သရုပ်ဆောင်နေမျိုးအောင် ၏ ချွေးမ DJ Violet ဖမ်းဆီးထိန်းသိမ်းခံရ

သရုပ်ဆောင်နေမျိုးအောင် ၏ ချွေးမ DJ Violet ဖမ်းဆီးထိန်းသိမ်းခံရ

မင်းသားကြီးနေမျိုးအောင် သားဖြစ်သူရဲ့ရည်းစားထွေးမွန် (DJ Violet) ကို ဧပြီလ (၃ )ရက် ညနေ၆နာရီခွဲအချိန်ကမြစ်ကြီးနားလေဆိပ်မှာစစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

သူမအနေနဲ့ ၅၀၅ ပုဒ်မ (မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု)စွပ်စွဲချက်ကို မတ်လပထမအပတ်အတွင်းက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ခံဝန်ရေးထိုးဖြေရှင်းထားပြီးလည်း သိရပါတယ်။ ” လိုင်းပေါ်မှာသူများတွေပြောနေသလို မူးယစ်ဆေးနဲ့ဆိုတာ လုံးဝမဟုတ်ပါဘူး။

နားလည်မှုလွှဲပြီးဖမ်းခံရတာပါ၊ပြန်ဖြေရှင်းနေပါတယ်”လို့အနုပညာအသိုင်းအဝိုင်းကသိရပါတယ်။မတ်လပထမအပတ်အတွင်းက ၅၀၅ပုဒ်မနဲ့ ခံဝန်ရေးထိုးဖြေရှင်းထားတာကို ကြည့်မြင်တိုင်ရဲစခန်းက သူ့နယ်မြေအတွင်းစွပ်စွဲထားတဲ့ အမှုကိုမပိတ်ဘဲ အခုလိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သ႐ုပ္ေဆာင္ေနမ်ိဳးေအာင္ ၏ ေခြၽးမ DJ Violet ဖမ္းဆီးထိန္းသိမ္းခံရ

မင္းသားႀကီးေနမ်ိဳးေအာင္ သားျဖစ္သူရဲ႕ရည္းစားေထြးမြန္ (DJ Violet) ကို ဧၿပီလ (၃ )ရက္ ညေန၆နာရီခြဲအခ်ိန္ကျမစ္ႀကီးနားေလဆိပ္မွာစစ္ေကာင္စီရဲ႕လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကဖမ္းဆီးခဲ့ေၾကာင္းသိရပါတယ္။

သူမအေနနဲ႔ ၅၀၅ ပုဒ္မ (မတည္မၿငိမ္ျဖစ္ေစရန္လႈံ႕ေဆာ္မႈ)စြပ္စြဲခ်က္ကို မတ္လပထမအပတ္အတြင္းက သက္ဆိုင္ရာအာဏာပိုင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ခံဝန္ေရးထိုးေျဖရွင္းထားၿပီးလည္း သိရပါတယ္။ ” လိုင္းေပၚမွာသူမ်ားေတြေျပာေနသလို မူးယစ္ေဆးနဲ႔ဆိုတာ လုံးဝမဟုတ္ပါဘူး။

နားလည္မႈလႊဲၿပီးဖမ္းခံရတာပါ၊ျပန္ေျဖရွင္းေနပါတယ္”လို႔အႏုပညာအသိုင္းအဝိုင္းကသိရပါတယ္။မတ္လပထမအပတ္အတြင္းက ၅၀၅ပုဒ္မနဲ႔ ခံဝန္ေရးထိုးေျဖရွင္းထားတာကို ၾကည့္ျမင္တိုင္ရဲစခန္းက သူ႔နယ္ေျမအတြင္းစြပ္စြဲထားတဲ့ အမႈကိုမပိတ္ဘဲ အခုလိုဖမ္းဆီးခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

Facebook Comments Box