ဒေါ်လာ ၃ ထရီလျံ တန်ဖိုးရှိ ဧရာမရွှေသိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် ပေါ က် .ဖော် ကြီး

ဒေါ်လာ ၃ ထရီလျံ တန်ဖိုးရှိ ဧရာမရွှေသိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် ပေါ က် .ဖော် ကြီး

တ.ရု တ်နိုင်ငံ တွင်မကြာသေးမီက ရွှေတန်ချိန် ၅၀ နီးပါးရှိနေသည့်ဧရာမရွှေသိုက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးထိုရွှေသိုက်သည်လက်ရှိပေါက်ဈေးအရ ဒေါ်လာ ၃ ထရီလျံ ခန့်တန်ကြေးရှိကြောင်းသိရသည်။

အဆိုပါရွှေသိုက်သည် တ. ရု တ်နိုင်ငံအရှေ့ပိုင်း ရှန်းဒေါင်းပြည်နယ်ရှိ ရုရှန်မြို့တွင် တည်ရှိကြောင်းပြည်နယ် သတ္တုတွင်းထွက်ပစ္စည်း အာဏာပိုင်က ဖော်ပြထားသည်။သိုက်ဧရိယာမှာကျယ်ဝန်းပြီး အထဲရှိ ရွှေရိုင်းများကိုလည်း အလွယ်တကူ တူးဖော်နိုင်ကြောင်း

ရှန်းဒေါင်း ပြည်နယ်ဘူမိဗေဒနှင့် သတ္တုအရင်းအမြစ်ဌာနက ပြောထားသည်။ရွှေရှာဖွေသူများသည် အဆိုပါသိုက်ကို ရှာတွေ့ရန်အတွက် မီတာ ၁၄၀၀ အနက်ရှိသော တွင်းပေါင်း ၂၅၀ ကျော်ကို တူးဖော်ခဲ့ရသည်ဟု သတ္တုအရင်းအမြစ်ဌာနရှိ

အမှတ် ၆ ဘူမိဗေဒအဖွဲ့၏ လက်ထောက်အကြီးအကဲ ချုံးမင်းလင်းက ပြည်တွင်းမီဒီယာ တကျုန်းဒေးလီး သို့ပြောခဲ့သည်။အစိုးရ၏ ခန့်မှန်းထားချက်အရ ထိုရွှေသိုက်သည် ရွှေရိုင်းတန်ချိန် နှစ်ထောင်ကို အနည်းဆုံး အနှစ်၂၀ ခန့် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Source: CGTN

Facebook Comments Box