အမေရိကန် ဘဏ်ပြိုလဲခြင်းမှာ မြန်မာနိုင်ငံစီးပွားရေးအပေါ်ရိုက်ခတ်မှုရှိနိုင်သလားဆိုတာ

အမေရိကန် ဘဏ်ပြိုလဲခြင်းမှာ မြန်မာနိုင်ငံစီးပွားရေးအပေါ်ရိုက်ခတ်မှုရှိနိုင်သလားဆိုတာ

အ​မေရိကတွင်ဘဏ်၂ခုပြိုလဲသည့်အ​​ပေါ်သက်​ရောက်မူကဘယ်သူ​တွေခံစားရနိုင်လဲ၊မြန်မာကကော ဘယ်​လောက် ရိုက်ခတ်ခံရနိုင်လဲစိတ်ဝင်စား​နေကြသည့်အတွသိရှိရလာသည့်အ​ဖြေအချို့အားစုစည်း​ဖော်ပြလိုက်ပါသည်။​

ဖြေဆို​ပေးသူများ၏ရူ့​​ထောင့်မတူကြသည့်အ​လျောက်အ​ဖြေ​များကကွဲပြားလျက်ရှိ​နေဆဲဖြစ်သည်။”ပြည်တွင်းမှာ USD အဝင်ကအကန့်အသတ်ဖြစ်​နေတယ်၊ USD reserved က ​တောင့်တင်း တဲ့အ​နေထားရှိမရှိအတိအကျမသိရဘူး။ ဗဟိုဘဏ် ကလည်း USD ထုတ်​ရောင်းပြီးပေါက်​စျေးကို မလွှမ်းမိုးနိုင်​သေးဘူး။

Dem​and အရ ​ရွှေကပထမ၊​ဒေါ်လာကဒုတိယ​နေရာကမကျ​သေးဘူး။အစားထိုးစျေးကစားရတဲ့ ​မြေနဲ့ကားကခရီးမ​ပေါက်​သလိုဖြစ်​နေတယ်။မြန်မာကျပ် များများကိုင်တဲ့ အ​လေ့အထ ​လျော့ကျ​နေ​သေးလို့၊ ​ဒေါ်လာထိုးကျမယ့်အ​နေအထားမြန်မာပြည်မှာ ​တွေ့ရဖို့ ဖြစ်တန်​ခြေနည်းပါးတယ်လို့ မြင်ပါတယ်”ဟု သု​တေသနသမားတစ်ဦးကသူ၏ယူဆချက်ကိုရှင်းပြသည်။

ကုန်သည်ကြီးတစ်ဦးက “အခုအကြပ်အတည်းမှာဒေါ်လာအားပျော့သွားနိုင်ဖွယ်ရှိပြီး၊ရွှေစျေးအခိုက်တန့်မြင့်လာမည့်အခြေအနေဖြစ်မယ်လို့ထင်တယ်။ ပို့ကုန်တင်ပို့မှုအားကောင်းတဲ့ကာလလည်းဖြစ်လို့ မြန်မာငွေအပေါ်သက်ရောက်မှုအနေနဲ့​တော့ဒေါ်လာနှင့်လဲလှယ်ရာမှာကျပ်တန်ဖိုးပိုခိုင်မာလာမည့်အလားအလာလို့သုံးသပ်မိပါတယ်”ဟုဆိုသည်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက​တော့”မြန်မာနိုင်ငံအတွက်အကျိုးသက်ရောက်မှုသိပ်မရှိသေးဘူးလို့ ထင်ပါတယ်၊ဒါပေမယ့်ကမ္ဘာ့စီးပွားရေးကျဆင်းမှုကစလာ​နေပါပြီ။နေရာတိုင်းမှာ ရှယ်ယာဈေးတွေ ကျနေပါတယ်။သတိ​တော့ထား​နေရမှာပါ” ဟု၄င်း၏ရူ့​ထောင့်ကို​ပြောပြခဲ့သည်။

ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက”ပထမဘဏ် SVB ကနည်းပညာထောက်ပံ့တဲ့ဘဏ်မို့အိန္ဒိယနည်းပညာကုမ္မဏီ​တွေကသက်ရောက်မူရှိနိုင်သလို၊ဂျာမနီ နည်းပညာကုမ္မဏီ​တွေလည်းထိနိုင်တယ်။ခုဆိုအိန္ဒိယမှာ အရေးပေါ်အစည်းအဝေးတွေခေါ်နေပြီ။ဒုတိယဘဏ်ကျ​တော့နယူး​ယောက်ကစီးပွားရေးဘဏ်​ပေါ့။

Federal Reserve ဗဟိုဘဏ်က သူတို့ဘဏ်​တွေရဲ့စည်းကမ်းထိမ်းသိမ်း​ရေးဆိုပေမယ့် ခုသူကဝင်ရောက်မစွက်ဖက်ဘဲ ဒေသအစိုးရကဝင်ကိုင်တွယ်တာတွေ့ရတယ်။SVB ဘဏ်ကိုပြန်ဖွင့်ခိုင်းတာမျိုးပေါ့။မြန်မာပြည်နဲ့အမေရိကန်ဘဏ်တွေနဲ့ တိုက်ရိုက်အဆက်အဆံမရှိဘူး။အဆက်အဆံမရှိတဲ့အတွက် တိုက်ရိုက်သက်ရောက်မှုအနေနဲ့ မြန်မာပြည်မှာဘာမှထူးထူးခြားခြားမဖြစ်နိုင်ဘူး။

မြန်မာနိုင်ငံကအ​မေရိကန်ရဲ့ဆန်ရှင်နိုင်ငံ​တွေထဲကနံပါတ်၆​လောက်ဖြစ်နေတယ်။အမေရိကန်နဲ့လည်း တိုက်ရိုက်စီးပွားကူးသန်းတာမရှိဘူး။ဒါ့ကြောင့်ဒါနဲ့ပတ်သတ်ပြီး ထိခိုက်မှုမရှိနိုင်ပါဘူး။မြန်မာနိုင်ငံနဲ့တိုက်ရိုက်ကြီးမပတ်သက်​ပေမယ့် အိန္ဒိယကို​တော့ဂယက်ရိုက်လိမ့်မယ်။

ဒါတဦးထဲကိုယ်ပိုင်အမြင်ကိုပဲ​ပြောပြတာပါ။”ဒေါ်လာ​စျေးမကျ နိုင်​လောက်ဘူး။အ​မေရိကဘဏ်​တွေရဲ့ ပိုင်ဆိုင်မူAssessts က ပိုများနေလို့ဟုယူဆသူ​တွေရှိသလိုဆန့်ကျင်ဖက်သုံးသပ်သူများက”​ဒေါ်လာဈေးကျနိုင်သလို၊အ​ပေါင်ဆုံးတွေများမှာမို့ အ​မေရိကမှာ အိမ်ခြံမြေဈေးကျနိုင်တယ်။Deposit အပ်​ငွေသမားတွေ ပြန်အမ်းတဲ့အခါ ​ငွေကိုအမ်းရမှာ၊

ဒီအချိန် သူ့ Assesstsကလဲဗိုက်နာဈေးပဲရမယ်ထင်တယ်၊အစိုးရအာမခံ FDIC ကသူ့ကိုဘယ်လောက် back up လုပ်ပေးမှာလဲဆိုတာပေါ်တော့ မူတည်တာပေါ့”ဟု​ဆွေး​နွေးကြသည်။အ​မေရိကတွင်​နေထိုင်သူတစ်ဦးက”ဒီမှာငွေကြေးဖောင်းပွလွန်းနေတာကအရှိတရားပါပဲ၊မရှိမဖြစ်သုံးတဲ့ပစ္စည်း၊အစားအသောက်က ဈေးကြီးတော့ ထိတော့ထိနိုင်တယ်၊

ဒါပေမယ့်ဆင်ပိန်ကျွဲပါ၊ဆက်သွားနိုင်မှာပါ၊မြန်မာနဲ့မဆိုင်​လောက်ပေမယ့်ကိုယ့်လူမျိုး​တွေကညောင်ဦးကမ်းပါးပြိုတာကို စမ္ပာနဂိုရ် နွားမပေါင်ကျိုးတာနဲ့ချိတ်ဆက်နိုင်ကြတော့ ဒေါ်လာဆွဲတင်ချင်သူတွေလဲရှိနိုင်ပါတယ်”ဟု​ပြောသည်။

Facebook Comments Box