ဒေါ်လာ လေးသောင်းကျော်တန် ဥက္ကာခဲဖြင့်ပြုလုပ်ထားသည့် လက်ကိုင်အိတ်များရောင်းချ

ဒေါ်လာ လေးသောင်းကျော်တန် ဥက္ကာခဲဖြင့်ပြုလုပ်ထားသည့် လက်ကိုင်အိတ်များရောင်းချ

ပြင်သစ် ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ကိုပါနီ (Coperni) ဟာ ဥက္ကာခဲတွေကိုလက်နဲ့ထွင်းပြီး ဖန်တီးထားတဲ့ လက်ကိုင်အိတ်တွေကို မကြာသေးမီကမှ စပြီးရောင်းချနေတယ်လို့သိရပါတယ်။အဲဒီ ဥက္ကာခဲတွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းငါးထောင်လောက်ကတည်းက

ကမ္ဘာမြေပေါ် ကျရောက်လာတဲ့ ဥက္ကာခဲတွေဖြစ်တယ်လို့ကိုပါနီကပြောပါတယ်။ ဥက္ကာခဲနဲ့ လုပ်ထားတဲ့လက်ကိုင်အိတ်တွေကိုအရေအတွက် အကန့်အသတ်နဲ့ ထုတ်ထားပြီး တစ်အိတ်ကို ဒေါ်လာ ၄၃,၀၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။

အိတ်ပုံစံက အရမ်းကြီး မကြီးပေမယ့် ဥက္ကာခဲနဲ့လုပ်ထားတဲ့အတွက် အိတ်ရဲ့ အလေးချိန်တင် ၄ ပေါင် နီးပါး ရှိပါတယ်။လက်ကိုင်အိတ် တစ်ခုစီဟာသူ့ဟာနဲ့သူထူးခြားနေမှာဖြစ်ပြီး ဥက္ကာခဲတွေဟာတစ်ခုနဲ့တစ်ခုမတူညီတဲ့အတွက် အိတ်တွေရဲ့ ပုံစံနဲ့ အရောင်ကတော့ အနည်းငယ်ကွဲပြားနေမှာပါ။

ဒါ့ပြင် အိတ်ဝယ်ယူတဲ့လူတွေကိုလည်းသူတို့ဝယ်လိုက်တဲ့အိတ်ရဲ့ ဥက္ကာခဲကဘယ်နေရာမှာ ကျရောက်ခဲ့တဲ့ ဥက္ကာခဲ ဆိုတာကိုလည်းဖော်ပြပေးသွားမှာပါလို့ကိုပါနီ ကပြောထားပါတယ်။ တမူဆန်းလှတဲ့ ဥက္ကာခဲ လက်ကိုင်အိတ်တွေကို အခုလက်ရှိကိုပါနီရဲ့ ဝက်ဘ်ဆိုဒ်မှာ ဝယ်ယူလို့ ရနေပြီပဲဖြစ်ပါတယ်။

ေဒၚလာ ေလးေသာင္းေက်ာ္တန္ ဥကၠာခဲျဖင့္ျပဳလုပ္ထားသည့္ လက္ကိုင္အိတ္မ်ားေရာင္းခ်

ျပင္သစ္ ဇိမ္ခံပစၥည္း အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ ကိုပါနီ (Coperni) ဟာ ဥကၠာခဲေတြကိုလက္နဲ႔ထြင္းၿပီး ဖန္တီးထားတဲ့ လက္ကိုင္အိတ္ေတြကို မၾကာေသးမီကမွ စၿပီးေရာင္းခ်ေနတယ္လို႔သိရပါတယ္။အဲဒီ ဥကၠာခဲေတြဟာလြန္ခဲ့တဲ့ ႏွစ္ေပါင္း ငါးေသာင္းငါးေထာင္ေလာက္ကတည္းက

ကမာၻေျမေပၚ က်ေရာက္လာတဲ့ ဥကၠာခဲေတြျဖစ္တယ္လို႔ကိုပါနီကေျပာပါတယ္။ ဥကၠာခဲနဲ႔ လုပ္ထားတဲ့လက္ကိုင္အိတ္ေတြကိုအေရအတြက္ အကန႔္အသတ္နဲ႔ ထုတ္ထားၿပီး တစ္အိတ္ကို ေဒၚလာ ၄၃,၀၀၀ ေလာက္က်သင့္မွာျဖစ္ပါတယ္။

အိတ္ပုံစံက အရမ္းႀကီး မႀကီးေပမယ့္ ဥကၠာခဲနဲ႔လုပ္ထားတဲ့အတြက္ အိတ္ရဲ႕ အေလးခ်ိန္တင္ ၄ ေပါင္ နီးပါး ရွိပါတယ္။လက္ကိုင္အိတ္ တစ္ခုစီဟာသူ႔ဟာနဲ႔သူထူးျခားေနမွာျဖစ္ၿပီး ဥကၠာခဲေတြဟာတစ္ခုနဲ႔တစ္ခုမတူညီတဲ့အတြက္ အိတ္ေတြရဲ႕ ပုံစံနဲ႔ အေရာင္ကေတာ့ အနည္းငယ္ကြဲျပားေနမွာပါ။

ဒါ့ျပင္ အိတ္ဝယ္ယူတဲ့လူေတြကိုလည္းသူတို႔ဝယ္လိုက္တဲ့အိတ္ရဲ႕ ဥကၠာခဲကဘယ္ေနရာမွာ က်ေရာက္ခဲ့တဲ့ ဥကၠာခဲ ဆိုတာကိုလည္းေဖာ္ျပေပးသြားမွာပါလို႔ကိုပါနီ ကေျပာထားပါတယ္။ တမူဆန္းလွတဲ့ ဥကၠာခဲ လက္ကိုင္အိတ္ေတြကို အခုလက္ရွိကိုပါနီရဲ႕ ဝက္ဘ္ဆိုဒ္မွာ ဝယ္ယူလို႔ ရေနၿပီပဲျဖစ္ပါတယ္။

Source: Odditycentral

Facebook Comments Box