ပုဂံ−ညောင်ဦး ဒေသသို့ အဝေးပြေးယာဥ်လိုင်းများသင်္ကြန်တွင်းကာလမှာ ရပ်နားမည်ဖြစ်

ပုဂံ−ညောင်ဦး ဒေသသို့ အဝေးပြေးယာဥ်လိုင်းများသင်္ကြန်တွင်းကာလမှာ ရပ်နားမည်ဖြစ်

သင်္ကြန်တွင်းကာလမှာ ပုဂံ-ညောင်ဦးဒေသကိုပြေးဆွဲပေးနေတဲ့ အဝေးပြေးကားလိုင်းတွေရပ်နားမှာဖြစ်လို့ ခရီးသည်တွေအခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဒေသခံတွေထံကနေသိရှိရပါတယ်။

“အဝေးပြေးကားလိုင်းတွေကဧပြီ ၁၁ ရက်နေ့နောက်ဆုံးထားပြီးထွက်ရမယ်လို့ပြောတယ်။ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)မှပြန်ထွက်မယ်ရဆိုတော့တချို့ပုဂံကိုလာတဲ့ခရီးသွားတွေကနှစ်ညလောက်ပဲအိပ်ချင်တဲ့သူလာချင်တဲ့သူရှိတယ်လေ။

ဒါပေမဲ့သူတို့ကကားလိုင်းတွေမရှိတာ့ပုဂံမှာပဲသင်္ကြန်တွင်းလေးညအိပ်လိုက်ရတာပေါ့။နောက်တစ်ခုကြားနေရတာကသင်္ကြန်တွင်းကာလမှာကားတွေဘာတွေထုတ်နုတ်ပြီးတော့ပြေးဆွဲပေးဖို့ပလန်တော့ဆွဲနေပြီလို့လည်းပြောတယ်။ဘယ်လိုဖြစ်လာအုံးမလဲတော့မသိဘူး။

အရင်နှစ်ကတော့အဆင်ပြေတယ်၊ကားတွေဆွဲတော့အခုနှစ်လည်းအပြင်ကားတွေကတော့ရှိမယ်ထင်တယ်။ဒါပေမဲ့ကားခစျေးနှုန်းကဘယ်လောက်ဖြစ်မလဲဆိုတာကိုတာ့မသိရသေးဘူး။ကားခစျေးကတော့တက်မယ်ထင်တယ်။ခရီးသွားတွေကတော့သင်္ကြန်ဆိုပုဂံကိုအများအပြားလာကြတယ်လေ။

အဝေးပြေးကားတွေကသင်္ကြန်တွင်းမှာနှစ်တိုင်းထွက်တယ်၊ဒီနှစ်ကျမှသင်္ကြန်တွင်းနားမယ်လို့သိရတယ်။အရင်ကဆိုနှစ်ဆန်းတစ်ရက်နေ့ပဲကားမထွက်တာပါ။ကျန်တဲ့ရက်တွေအကုန်လုံးမှာကားရှိတယ်။ကားတွေအကုန်ထွက်တယ်။ဒီနှစ်ကတော့ဧပြီ ၁၁ ရက်နေ့နောက်ဆုံးထားထွက်ပြီး ၁၇ ရက်နေ့မှပြန်သွားရမယ်လို့အမိန့်ထုတ်ထားတယ်လို့လည်းကြားနေရတယ်။

နောက်တစ်ခုရှိတာကရထားလိုင်းကိုတော့သင်္ကြန်တွင်းမှာ(၈၀)ရာခိုင်နှုန်းနေ့တိုင်းဆွဲပေးဖို့ပလန်ရှိတယ်လို့ပြောတယ်။သူတို့ကရထားလိုင်းကိုဆွဲချင်လို့ကားလိုင်းတွေကိုနားခိုင်းတာလား။ဘယ်လိုလဲတော့မသိဘူးပေါ့၊ခရီးသွားExpress တွေနဲ့လာမယ့်သူတွေက တစ်နေ့တည်းတူတူလာ၊ပြန်တော့လည်းတစ်ရက်တည်းတူတူပြန်အဲ့လိုသဘောဖြစ်သွားတာပေါ့”လို့

ပုဂံ-ညောင်ဦး ဒေသခံတစ်ဦးကပြောပြခဲ့ပါတယ်။ပုဂံ-ညောင်ဦးဒေသသို့ပြေးဆွဲနေတဲ့အဝေးပြေးကားလိုင်းတွေဟာသင်္ကြန်တွင်းကာလဖြစ်တဲ့ ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိပြေးဆွဲခြင်းတွေကိုရပ်နားဖို့သက်ဆိုင်ရာကနေညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်တယ်လို့လည်းဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကပြောပြပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေပြေးဆွဲတာကို သင်္ကြန်တွင်းမှာရပ်နားထားပေမယ့် သင်္ကြန်တွင်းကာလမှာခရီးသည်တွေသွားလာရေးအဆင်ပြေစေဖို့ မီးရထား ခရီးစဉ်တွေကိုတိုးချဲ့ပြေးဆွဲပေးသွားဖို့ကိုလည်းစီစဉ်နေတယ်လို့ ပုဂံ-ညောင်ဦးဒေသခံတွေက ပြောပြလာပါတယ်။

ပုဂံ-ညောင်ဦးဒေသဟာ သင်္ကြန်တွင်းကာလဆိုပါက ပြည်တွင်း၊ပြည်ပခရီးသွားတွေအများအပြားလာရောက်ကြတဲ့ခရီးသွားဒေသတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။

Facebook Comments Box