ယခုလာမည့် ဧပြီလမှာ ရန်ကုန်အပါအဝင်တိုင်းဒေကြီး (၈)ခုတွင်ခရမ်းလွန်ရောင်ခြည်အညွှန်ကိန်းမြင့်တက်နိုင်

ယခုလာမည့် ဧပြီလမှာ ရန်ကုန်အပါအဝင်တိုင်းဒေကြီး (၈)ခုတွင်ခရမ်းလွန်ရောင်ခြည်အညွှန်ကိန်းမြင့်တက်နိုင်

လာမယ့် ဧပြီလမှာနိုင်ငံတစ်ဝန်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။နေ့အပူချိန်တွေ အမြင့်ဆုံးအချိန်ဖြစ်တဲ့ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ၃ နာရီအချိန်ထိ

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက်နိုင်တဲ့အတွက်အပူဒဏ်ကာကွယ်နိုင်ဖို့အရိပ်ရတဲ့နေရာတွေမှာနေထိုင်သင့်တယ်လို့ ဆိုပါတယ်။ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကိုကာကွယ်နိုင်ဖို့အတွက် နေရောင်ခြည်ကျရောက်မှုရှိတဲ့နေရာတွေမှာ အလုပ်လုပ်တာတွေ ရှောင်ကြည်ဖို့လိုအပ်ပြီး

ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး နည်းလမ်းတွေကိုလည်း ဆောင် ရွက်သင့်တယ်လို့ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။လာမယ့်ဧပြီလမှာတော့ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့

နေပြည်တော်၊မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ်တို့မှာ နေ့အပူချိန်တွေထပ်မံမြင့်တက်လာနိုင်တယ်လို့လည်းဆိုပါတယ်။






Facebook Comments Box