ကမ္ဘာ့ရွှေစျေး မြင့်တက်လာသလို လက်ရှိစျေးကွက်ထဲဖြစ်ပေါ်နေတဲ့ ပြည်တွင်းရွှေစျေးကွက်

ကမ္ဘာ့ရွှေစျေး မြင့်တက်လာသလို လက်ရှိစျေးကွက်ထဲဖြစ်ပေါ်နေတဲ့ ပြည်တွင်းရွှေစျေးကွက်

ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ကထုတ်ပြန်တဲ့ရွှေ ရည်ညွှန်းဈေးက မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၂၃ သိန်းကျော်သွားပြီး ပြင်ပရွှေဈေး ကျပ် ၂၉ သိန်းဝန်းကျင်ထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

“ အဝယ်လိုက်လို့ဈေးတက်တာမျိုးမဟုတ်ဘူး။ကမ္ဘာ့ရွှေဈေးတက်လို့တက်တာအမေရိကန်က ဘဏ် ၃ ဘဏ်က ဒေဝါလီခံတယ်။ဆွစ်ဇာလန်ကလည်း ၂ဘဏ် ဒေဝါလီခံတဲ့အခါစတော့ဈေးတွေကျတော့ တစ်ကမ္ဘာလုံးကရွှေဘက်ကိုအာရုံစိုက်လို့ ကမ္ဘာ့ရွှေဈေးကတက်လာတယ်။

ဒါပေမယ့်ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးနဲ့ယှဉ်ရင်သုံးသိန်းလောက်ကွာတယ်။ကမ္ဘာ့ဈေးတက်တိုင်းလည်း ဒီမှာတက်လို့မရဘူး၊အဲ့ဈေးနဲ့ဆိုဘယ်သူမှမဝယ်ကြဘူး။ဆိုင်တွေလည်းမရောင်းကြဘူး။ နောက်ပြီး ပြည်တွင်းမှာ ရွှေအထွက်များတဲ့အချိန်ဆိုတော့ အရောင်းအဝယ်ကအေးနေတယ်။

ဒါပေမယ့် နယ်ကလူတွေကတော့ ဒီဈေးတွေကြိုက်တော့ ပြန်လာရောင်းကြတယ်”လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။မတ်လ ၁၈ ရက် YGEA ကထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးက မီးလင်းရွှေ တစ်ကျပ်သားကို ၂၃၄၃၃၀၀ ကျပ် ဖြစ်ပြီးကမ္ဘာ့ရွှေဈေးကတော့တစ်အောင်စ ၁၉၈၉ ဒေါ်လာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနဲ့အတူ ပြည်တွင်းရွှေ ရည်ညွှန်းဈေးပါ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့မတ်လ ၁၀ရက်ကကျပ် ၂၁ သိန်းရှိခဲ့တဲ့ရွှေဈေးက အခု ကျပ် ၂၃ သိန်း ကျော်လာခဲ့ကာ ၈ ရက်အတွင်း ၁၉၀၀၀၀ ကျပ်နီးပါး မြင့်တက်လာခဲ့တယ်လို့ YGEA ထုတ်ပြန်တဲ့ဈေးနှုန်းအရ သိရပါတယ်။

ပြင်ပရွှေ ဈေးကလည်း ကျပ် ၂၈ သိန်းကျော်ကနေ ၂၉ သိန်းကျော်ဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဈေးကွက်မှသိရပါတယ်။

Facebook Comments Box