ပန်းဆိုးတန်းနဲ့အလုံမြို့နယ်စံပယ်လမ်းထိပ်ကြားရှိ လမ်းအား ခေတ္တ ယာယီပိတ်ထားမည်ဖြစ်
ဒလတံတားစီမံ ကိန်းရဲ့လုပ်ငန်းခွင်အခြေအနေတွေဖြစ်တဲ့သံမဏိယက်မများတပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ်အား ာယီပိတ်သွားမှာဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးထုတ်ပြန်ထားလိုက်ပါတယ်။




မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းရဲ့ဆင်ခြေလျှောတံတားများဖြစ်တဲ့ Ramp A နဲ့ Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမယ့်သံမဏိယက်မများတပ်ဆင်ချိန်မှာလုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက်ကမ်းနားလမ်းသစ်ရဲ့ ပန်းဆိုးတန်းလမ်းနဲ့အလုံမြို့နယ်ရှိ




စံပယ်လမ်းထိပ်ကြားအပိုင်းအား ဖြတ်သန်းသွားလာခွင့်ယာ ယီပိတ်ထားမယ်လို့ဆိုပါတယ်။လုပ်ငန်းဆောင်ရွက်မယ့် မတ် ၁၈ ရက်၊ ၁၉ ရက်၊ မတ် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နဲ့ ၂၇ ရက်တို့တွင် ဖြစ်သန်းသွားလာခွင့်ကို ၆ရက်ကြာယာယီပိတ်ထားမှာဖြစ်ပြီး




ထိုရက်များဟာပိတ်ရက်များဖြစ်ပေမယ့်ကားလမ်းကြောင်းသတိပြုရွေးချယ်ကြဖို့လိုအပ်မှာဖြစ်ကြောင်းသိရပါတယ်။ထို့ကြောင့် ယာယီလမ်းပိတ်ကာလုပ်ငန်းဆောင် ရွက်တဲ့နေ့များမှာ ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်ဖို့ရှိနေတဲ့ ကုန်သေတ္တာကားများ၊ကုန်တင်ကားများအနေနဲ့ ကမ်းနားလမ်းကိုအသုံးပြုကာ ဝင်/ထွက်သွားလာကြရန် အသိပေးထုတ်ပြန်ထားပါတယ်။
