လျှပ်စစ်ကားများ ရန်ကုန်လိုင်စင်လျှောက်ထားမည့်ကိစ္စနှင့်ပတ်သတ်ပြီး စလစ်စျေးများမြင့်တက်သွား
လျှပ်စစ်ကားတွေ ရန်ကုန်တိုင်းလိုင်စင်နဲ့မှတ်ပုံတင်မယ်ဆိုရင်ရန်ကုန်လိုင်စင်နဲ့ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်တယ်လို့ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကမနေ့ကမတ်လ ၁၄ ရက်နေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။




ဒါကြောင့်လက်ရှိမှာရန်ကုန်လိုင်စင်ယာဉ်အိုယာဉ်ဟောင်းအပ်နှံ စလစ်စျေးက ချက်ခြင်းမြင့်တက်သွားကြောင်း၊ကားဝယ်ရောင်းလုပ်ကိုင်တဲ့လုပ်ငန်းကြီးတွေဆိုရင်စလစ်တွေကိုဝယ်ယူစုဆောင်းတာတွေလုပ်နေကြတယ်လို့ ကားဝယ်ရောင်းလုပ်သူတွေဆီကသိရပါတယ်။




“ရန်ကုန်လိုင်စင်လိုချင်ရင် စလစ်ကပ်ရမှာပါ၊စလစ်မရှိရင်တော့ဝယ်ကပ်ရမှာပါ၊ အကွက်မြင်တဲ့ဝယ်ရောင်းကြီးတွေကစလစ်တွေဝယ်စုနေပြီ၊ကားမှန်သမျှ ယာဥ်အိုဟောင်းအပ်နှံခွင့်ရတဲ့ရန်ကုန်လိုင်စင်ကားကို အရည်ကြိုအပ်ရင်ရန်ကုန်စလစ်ရပါတယ်၊




နယ်လိုင်စင်ဆိုရင် မရဘူး။စလစ်စျေးကမြောက်သွားတယ်၊အရင်က ၁၁၀ ပေါ့၊အခုကတော့ ခေါ်စျေးဖြစ်သွားမယ်၊တချို့ကရန်ကုန်လိုင်စင်ကိုမှကြိုက်လို့ကို လုပ်ကြတာ။နယ်လိုင်စင်ပဲလုပ်လည်း ရတယ် ” လို့ ရန်ကုန်က ကားဝယ်ရောင်းလုပ်သူတဦးကပြောပါတယ်။




လက်ရှိမှာ ရန်ကုန်လိုင်စင်စလစ်ကလည်း ရှားပါးနေတာကြောင့် ရန်ကုန် စလစ်စျေးမြင့်တက်သလို ရန်ကုန်လိုင်စင်နဲ့ ယာဥ်အိုယာဥ်ဟောင်းစျေးတွေလည်းမြင့်တက်လာနိုင်ကြောင်း၊ စလစ်စျေးမြင့်တက်မှုနဲ့အတူ လျှပ်စစ်ကားစျေးနူန်းတွေလည်း မြင့်တက်လာမှာဖြစ်တယ်လို့ ပြောပါတယ်။




“မူဝါဒအရဆို အမှန်ပဲပေါ့။နယ်လိုင်စင်နဲ့ထုတ်ပေးတယ်။ရန်ကုန်လိုင်စင်လိုချင်ရင်စလစ်ဝယ်ကပ်ရတယ်။သူက ဒိုင်နာတို့ဟိုက်လတ်တို့ဆိုလည်းလူစီးလိုင်စင်မပေးဘူး။ စလစ်ဖိုးပါပေါင်းရင်ကားစျေးက ပိုပြီးမြောက်သွားမယ်။အခုကတော့ ရန်ကုန်လိုင်စင်အပ်ကားက ရှားတယ်၊




စလစ်ကလည်းရှားတယ်ဆိုတော့စျေးကမြောက်သွားလိမ့်မယ်၊အကို့အလိုဆိုရင်တော့ နယ်လိုင်စင်ပဲယူမှာ၊ဒါပေမယ့်တချို့ကျလည်းရန်ကုန်လိုင်စင်ကြိုက်ကိုကြိုက်တဲ့သူဆိုတာရှိတယ်၊တချို့ showroomက စလစ်ကိုင်ထားတာလည်းရှိတယ်၊သူတို့သတ်မှတ်စျေးပေါ့။” လို့ ကားဝယ်ရောင်းလုပ်သူနောက်ထပ်တဦးကပြောပြပါတယ်။
ရန်ကုန်စလစ်လိုချင်သူတွေအနေနဲ့ သက်တမ်း၂၀ ရှိတဲ့ယာဥ်အိုယာဥ်ဟောင်းတွေ၊ မီးလောင်ထားတဲ့ကားတွေ၊ယာဥ်တိုက်မှုဖြစ်ထားတဲ့ကားတွေကို ရှာဖွေဝယ်ယူပြီးအရည်ကြိုအပ်ကာရန်ကုန်စလစ်ရယူနိုင်တယ်လို့လည်းသိရပါတယ်။

လက်ရှိမှာ လျှပ်စစ်ကားတန်ဖိုးကသိန်း၇၀၀ ဝန်းကျင်ရှိပြီး ရန်ကုန်လိုင်စင်စလစ်စျေးနဲ့တခြားကုန်ကျစရိတ်ပေါင်းပါကကားစျေးဟာသိန်း ၁၀၀၀ ကျော်အထိလည်း စျေးနူန်းမြင့်တက်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကတော့ လျှပ်စစ်ကားတွေကို တည်ဆဲဥပဒေ၊နည်းဥပဒေ၊ရုံးအမိန့်၊ညွှန်ကြားချက်၊

လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကနဦးမှတ်ပုံတင်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။လက်ရှိမှာတော့ ပြည်တွင်းကို လျှပ်စစ်ကားအစီးရေ ၁၆၀ ကျော် တင်သွင်းထားပြီး Charging Station တခုကို နေပြည်တော် သပြေကုန်းစျေးမှာ မတ်လ၄ရက်နေ့ကဖွင့်လှစ်ထားတာဖြစ်ပါတယ်။