တိုင်းနဲ့ ပြည်နယ်(၈)ခုတို့တွင် အချိန်အခါမဟုတ် မိုးကြီးမည်
မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်အချို့တွင်မတ်လ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ အချိန်အခါ မဟုတ် မိုးကြီးမယ်လို့ မိုး/ဇလကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။




အဆိုပါရက်ပိုင်း အတွင်းအနောက်ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်းနေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊




မကွေး၊ ကချင်၊ ရှမ်းပြည်နယ်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှနေရာကျဲကျဲမိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ယင်းကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊အချိန်အခါ မဟုတ်မိုးရွာခြင်းနှင့်အတူ




လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ဖို့ သတိပေးချက် ထုတ်ပြန်ထားတာပါ။
