မတ် ၁၉ ရက်တွင် ယာယီလျှပ်စစ်ဓါတ်အားပြတ်မည့် မြို့နယ်များ
ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ် ၃ မြို့နယ်၌ မတ် ၁၉ ရက်တွင်လျှပ်စစ်ဓါတ်အားယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း(YESC)ကအသိပေးထားသည်။




YESC မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ 230kV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံတွင် 66kV ဧရာဝဏ်ဖီဒါ (၁)၏ Bus A D/S အထွက်ကြိုး (R Phase) တွင် ကြိုးလွန်းဖွာနေခြင်းနှင့်ကြိုးပြတ်နေခြင်းတို့ကြောင့် ကြိုးအသစ်လဲလှယ်သွားမည်ဖြစ်သည်။




ကြိုးအသစ်လဲလှယ်ခြင်းအား မတ် ၁၉ ရက်နေ့လည် ၁ နာရီမှ ၃ နာရီအထိပြုလုပ်သွားမည်ဖြစ်ရာ ယင်းအချိန်များ၌ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့၏ နေရာအချို့တွင်လျှပ်စစ်ဓါတ်အားယာယီပြတ်တောက်မည်ဟု YESC ကအသိပေးခဲ့သည်။




ဒဂုံမြို့သစ် ၃ မြို့နယ်ရှိနေရာအချို့တွင်လျှပ်စစ်ဓါတ်အားယာယီပြတ်တောက်မည်ဖြစ်သော်လည်း အရေးကြီးနေရာများ၌ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမရှိစေရန် အလေးထား ဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။
