမည့္ ခြက္၊ ေမႊတံတို့ကို ေရခဲေသတၱာ အေအးထပ္တြင္ ႀကိဳတင္ ထည့္ထားပါ။

အားလုံးေအးေနေသာအခါခရင္မ္ကိုခြက္တြင္ထည့္ပီးေမႊပါ၊အျမႇုတ္ထလာေသာအခါသၾကား၁ဇြန္းထည့္ပီးေမႊပါ၊အျမႇုတ္မ်ားပြလာတဲ့အခါသၾကား၁ဇြန္းထပ္ထည့္ပီးအျမႇုတ္ခဲလုနီးပါးအထိေမႊပါ၊အေမႊလြန္လၽွင္အျမဴတ္မ်ားျပန္က်သြားတတ္သည္။ေရခဲေသတၱာ အေအးထပ္တြင္ထည့္ထားပါ။

ေထာပတ္သီး အသားႏႊာပီး၊ နို့ဆီ၊ ႏြားနို့၊ သၾကား ၂ ဇြန္းထည့္ပီး ႀကိတ္ထားပါ။ ေထာပတ္သီး ႏွင့္ အေအးခံထားေသာ ခရင္အႏွစ္ ေရာပီးေမႊပါ။

ေရခဲမုန႔္ခြက္ႏွင့္ ဒလက္ကိုစက္တြင္အံက်ေအာင္တပ္ဆင္ပီးခလုပ္ႏွိပ္ပါ၊မုန႔္ႏွစ္အရည္ အေပၚမွ ေလာင္းခ်ထည့္ပါ၊မုန႔္ႏွစ္ရည္ခဲလာသည့္အခါစက္ကို ရပ္ပါ။

ဒလက္ကိုဖယ္ျပီးသိမ္းမည့္ဗူးတြင္ေျပာင္းထည့္ကာေရခဲေသတၱာအခဲထပ္တြင္သိမ္းပါ။

ေအးခဲသြားတဲ့ အခါမွာ စားလို႔ရပါၿပီ။မြမြခ်ိခ်ိဳေမြးေမြးေအးေအးနဲ႕ အရမ္းစားေကာင္းတဲ့ေရခဲမုန္႕ေလးမို႔ လိုက္လုပ္စားၾကည့္ဖို႔အၾကံျပဳလိုက္ပါတယ္ေနာ္။

ဖိုလ္တိုခရက္ဒစ္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *