အွန်လိုင်းမီဒီယာများမှ ရွှေဈေးနှုန်းထုတ်ပြန်နေကြခြင်းသည် တရားမဝင်ဟု ရွှေလုပ်ငန်းရှင်အသင်းမှပြော
လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများအားအကြောင်းပြု၍ကမ္ဘာ့ရွှေဈေးမြင့်တက်လျက်ရှိကာကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုကိုအကြောင်းပြု၍ မြန်မာနိုင်ငံတွင်ရွှေဈေးကစားလိုသူများက ရွှေဈေးနှုန်းမြင့်တက်လာစေရန် Online Media များမှတဆင့်ကောလဟာလထုတ်လွှင့်ခြင်း၊




လေပတ်ကားရောင်းဝယ်ခြင်းများကိုပြုလုပ်လျက်ရှိသည်ဟုထုတ်ပြန်ချက်များ၌ရေးသားထားသည်။ထို့ပြင်ရွှေဈေးကစားလိုသူများက ကမ္ဘာ့ရွှေဈေး နှုန်းနှင့်မြန်မာ့ရွှေဈေးနှုန်းအား ချိတ်ဆက်ထားသကဲ့သို့ တွက်ချက်ဖေါ်ပြနေခြင်းများလည်းရှိသည်ကိုတွေ့ရှိရသည်ဟုထုတ်ပြန်ခဲ့သည်။




ကမ္ဘာ့ရွှေစျေးနှုန်းမြင့်တက်မှုအားအကြောင်းပြု၍ မြန်မာ့ရွှေစျေးနှုန်းမြင့်တက်လာစေရန်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းနှင့်မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းတို့က မတ် ၂၁ ရက်တွင်အသီးသီးထုတ်ပြန်ခဲ့ကြသည်။




ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီအစည်းအဝေးတွင်ကမ္ဘာ့ရွှေဈေးကွက်နှင့်မြန်မာ့ရွှေဈေးကွက်ချိပ်ဆက်မှုမရှိဟုရှင်းလင်းခဲ့ပြီးလက်တွေ့တွင်လည်း ချိတ်ဆက်ထားခြင်းမရှိဟု ထုတ်ပြန်ချက်များ၌ ရေးသားထားသည်။




ထို့ကြောင့် ရွှေဈေးမြင့်တင်လိုသူများ၏ ဝါဒဖြန့်မှုကို ယုံကြည်လိုက်ပါ၍ရောင်းဝယ်ခြင်းမပြုလုပ်ရန်နှင့် Online Media များမှရွှေဈေးနှုန်းထုတ်ပြန်ဖော်ပြနေခြင်းများ၊လေပတ်ကားရောင်းဝယ်ခြင်းများသည်တရားဝင်မှုမရှိ၊ဥပဒေနှင့်ညီညွတ်မှုမရှိဟုလည်း ထုတ်ပြန်ရေးသားထားကြသည်။

ထို့ပြင် ရွှေဈေးမတည်ငြိမ်အောင်လုပ်တဲ့သူတွေကိုဖော်ထုတ်ဖမ်းဆီးအရေးမယ်ဆိုပြီးဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ရွှေဈေး တည်ငြိမ်မှုပျက်ပြားစေဖို့အတွက်ဈေးကစားသူတွေ၊ ကောလာဟလ များကို လူမှုကွန်ယက်မှာ ထုတ်လွှင့်ပြီး ရွှေဈေး မတည်ငြိမ်အောင် ဆောင်ရွက်နေသူတွေကို စုံစမ်းပြီး ဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။