ဝိသမလောဘသားတွေကြောင့် ဆေးဘဲဥ ကြိုက်သူများ မဖြစ်မနေဖတ်ကြည့်ပါ

ဝိသမလောဘသားတွေကြောင့် ဆေးဘဲဥ ကြိုက်သူများ မဖြစ်မနေဖတ်ကြည့်ပါ

ဆေးဘဲဥကို century egg, preserved egg, hundred year egg, thousand year egg, millennium egg, ထုံးဘဲဥ, ဖီတန် ( တကယ်တော့ တရု.ပ်လို နာမည်ပါ pidan) လို့လည်းခေါ်ကြပါတယ်။ဆေးဘဲဥကို တ ရု.တ်နိုင်ငံကနေပြီး စတင်ပေါ်ပေါက်လာတာဖြစ်ပြီး ရိုးရာအားဖြင့် ဘဲဥ ၊ကြက်ဥ နဲ့ ငုံးဥတွေကို အသုံးပြုကြပါတယ်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်းပျော့ စတာတွေကို လိုအပ်သလိုထည့်ပြီး အသုံးပြုကြပါတယ်။ဖြစ်စဉ်အားဖြင့် ဘဲဥအကာဟာ စိမ်းပုတ်ရောင်မှသည်မီးခိုးရောင်၊ မီးခိုးရောင်မှသည်အညိုနက်ရောင်သို့ ပြောင်းလဲသွားပြီး ပျစ်ခဲမှုမှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ ပြောင်းလဲသွားပါတယ်။

အနံ့မှာလည်း ကန့် Sulphur နှင့် အမိုးနီးယား (ကျင်ငယ်ရေနံ့) ဘက်သို့ ပြောင်းလဲသွားပါတယ်။ PH level သည်လည်း ၉ – ၁၀ ကြား ပြောင်းလဲပြီး ပြင်းအားများသောအယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။ယနေ့ စားသုံးသူတို့ရဲ့ လိုအပ်ချက်များလားပြီး ဝယ်လိုအား တိုးလာသောကြောင့် ထုတ်လုပ်သူတို့က လအနည်းငယ်ကြာပြုလုပ်ရသော ဆေးဘဲဥဖြစ်စဉ်ကို

ရက်ပိုင်းနှင့် ပြုလုပ်နိုင်ရန် နည်းလမ်းများရှာဖွေ့လာကြပါတယ်။ Valcium Hydroxide နှင့် Sodium Varbonate ပျော်ရည်တွင်ဘဲဥကိုစိမ်ခြင်းကဆယ်ရက်အတွင်းပုံမှန်ရိုးရာနည်းဖြင့်ပြုလုပ်သော လအနည်းငယ်ကြာဆေးဘဲဥကိုပုံမှန်အရသာမပျက်ရရှိစေတာမို့အချိန်ကုန်ခံထုတ်လုပ်မှုကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဆိုးကျိူး အနေနဲ့ကတော့ Lead (ခဲ) ဓာတ်ပါဝင်မှုတွေတိုးလာတာပါဘဲ။ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် Hydroxide and Sodium ကို ဝင်ရောက်စေခြင်းကခဲဓာတ်ကိုတိုးပွားလာစေတာဖြစ်ပါတယ်။ခဲဓာတ်များခန္ဓာကိုယ်ထဲဝင်ရောက်တာများလျှင်အသက်ဆုံးရှုံးသည်ထိ ဖြစ်နိုင်ပါတယ်။Lead poisoning ခဲဆိပ်သင့်ခြင်းရဲ့ဆိုးကျိူးတွေကတော့အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောပန်းခြင်း၊

ကြွက်သားများ နာကျင်ခြင်း၊ ဝမ်းလျောခြင်း၊ ဝမ်းချူပ်ခြင်း၊ သုတ်ကောင်များ နည်းသွားခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်း၊ ဦးနှောက်မြေး ရောင်ရမ်းခြင်း၊ သွားပိုးစားခြင်း၊ သွေးပေါင်တက်ခြင်း မှသည် အသက်သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ခဲဆိပ်သင့်နေသလားဆိုတာကိုသိချင်ရင်တော့သွေးဖောက်စစ်ဆေးရင်သိနိုင်ပါတယ်။

သွေးထဲမှာ ခဲဓာတ်ပါဝင်မှု ၁၀ မိုက်ခရိုဂရမ်ပါ ဒက်ဆီလီတာထက်ကျော်နေပြီဆိုရင်တော့ ခဲဓာတ် အဆိပ်မသင့်သေးသည့်တိုင်အောင်ခဲဓာတ်များနေပြီလို့သတ်မှတ်ပါတယ်။ဗဟုသုတ အနေနဲ့ မျှဝေချင်တာလေးကတော့ခဲဆိပ်သင့်ခြင်းဟာအစားအသောက်တခုတည်းကနေသင့်နိုင်တာမဟုတ်ပါဘူး။

ခဲနဲ့ ထိတွေ့သော သူများအားလုံး ရနိုင်တာဖြစ်ပြီး၊ ခုရေးသားသော အကြောင်းအရာလေးကတော့ လူအများစု သတိမထားနိုင်သော အကြောင်းအရာလေးတခုကိုသာ ဖော်ပြခြင်း ဖြစ်ပါတယ်။အိမ်သုတ်ဆေး ကိုင်သူ၊ဘထ္ထရီအိုးပြင်သူ၊ခဲဂဟေတို့သူ၊

ဓာတ်ရောင်ခြည်ကာကွယ်သောခဲအင်္ကျီဝတ်သူ မာကျူရီနှင့် ခဲဓာတ်ပါသော ဓာတ်ခဲထုတ်လုပ်သော နေရာတွင် အလုပ်လုပ်သူ၊ ခဲကျည်ဆန်ကိုင်သူစသော ခဲနှင် ထိတွေ့သူတွေမှာ ခဲဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။အသိပညာ ဗဟုသုတများခြင်းသည် မင်္ဂလာတပါးပဲ။

Facebook Comments Box