အရောင်အမျိုးမျိုး ပြောင်းလဲစွာ ထွက်ပေါ်လာတက်သည့် လ၏ အရောင်များနှင့်နှင့် အကြောင်းအရာများ
ပန်းရောင်လ (သို့မဟုတ်) အပြာရောင်လနဲ့ အချို့သောကိစ္စတွေမှာဆိုရင်လအနီနဲ့ လအပြာတို့အကြောင်း သတင်းတွေနဲ့ မီဒီယာတွေမှာ နှစ်တိုင်းနီးပါးလောက် ကြားသိဖူးကြမယ်လို့ ထင်ပါတယ်။တကယ်တမ်းမှာ လဟာ အရောင်မပြောင်းနိုင်ကြောင်းနဲ့လကိုပုံမှန်မြင်နေကျပုံစံမီးခိုးရောင်/အဖြူရောင်ကနေဘာလို့အရောင်ကွဲထွက်သွားလဲဆိုတဲ့ အကြောင်းရင်းတွေကို




ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးလိုက်ရပါတယ်။လဟာ ဘယ်လိုမျိုး အကြောင်းအရာမျိုးကြောင်းရောင်စုံ တောက်ပနေပုံရတာလဲဆိုတဲ့အကြောင်းရင်းအမျိုးမျိုးကိုစူးစမ်းကြည့်ဖို့ဆိုရင်ဦးစွာအနေနဲ့ လရဲ့ အခြေခံအရောင်တွေဟာ အပြာရောင်၊ ပန်းရောင်၊ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့ ရှိကြတယ်ဆိုတာအရင်သိထားရပါမယ်။




အပြာရောင်လ
အနောက်တိုင်းမှာတော့ ဒုတိယတွေရဲ့ လပြည့်ဟာ အပြာရောင်လလို့ လူတော်တော်များများက ယုံကြည်ကြပါတယ်။ သိပ္ပံနည်းအရဆိုရင်တော့ အပြာရောင်လဟာ မီးတောင်ပေါက်ကွဲမှု သို့မဟုတ် တောမီးလောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

ပြန့်ကျဲနေသော အမှုန်အမွှားများဟာ အပြာရောင်nအလင်းတန်းများအဖြစ်နဲ့ ဖြတ်သန်းသွားလာနေ့ပြီး လရဲ့ ပုံမှန်ရောင်စဉ်က အလင်းတချို့ကို ပိတ်ဆို့ထားရာမှ အပြာရောင်လ ဖြစ်ပေါ်လာပါတယ်။၁၈၃၃ ခုနှစ်က Krakatoa မီးတောင်ပေါက်ကွဲမှုမှ နောက်ဆုံး အပြာရောင်လ ဖြစ်ပေါ်လာခဲ့ပြီး ၂ နှစ်ကြာအထိ လကို အပြာရောင်သန်းစေခဲ့ပါတယ်။
ပန်းရောင် လ

တစ်ခါတစ်ရံ နေရောင်က လကိုရောင်ပြန်ဟပ်လာတဲ့အခါမှာ ကွဲပြားသောအရောင်တစ်ခု ပေါ်ပေါက်လာနိုင်ပြီး ထိုအရောင်ဟာ အချို့သူတွအတွက် ပန်းရောင်ဖြစ်လာနိုင်ပါတယ်။အနောက်နိုင်ငံတွေမှာ ဧပြီလရဲ့ လပြည့်ဟာ ပန်းရောင်လအဖြစ် ပေါ်လာတတ်ပြီး မြောက်အမေရိကရှိ Phlox ပန်းပွင့်ရဲ့ ပုံပန်းသဏ္ဍာန်မှ ပန်းရောင်လလို့ အမည်တွင်စေခဲ့ကြောင်းလည်း သိရပါတယ်။
အနီရောင် လ

လကြတ်ချိန်မှာ ကမ္ဘာဟာ နေနဲ့ လ အကြား ရွေ့လျားသွားပြီး လရဲ့ အလင်းရောင်ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါ လရဲ့မျက်နှာပြင်ဟာ လုံးဝ မှောင်နေမယ့်အစား နီမြန်းရောင် သမ်းလာပါတယ်။
လေထုဟာ မတူညီသော ဓာတ်ငွေ့များ၊ ရေစက်များနဲ့ ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားတာကြောင့် နေရောင်ခြည်က ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာတဲ့အခါ အလင်းရဲ့ လှိုင်းအလျားထက် သေးငယ်သော အမှုန်အမွှားများကို ဖြန့်ကျက်လိုက်ပါတယ်။အဲဒီအခါ လေရဲ့ မော်လီကျူးများမှ အလင်းများ လွင့်ထွက်ခြင်းကို ဖြစ်ပေါ်စေပြီး လွင့်ထွက်လာတဲ့ အရောင်များဟာလည်း အနီရောင်နဲ့ လိမ္မော်ရောင်တို့ကဲ့သို့ အရောင်များကို ဖြစ်ပေါ်စေပါတယ်။




ဒီအလင်းရောင်ဟာ လရဲ့ မျက်နှာပြင်သို့ ကျရောက်လာချိန်မှာလကြတ်ခြင်းလို့ကျော်ကြားတဲ့ နီညိုရောင် လိမ္မော်ရောင်တောက်ပမှုကို ပေးစွမ်းပါတယ်။ကမ္ဘာ့လေထု အခြေအနေပေါ် မူတည်၍ လကြတ်ချိန်မှာ အနီရောင်၊ လိမ္မော်ရောင် သို့မဟုတ် ရွှေရောင်အဆင်းအမျိုးမျိုးကို မြင်တွေ့နိုင်ပါတယ်။
အဝါရောင် လ
အဝါရောင်လဟာ အနောက်တိုင်းမှာတော့ ဇွန်လရဲ့ လပြည့်နေ့ကို ရည်စူးပြီး ပျားရည်လလို့လည်း ခေါ်တွင်ပါတယ်။ တစ်နှစ်ပတ်လုံးရဲ့ လပြည့်နေ့nဖြစ်တာကြောင့် ညလုံးပေါက် အဝါရောင် တောက်ပနိုင်ခြေ အရှိဆုံး ဖြစ်ပါတယ်။

ဇွန်လမှာ မြောက်ကမ္ဘာခြမ်းရှိ ကောင်းကင်က နေဟာ အမြင့်ဆုံး အကွာအဝေးကို ရောက်ရှိနေတာကြောင့် ကောင်းကင်ယံမှာ လကိုအနိမ့်ဆုံးအနေအထားနဲ့ မြင်တွေ့ရရတ်ပါတယ်။လဟာ ကောင်းကင်မှာနိမ့်နေတဲ့အခါတိုင်းထူထဲသောလေထုကို ဖြတ်ပြီးမှာမြင်တွေ့ရတာကြောင့် နေဝင်ချိန်ကဲ့သို့ပင် လရဲ့အရောင်ဟာ အနီရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ပြောင်းသွားတာမျိုး ဖြစ်ပါတယ်။




လိမ္မော်ရောင် လ
လဟာ တစ်နှစ်တာရဲ့ အကြိမ်များစွာမှာ လိမ္မော်ရောင်ကို ပြသလေ့ ရှိပါတယ်။ အထူးသဖြင့် လေထုထဲမှာ ဖုန်မှုန့်များ၊ မီးခိုးများ၊ သို့မဟုတ် လေထုညစ်ညမ်းမှုများ များပြားနေချိန်မှာ လိမ္မော်ရောင်လ ဖြစ်ပေါ်ပါတယ်။
အဲဒီအမှုန်တွေ အရွယ်အစားက သင်မြင်ရမယ့် လရဲ့ အရောင်အမျိုးအစားကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဥပမာအားဖြင့် အနောက်တိုင်းက ဆောင်းရာသီမှာ နာမည်ကျော်ကြားတဲ့ Harvest Moon လဟာ အလွန်ကြီးမားပြီး လိမ္မော်ရောင် ရှိပါတယ်။

ဆောင်းဦးရာသီမှာ လယ်သမားများစွာက သူတို့ရဲ့ သီးနှံများကို ရိတ်သိမ်းကြသည်။ သီးနှံပင်များရဲ့ မြေဆီလွှာကို ဖုန်မှုန့်တွေ အများအပြားပ ဝင်ရောက် နှောင့်ယှက်သလို အမှုန်အမွှားတွေက လေထုထဲကို ပျံတက်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဆောင်းဦးရာသီမှာ လဟာ ကောင်းကင်ရဲ့ အနိမ့်ဆုံးမှာ ရှိနေပြန်ပါတယ်။ဒါကြောင့် ကောင်းကင်မှာ ဖုန်မှုန့်တွေများဘာပြီး လက မိုးကုပ်စက်ဝိုင်းနဲ့ ပိုနီးလာရင် လက ဘယ်လိုအရောင် ဖြစ်မလဲဆိုရင်တော့ အဖြေဟာ လိမ္မော်ရောင် ဖြစ်ပါတယ်။
Credit