သင်္ကြန်ကာလအတွင်း ရွှေစျေး ကျဆင်းနိုင်ကြောင်းခန့်မှန်းထားသည့်အတိုင်း တကယ်ဖြစ်လာနိုင်ပါ့မလား

သင်္ကြန်ကာလအတွင်း ရွှေစျေး ကျဆင်းနိုင်ကြောင်းခန့်မှန်းထားသည့်အတိုင်း တကယ်ဖြစ်လာနိုင်ပါ့မလား

ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ အရောင်းအဝယ်အေးနေသော်လည်း ပြင်ပရွှေဈေးနှုန်းမှာ(၂၉)သိန်းကျပ်အထက်တွင်သာ ဆက်လက်ရပ်တည်နေကြောင်းရန်ကုန်ရွှေဈေးကွက်အတွင်းမှသိရသည်။ယခုလ လလယ်ပိုင်းကစတင်ကာ

ကမ္ဘာ့ရွှေဈေးလှုပ်ခတ်မှုကြောင့်ပြည်တွင်းရွှေဈေးနှုန်းပါလိုက်တက်လာခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်ထိ အခေါက်ရွှေတစ်ကျပ်သားလျင်(၂၉)သိန်းကျပ်အထက်ဖြင့်သာဆက်လက်ရောင်းဝယ်နေကြဆဲဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကဖြစ်ပေါ်ခဲ့သည့်ကမ္ဘာ့ရွှေဈေးနှုန်းအ‌နေဖြင့်တစ်အောင်စလျင် ၂၉၉၈ ဒေါ်လာအထိစံချိန်တင်မြင့်တက်ခဲ့ပြီးပြည်တွင်းရှိအခေါက်ရွှေဈေးနှုန်းမှာလည်းတစ်ကျပ်သားလျင်၂၉၇၀၀၀၀ ကျပ်အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးနှင့်ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်မှုများရှိခဲ့သော်လည်း ဈေးကွက်အတွင်း၌ အရောင်းအဝယ် အေးသည့်အခြေအနေတွင်သာရှိနေကြောင်းရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင်ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျင် ၁၉၆၀ ဒေါ်လာအထိပြန်လည်ကျဆင်းလာပြီး ပြည်တွင်းရွှေဈေးနှုန်းအနေဖြင့်အခေါက်‌ရွှေတစ်ကျပ်သားလျင် ၂၉၂၀၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မကြာမီ ရက်ပိုင်းအတွင်း မြန်မာရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလကျရောက်တော့မည်ဖြစ်သည့်အတွက် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းဆက်လက်ကျဆင်းလာနိုင်သော်လည်းအရောင်းအဝယ်မှာ ဆက်လက်အေးနေနိုင်ကြောင်းရွှေလုပ်ငန်းလုပ်ကိုင်သူအချို့ကသုံးသပ်ကြသည်။

” သင်္ကြန်ကာလလည်းနီးပြီဆိုတော့ရွှေဈေးကတော့နည်းနည်းပါးပါးတော့ကျလောက်တယ်ပေါ့။ ဒါပေမဲ့ အရောင်းအဝယ်ပိုင်းကတော့ အခြေအနေတွေ အရပ်ရပ်ကြောင့် ဆက်ပြီး အေးနေဦးမယ့် သဘောရှိပါတယ်။ ပုံမှန်အခြေအနေမျိုးပေါ့ ” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းနေပြီး ထပ်မံ၍ ကျလာနိုင်သေးသည့်အတွက် သင်္ကြန်ကာလတွင် မြန်မာ့ရွှေဈေးပါ အကျဘက်သို့ ဦးတည်လာနိုင်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း သုံးသပ်သည်။” ကမ္ဘာ့ဈေးကတော့ နည်းနည်း ပြန်ကျလာပြီပေါ့ကွာ။ ဆက်ပြီးတော့လည်း ကျနိုင်သေးတယ် ။

ဆက်ကျနိုင်သေးတယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးကလည်း ဒီသင်္ကြန်ဆိုရင်တော့ အကျထဲ ရောက်သွားနိုင်တာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောသည်ယနေ့ မတ်လ (၃၀) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၂၃၀၉၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Facebook Comments Box