ပြည်ပအလုပ်အကိုင် လက်မှတ် (OWIC)လက်မှတ် နေချင်းပြီးဆောင်ရွက်ပေးမည်

ပြည်ပအလုပ်အကိုင် လက်မှတ် (OWIC)လက်မှတ် နေချင်းပြီးဆောင်ရွက်ပေးမည်

ပြည်ပကို မိမိအစီအစဉ်နဲ့သွားရောက်လုပ်ကိုင်မယ့် ကျွမ်းကျင်လုပ်သားတွေနဲ့ ခွင့်ပြန်လုပ်သားတွေအနေနဲ့ ပြည်ပအလုပ်အကိုင်လက်မှတ်(OWIC)ကို နေပြည်တော်ရုံးချုပ်သို့လျှောက်ထားဖို့ မလိုအပ်တော့ဘဲရန်ကုန်မှာတင်ယနေ့မှစတင်နေ့ချင်းပြီးဆောင်ရွက်ပေးမယ်လို့

အလုပ်သမားညွန်ကြားရေးဦးစီးဌာနက သိရပါတယ်။OWIC ကဒ်လျှောက်ထားရာမှာအရင်ကသတ်မှတ်ထားတဲ့စာရွက်စာတမ်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ မူရင်းစာရွက်စာတမ်းအထောက်အထားတွေနဲ့ အလုပ်သမားကိုယ်တိုင်မရမ်းကုန်းမြို့နယ်၊၈ မိုင်ရှိအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊

ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက်လျှောက်ထားရမှာလို့ဆိုပါတယ်။ရန်ကုန်တိုင်းအလုပ်သမားရုံးမှာ လျှောက်ထားခွင့်ပြုတာကို ယနေ့ မတ်လ ၂၀ ရက်မှာစတင်မှာဖြစ်ပါတယ်။ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပသို့သွားရောက်မယ့်သူတွေအနေနဲ့ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ကိုတော့အရင်အတိုင်း နေပြည် တော်ရုံးချုပ်ဆီတင်ပြရမယ်လို့ဆိုပါတယ်။

OWIC ကတ် ခွင့်ပြုထုတ်ပေးရာမှာပွဲစားတွေနဲ့ ဆောင်ရွက်တာကိုကာကွယ်တားဆီးဖို့နဲ့အလုပ်သမားတွေအချိန်ကုန်၊ငွေကုန်သက်သာလျော့နည်းစေဖို့အတွက်အခုလိုဆောင်ရွက်ပေးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

Facebook Comments Box