ကြံတစ်တန်ကို ကျပ်တစ်သိန်းကျပ်ထိ ပေးဝယ်မည်
လာမယ့် ၂၀၂၃-၂၀၂၄ ကြံရာသီမှာပြည်တွင်းသကြားစက်တွေကကြံတစ်တန်ကို ကျပ် တစ်သိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။




လာမယ့်ဘဏ္ဍာနှစ်မှာတော့ ကြံဈေး ပိုမိုမြင့်တက်နိုင်ပြီး ပြည်တွင်းသကြားစက်တွေဖြစ်တဲ့ ငွေရည်ပုလဲ သကြားစက်၊မိုင်းရယ်သကြားစက်တို့ကကြံတစ်တန်ကို ကျပ် ၉၅၀၀၀၊ ဝေမာသကြားစက်က ကျပ်၉၄၀၀၀၊ မြဘုရင်သကြားစက်က ကြံတစ်တန်ကျပ်တစ်သိန်းအထိဈေးပေးဝယ်ယူမှာဖြစ်ကာ




အခြားသကြားစက်တွေကလည်း ဈေးတိုးမြှင့်ဝယ်ယူမယ်လို့ကြေညာပါတယ်။အခုနှစ်ကြံရာသီမှာ ရာသီဥတုအခြေအနေကြောင့်အထွက်နှုန်း ၁၀ ရာခိုင်နှုန်းလောက်ကျသွားပြီး ပြည်တွင်းသကြားလိုအပ်ချက်မြင့်လာတဲ့အတွက်စက်ရုံတွေက ကြံဈေး တိုးမြှင့်ဝယ်ကြတာလို့သိရပါတယ်။




လက်ရှိ ကြံရာသီအစမှာကြမ်းခင်းဈေး ကြံတစ်တန်ကို ၈၀၀၀၀ ကျပ်သတ်မှတ်ခဲ့ပေမယ့်နောက်ပိုင်း သကြားစက်တွေကကျပ် ၉၀၀၀၀ အထိ ဈေးထပ်မံတိုးမြှင့်ဝယ်ယူခဲ့ကြပြီးသကြားစက်အချို့ဟာ ကြံတစ်တန် ကျပ် ၉၅၀၀၀ အထိဈေးပေးဝယ်ခဲ့ကြတယ်လို့သိရပါတယ်။




အခုနှစ်စပိုင်းမှာ ပြည်တွင်းသကြားဈေးတွေ မြင့်တက်လို့ သကြားစက်ရုံတွေက ကြံတစ်တန်ကို အရင်ပေးထားတဲ့ဈေးထက်ကျပ် ၅၀၀၀ လောက် ဈေးပိုပေးဝယ်ခဲ့ကြတာလို့သိရပါတယ်။ဈေးကွက်ထဲ သကြားဈေးမှာတစ်ပိဿာ ကျပ် ၃၀၀၀ ဝန်းကျင်မှာရှိနေပြီး

ဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ သကြားကို ဗီယက်နမ်နိုင်ငံ တစ်ခုတည်းသာ တန်ချိန် ၄၅၀၀၀ တင်ပို့ရောင်းချဖို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တန်ချိန် ၅၀၀၀ ခန့်သာတင်ပို့ရသေးတယ်လို့ သိရပါတယ်။