ကမ္ဘာ့ရွှေစျေး အတက်ကြမ်းသလို ပြည်တွင်းရွှေစျေးပါအတက်ကြမ်းနေသည့် ယနေ့စျေးကွက်အခြေအနေ

ကမ္ဘာ့ရွှေစျေး အတက်ကြမ်းသလို ပြည်တွင်းရွှေစျေးပါအတက်ကြမ်းနေသည့် ယနေ့စျေးကွက်အခြေအနေ

ကမ္ဘာ့ရွှေဈေးအတက်မှာပြည်တွင်းရွှေဈေးပါရက်ပိုင်းအတွင်းတစ်ကျပ်သားကျပ် ၉၀၀၀၀ ကျော်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ယနေ့ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးအရသိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ဘဏ်ကြီးတွေပြိုလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ရွှေဈေးပြောင်းလဲမှုဟာ မြန်မာ့ရွှေဈေးအပေါ်မှာလည်း ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးမတ်လ ၁၀ ရက် ပြည်တွင်းရွှေရည်ညွှန်းဈေး မီးလင်းရွှေတစ်ကျပ်သား ၂၁၅၃၆၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပေမယ့်

ကျပ် ၉၀၇၀၀ မြင့်တက်ခဲ့ပြီး ယနေ့ မတ်လ ၁၄ ရက်နေ့ ရွှေအဖွင့်ဈေး ၂၂၄၃၆၀၀ ကျပ်ထိ မြင့်တက်လာတယ်လို့ YGEA ကထုတ်ပြန်ထားပါတယ်။ပြည်တွင်းရွှေရည်ညွှန်းဈေးဟာ လေးရက်အတွင်း ကျပ် ၉၀၀၀၀ ကျော် မြင့်တက်လာတာဖြစ်ပြီးဈေးကွက်ထဲမှာတော့ ရွှေထည်အရောင်းအဝယ်အေးတယ်လို့ရွှေလုပ်ငန်းရှင်တွေဆီကသိရပါတယ်။

ပြင်ပရွှေဈေးကတော့ မနေ့ကဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈၇၀၀၀၀ ကျော်မှာရှိခဲ့ပြီး ရက်ပိုင်းအတွင်းကျပ်သုံးသောင်းကျော်ကနေလေးသောင်းဝန်းကျင်လောက် မြင့်တက်လာတယ်လို့ ဈေးကွက်သတင်းတွေအရသိရပါတယ်။

ယနေ့ ပြင်ပရွှေစျေးကတော့ မနက်ပိုင်းတွင် ကျပ်၂၈သိန်း ၈သောင်းခွဲဖြင့် စျေးစဖွင့်ပြီး ညနေအပိတ်စျေးတွင်ကျပ် ၂၈သိန်း ၈သောင်းကျပ်ဖြင့်စျေးပိတ်သွားကြောင်း စျေးကွက်မှသိရပါသည်။အမေရိကန်နိုင်ငံရဲ့ဘဏ်ကြီးတစ်ခုဖြစ်တဲ့ Silicon Valley Bank ကပြီးခဲ့တဲ့ သောကြာနေ့ မတ်လ ၁၀ ရက်နေ့က ပြိုလဲခဲ့ပြီး၊

နောက်ထပ် ၂ ရက်အကြာမှာ Signature Bank ပါပြိုလဲခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးတွေကတက်လာခဲ့ပါတယ်။ကမ္ဘာ့ရွှေဈေးအပြောင်းအလဲမှာ မတ်လ ၁၀ ရက်က တစ်အောင်စကို ၁၈၂၈ ဒေါ်လာနဲ့ဈေးဖွင့်ခဲ့ပြီး ယနေ့မတ်လ ၁၄ ရက်မှာတော့ တစ်အောင်စကို ၁၉၀၅ ဒေါ်လာထိရောက်ရှိကာလေးရက်အတွင်းဒေါ်လာ ၇၀ ကျော် မြင့်တက်လာခဲ့တာဖြစ်တယ်လို့YGEA ထုတ်ပြန်ချက်အရသိရပါတယ်၊၊

Facebook Comments Box