နေပြည်တော်တွင် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးမည်
နေပြည်တော်ကောင်စီနယ်မြေတွင်ယခင်လိုလျှပ်စစ်ဓါတ်းအားအပြည့်ရရှိတော့မည်မဟုတ်ဘဲ အချိန်အပိုင်းအခြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။နေပြည်တော်ကောင်စီနယ်မြေမှလွဲ၍ အခြားတိုင်းနှင့်ပြည်နယ်တွင်




အလှည့်ကျစနစ်ဖြင့် ဓါတ်အားပေးနေခြင်းဖြစ်ကြောင်း၊နေပြည်တော်တွင် ယနေ့(မတ်လ ၂၃ ရက်)တွင်စတင်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။“ အလှည့်ကျစနစ်နဲ့ ဓါတ်အားပေးမယ်လို့တော့ကြားတာပဲ။အခုထိတော့ မီ း လာနေသေးတယ်။




ဘယ်အချိန်မှထပျက်မလဲမသိဘူး”ဟုနေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။(A၊B၊C၊D) ဟူ၍ အုပ်စု ၄ စုနှင့် အလှည့်ကျဓါတ်အားပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဌာနက အသိပေးကြေညာထားသည်။
အုပ်စုတစ်စုလျှင် တစ်ရက်ကျော် ၈ နာရီပုံမှန် မီးပျက်မည်ဖြစ်ပြီးတစ်ရက်ကို အုပ်စုနှစ်စုအလှည့်ကျ မီးပြတ်မည်ဖြစ်ကြောင်းသိရသည်။




နေပြည်တော်ကောင်စီနယ်မြေတွင် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးမည်

