မတ်လ (၂၃)ရက်ယနေ့ ဒေါ်လာစျေး၊စက်သုံးဆီစျေးနှုန်းနှင့် ရွှေစျေးနှုန်းများ

မတ်လ (၂၃)ရက်ယနေ့ ဒေါ်လာစျေး၊စက်သုံးဆီစျေးနှုန်းနှင့် ရွှေစျေးနှုန်းများ

၂၀၂၃ခုနှစ် မတ်လ(၂၃)ရက် ကြာသပတေးနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။

ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့်ရန်ကုန် ၉၂ တစ်လီတာ ၂၀၅၀ ကျပ်၊၉၅တစ်လီတာ ၂၁၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၇၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၁၅၀ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၀၉၅ ကျပ်၊၉၅ တစ်လီတာ ၂၁၈၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၀၅ ကျပ်၊

ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်နှင့်မန္တလေး ၉၂ တစ်လီတာ ၂၁၀၀ ကျပ်၊၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၂၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်ဖြစ်ပြီး ယနေ့စက်သုံးဆီစျေး ဓါတ်ဆီ စျေး ၁၅ ကျပ် ၊ဒီဇယ်စျေး ၇၀ ကျပ်ပြန်လည်မြင့်တက်ကြောင်းသိရှိရပါသည်။

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2868 ကျပ်၊ Sell – 2874 ကျပ်
စင်ကာပူဒေါ်လာ -buy 2145 ကျပ်၊ Sell -2158 ကျပ်
ဂျပန်ယန်း – buy 21.70 ကျပ်၊ Sell 22.50 ကျပ်
ယူရို – buy 3030 ကျပ်၊ Sell 3075 ကျပ်

ထိုင်းဘတ်ငွေ – buy 83.50 ကျပ်၊ Sell 84.30 ကျပ်
တရုတ်ယွမ် -buy 406 ကျပ်၊ Sell 415 ကျပ်
မလေးရှားရင်ဂစ် -buy 635 ကျပ်၊Sell 660 ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

ယနေ့ ကမ္ဘာ့ရွှေစျေး မှာတစ်အောင်စလျှင် 1974 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး မတ်လ(၂၂)ရက်နေ့ညပိုင်းတွင်တစ်အောင်စလျှင် 1939 US ဒေါ်လာဖြင့်စျေးပိတ်သွားပါသည်။YGEA အသင်းမှထုတ်ပြန်သည့်ရည်ညွှန်စျေးမနက်(၁၀:၀၀)နာရီအချိန်တွင်အခေါက်ရွှေတစ်ကျပ်သား ၂၃၂၅၆၀၀/- ကျပ်ဖြင့်စျေးဖွင့်ပြီး

ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ မနက်(၁၀:၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၉၃၀၀၀၀/-ကျပ်၊ဝယ်စျေး ၂၉၀၀၀၀၀/- ကျပ်နှင့်၁၅ပဲရည် ရွှေစျေး ၂၇၅၀၀၀၀/-ကျပ်ဖြင့်စျေးဖွင့်ကြောင်းသိရှိရပါသည်။

မတ်လ (၂၂)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင်ရောင်းစျေး ၂၉၂၈၀၀၀/- ကျပ်၊ဝယ်စျေး ၂၉၂၃၀၀၀/- ကျပ်ဖြင့်စျေးပိတ်ပြီးအမေရိကန် တစ်ဒေါ်လာ sell 2875 ကျပ်၊ buy 2860 ကျပ်ဖြင့်စျေးကွက်ပိတ်သွားပါသည်။

အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။

Facebook Comments Box