တစ်လတိတိ အခမဲ့စီးခွင့် ရမည့် EV Taxi ကားများ
ရန်ကုန်မြို့မှာ EV လျှပ်စစ်တက္ကစီယာဉ်တွေကိုဘယ်သူမဆို အခမဲ့လာရောက်စီးနင်းနိုင်တဲ့အစီအစဉ်ကို မတ် ၁၆ ရက်ကစတင်ပြုလုပ်နေတယ်လို့ EV Myanmar Group တည်ထောင်သူဦးကျော်ကျော်ထွန်းကပြောပါတယ်။




အခုအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းပြီးတော့ ရန်ကုန်မြို့၊ လသာမြို့နယ်၊ လသာလမ်းမှာ လာရောက်စီးနင်းနိုင်တယ်လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။ EV လျှပ်စစ်ကားတွေကို စီးနင်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တာ၊ဓာတ်ဆီ ဒီဇယ်ဖိုးကို သက်သာစေတာအပြင်




စီးနင်းသူတွေကိုလည်း လုံခြုံမှု ရှိစေတယ်လို့ ဆိုပါတယ်။EV လျှပ်စစ်ကားစီးနင်းရတာ သက်တောင့်သက်သာရှိပြီး သွားလာရလည်း အဆင်ပြေတယ်လို့ EV ကား စမ်းသပ်စီးနင်းသူကိုပြည့် ကလည်းပြောပါတယ်။




လူတိုင်းအခမဲ့ စီးနင်း/မောင်းနှင်နိုင်တဲ့ EV တက္ကစီအစီအစဉ်ကိုတော့ တစ်လတိတိသတ်မှတ်ထားပြီး အခမဲ့ စီးနင်းခြင်းခွင့်ပြုချက်ယူနိုင်ဖို့အတွက်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ လိုအပ်တယ်လို့ သိရပါတယ်။
တစ္လတိတိ အခမဲ့စီးခြင့္ ရမည့္ EV Taxi ကားမ်ား
ရန္ကုန္ၿမိဳ႕မွာ EV လွ်ပ္စစ္တကၠစီယာဥ္ေတြကိုဘယ္သူမဆို အခမဲ့လာေရာက္စီးနင္းႏိုင္တဲ့အစီအစဥ္ကို မတ္ ၁၆ ရက္ကစတင္ျပဳလုပ္ေနတယ္လို႔ EV Myanmar Group တည္ေထာင္သူဦးေက်ာ္ေက်ာ္ထြန္းကေျပာပါတယ္။

အခုအစီအစဥ္မွာ ပါဝင္ႏိုင္ဖို႔အတြက္ ဝက္ဘ္ဆိုက္မွာ စာရင္းေပးသြင္းၿပီးေတာ့ ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္၊ လသာလမ္းမွာ လာေရာက္စီးနင္းႏိုင္တယ္လို႔ ဦးေက်ာ္ေက်ာ္ထြန္းကေျပာပါတယ္။ EV လွ်ပ္စစ္ကားေတြကို စီးနင္းတဲ့အတြက္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းႏိုင္တာ၊ဓာတ္ဆီ ဒီဇယ္ဖိုးကို သက္သာေစတာအျပင္
စီးနင္းသူေတြကိုလည္း လုံၿခဳံမႈ ရွိေစတယ္လို႔ ဆိုပါတယ္။EV လွ်ပ္စစ္ကားစီးနင္းရတာ သက္ေတာင့္သက္သာရွိၿပီး သြားလာရလည္း အဆင္ေျပတယ္လို႔ EV ကား စမ္းသပ္စီးနင္းသူကိုျပည့္ ကလည္းေျပာပါတယ္။
လူတိုင္းအခမဲ့ စီးနင္း/ေမာင္းႏွင္ႏိုင္တဲ့ EV တကၠစီအစီအစဥ္ကိုေတာ့ တစ္လတိတိသတ္မွတ္ထားၿပီး အခမဲ့ စီးနင္းျခင္းခြင့္ျပဳခ်က္ယူႏိုင္ဖို႔အတြက္သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိုလိုက္နာဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။