ကမ္ဘာ့ရွှေစျေးနှင့် ပြည်တွင်းရွှေစျေးချိတ်ဆက်မှုမရှိဟုပြောသော်လည်း ယနေ့ စျေးကွက်မှာဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေစျေးနှင့် ကမ္ဘာ့ရွှေစျေး

ကမ္ဘာ့ရွှေစျေးနှင့် ပြည်တွင်းရွှေစျေးချိတ်ဆက်မှုမရှိဟုပြောသော်လည်း ယနေ့ စျေးကွက်မှာဖြစ်ပေါ်နေသည့် ပြည်တွင်းရွှေစျေးနှင့် ကမ္ဘာ့ရွှေစျေး

ပြည်တွင်းမှာရွှေဈေး ဟာ ကမ္ဘာ့ရွှေစျေးအတက်အကျနှင့် ပတ်သတ်မှုမရှိဘူးဟုပြောသော်လည်း ယနေ့ ရွှေစျေးကွက်အရ ပြည်းတွင်းရွှေတစ်ကျပ်သားကျပ်ငါးသောင်းဝန်းကျင်ဈေးပြန်ကျသွားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ ယနေ့ထုတ်ပြန်တဲ့ဈေးနှုန်းအရသိရပါတယ်။

မတ်လ ၂၂ ရက် YGEA က ထုတ်ပြန်တဲ့ ရွှေ ရည်ညွှန်းအဖွင့်ဈေးမှ မီးလင်းရွှေတစ်ကျပ်သား ၂၂၈၅၅၀၀ ကျပ် ဖြစ်ပြီး မတ်လ ၂၁ ရက်ကဈေးထက် ကျပ်ငါးသောင်း ဝန်းကျင် ဈေးကျသွားပါတယ်။မတ်လ ၂၁ ရက် ရွှေရည်ညွှန်းအဖွင့်ဈေးက မီးလင်းရွှေ တစ်ကျပ်သား ၂၃၃၅၀၀၀ ကျပ်ဖြစ်ပါတယ်။

ယနေ့ကမ္ဘာ့ရွှေစျေး အဖွင့်တွင် တစ်အောင်စလျှင် ၁၉၃၈ ဒေါ်လာဖြင့်စျေးဖွင့်ပြီး မတ်လ(၂၁)ရက်ကစျေးထက် တစ်အောင်စကို ၄၄ ဒေါ်လာပြန်လည်စျေးကျသွားပါသည်။မတ်လ (၂၁)ရက် ကမ္ဘာ့ရွှေစျေးအဖွင့်စျေးတွင် တစ်အောင်စလျှင် ၁၉၈၂ ဒေါ်လာဖြင့်စျေးဖွင့်ကြောင်း သိရှိရပါသည်။

ပြင်ပရွှေ ဈေးနှုန်းကလည်း ရွှေ တစ်ကျပ်သားကို ကျပ်သုံးသောင်း ကျော်ဈေးပြန်ကျပြီး ၁၆ ပဲရည်တစ်ကျပ်သား ၂၉၂၀၀၀၀ ကျပ်ဝန်းကျင်မှာရှိတယ်လို့ ဈေးကွက်မှ သိရပါတယ်။ရွှေဈေးမြင့်တက်ပေမယ့် အရောင်းအဝယ်ကတော့ အေးနေဆဲဖြစ်ပြီး

လတ်တလောရွှေဈေးအရ ငွေဖော်လိုသူတွေ ပြန်ထုတ်ရောင်းတာများတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့ရွှေဈေးကွက်နှင့်မြန်မာ့ရွှေဈေးကွက် ချိတ်ဆက်မှုမရှိဟုရှင်းလင်းခဲ့ပြီး

လက်တွေ့တွင်လည်း ချိတ်ဆက်ထားခြင်းမရှိဟု ထုတ်ပြန်ချက်များ၌ရေးသားထားသည်။လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ရွှေ တင်သွင်းရောင်းချတာမျိုးမရှိလို့ ပြည်တွင်း ရွှေ ဈေးအတက်အကျပြောင်းလဲမှုကကမ္ဘာ့ရွှေဈေးနဲ့ ဆက်စပ်မှုမရှိသလို

ကမ္ဘာ့ရွှေဈေးတက်တာကိုအကြောင်းပြပြီး ဈေးကစားသူတွေကိုလည်းစုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။

Facebook Comments Box