မတ်လ (၂၈)ရက်နေ့အတွက်ဒေါ်လာစျေး၊စက်သုံးဆီစျေးနှုန်းများနှင့် ရွှေစျေးနှုန်းများ
၂၀၂၃ခုနှစ် မတ်လ(၂၈)ရက် အင်္ဂါနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။




ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့်ရန်ကုန် ၉၂ တစ်လီတာ ၂၁၀၅ ကျပ်၊၉၅တစ်လီတာ ၂၁၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၅၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၁၃၅ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၁၄၅ ကျပ်၊၉၅ တစ်လီတာ ၂၂၄၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၀၀ ကျပ်၊




ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၁၈၀ကျပ်နှင့်မန္တလေး ၉၂ တစ်လီတာ ၂၁၅၀ ကျပ်၊၉၅ တစ်လီတာ ၂၂၄၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၀၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၁၈၀ ကျပ်ဖြစ်ပြီး ယနေ့စက်သုံးဆီစျေး အနည်းငယ် ပြန်ကျလာပါသည်။




အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2860 ကျပ်၊ Sell – 2870 ကျပ်
စင်ကာပူဒေါ်လာ -buy 2145 ကျပ်၊ Sell -2165 ကျပ်
ဂျပန်ယန်း – buy 22 ကျပ်၊ Sell 22.40 ကျပ်
ယူရို – buy 3045 ကျပ်၊ Sell 3065 ကျပ်




ထိုင်းဘတ်ငွေ – buy 83.75 ကျပ်၊ Sell 84.40 ကျပ်
တရုတ်ယွမ် -buy 412 ကျပ်၊ Sell 418 ကျပ်
မလေးရှားရင်ဂစ် -buy 645 ကျပ်၊Sell 660 ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။
ယနေ့ ကမ္ဘာ့ရွှေစျေး မှာတစ်အောင်စလျှင် 1960 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး မတ်လ(၂၇)ရက်နေ့ညပိုင်းတွင်တစ်အောင်စလျှင် 1952 US ဒေါ်လာဖြင့်စျေးပိတ်သွားပြီး ယနေ့ကမ္ဘာ့ရွှေ အနည်းငယ် မြင့်တက်သွားကြောင်းသိရှိရပါသည်။(၅)ရက်အတွင်း ကမ္ဘာ့ရွှေစျေး ပျမ်းမျှ ဒေါ်လာ ၅၀ဝန်းကျင်ထပ်မံ၍ကျဆင်းလာပါသည်။




YGEA အသင်းမှထုတ်ပြန်သည့်ရည်ညွှန်စျေးမနက်(၁၀:၀၀)နာရီအချိန်တွင်အခေါက်ရွှေတစ်ကျပ်သား ၂၃၀၉၀၀၀/- ကျပ်ဖြင့်စျေးဖွင့်ပြီး ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ မနက်(၁၀:၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၉၃၀၀၀၀/-ကျပ်၊ဝယ်စျေး ၂၉၁၀၀၀၀/- ကျပ်နှင့်

၁၅ပဲရည် ရွှေစျေး အရောင်း၂၇၅၀၀၀၀/-ကျပ်၊ဝယ်စျေး ၂၇၀၀၀၀၀ိ/-ကျပ်ဖြင့်စျေးဖွင့်ကြောင်းသိရှိရပါသည်။မတ်လ (၂၇)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင်ရောင်းစျေး ၂၉၂၉၀၀၀/- ကျပ်၊ဝယ်စျေး ၂၉၂၄၀၀၀/- ကျပ်ဖြင့်စျေးပိတ်ပြီးအမေရိကန် တစ်ဒေါ်လာ sell 2875 ကျပ်၊ buy 2860 ကျပ်ဖြင့်စျေးကွက်ပိတ်သွားပါသည်။
အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။